သူဌေးကြီး ဦးချစ်ခိုင် က ကိုဗစ် ကာကွယ်ဆေးဝ ယ် ဖို့ သိန်းနှစ်သောင်း လှူဒါန်း လိုက်ပြီ

Posted on

မြန်မာ့စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်တဲ့ ဦးချစ်ခိုင်က မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးတွေ ဝယ်ယူနိုင်ဖို့အတွက် သူ့မွေးနေ့အထိမ်းအမှတ်အဖြစ် အမေရိကန်ဒေါ်လာတစ်သန်းခွဲ ထည့်ဝင်လှူဒါန်းမယ်လို့ သူ့ဖေ့စ်ဘုတ်ခ်စာမျက်နှာမှာ ကြေညာခဲ့ပါတယ်။

(၅-၁-၂၀၂၁) မှာ ဦးချစ်ခိုင်က သူ့ရဲ့မွေးနေ့အလှူအဖြစ် ကိုဗစ်ကာကွယ်ဆေးဝယ်ဖို့ အမေရိကန်ဒေါ်လာ ၁.၅ သန်း လှူဒါန်းလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဒီကနေ့ ညပိုင်းမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ ကိုဗစ် ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ တစ်ရပ်တည်ထောင်လိုက်တဲ့ အကြောင်းသတင်းထုတ်ပြန် ခဲ့ပါတယ်။ (ဓန)

ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ နိုင်ငံတော်မှရန်ပုံငွေမတည်ပြီး ပြည်သူတွေမှလည်း တတ်အားသရွေ့ ပါဝင် ကူညီနိုင်ကြပါတယ်။

မနေ့က ဧဒင်အုပ်စု၊ မြန်မာရှေ့ဆောင်ဘဏ်၊ Denko၊ Gold Delta ဥက္ကဋ္ဌကြီး ဦးချစ်ခိုင်မှ မွေးနေ့ဒါနအလှူအဖြစ် ကိုဗစ်ကာကွယ်ဆေးဝယ်ယူရေးအတွက် အမေရိကန်ဒေါ်လာ ၁.၅ သန်းကို ပထမဦးဆုံးအဖြစ်စတင်လှူဒါန်းတဲ့အတွက်အလွန်ပဲပီတိဖြစ်ကာ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်။

ကိုဗစ်အတွက် ရှေ့တမ်းကနေ အမြဲတမ်း ဆောင်ရွက်နေတဲ့ ဦးဇော်ဇော်ကလည်း ကာကွယ်ဆေးအတွက် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောကြားသွားတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

မကြာခင်မှာ ကိုဗစ်အတွက် ရှေ့တန်းက လှူဒါန်းနေသူတွေဆီက ကာကွယ်ဆေးအတွက် လှူဒါန်းမှုတွေကို ထပ်ကြားရအုံးမှာပါ။

မနေ့ကပဲ နိုင်ငံတော်က အလှူငွေမတည်ပြီး ကာကွယ်ဆေးအတွက် လှူဒါန်းနိုင်တဲ့ ဘဏ်အကောင့်တွေကို ပြည်သူတွေကို အသိပေးလိုက်ပါတယ်။ အခုလို ပြည်သူကို အသိပေးလာပြီဆိုတော့ ကျနော်တို့လည်း တတ်အားသရွေ့ဝိုင်းပြီး လှူဒါန်းသွားမှာပါခင်ဗျား။

ဘာပဲပြောပြော အားလုံးဝိုင်းတွန်းတော့လည်း မြန်မြန်ရွေ့တာပေါ့။ ဒီလိုပဲဖြစ်သင့်တာပါ။ အခုလိုပြည်သူတွေဘက်ကလည်း တတပ်တအား ပါဝင်ခွင့်ပေးတာကို ကြိုဆိုပါတယ်။ (Richard Myo Thant)

Leave a Reply

Your email address will not be published. Required fields are marked *