သူငယ်ချင်း ရေမွန်အတွက် ရည်စူးပြီး ကောင်းမှု ကုသိုလ်တွေ ကိုယ်တိုင် သွား‌ရောက် ပြုလုပ်ခဲ့တဲ့ သင်ဇာ၀င့်ကျော်

Posted on

ယမန်နေ့ဇွန်လ (၂၃)ရက်နေ့က မြန်မာနိုင်ငံ ရဲ့ ဒိတ်ဒိတ်ကြဲ အဆိုတော် တစ်ယောက်ဖြစ်တဲ့ Idiotsအဖွဲ့၀င် ရေမွန်ဟာ ဘ၀တပါးကူးပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။ ရေမွန်ဆုံးပါးသွားတဲ့သတင်းကြောင့် အနုပညာ အသိုင်းအဝိုင်းက သူတွေသာမက တစ်နိုင်ငံလုံးက ပရိသတ်တွေအတော်များများယူကြုံးမရ ၀မ်းနည်းခဲ့ကြရပြီး ရေမွန့်အမှတ်တရတွေ နဲ့အတူ RaymondTreeဆိုတဲ့ campaignလေးပြုလုပ်ကာ သစ်ပင်လေးတွေစိုက်ကြတာလည်းတွေ့ရပါတယ်…..။

ရေမွန့်ရဲ့ မိတ်ဆွေတွေနဲ့ ဆွေမျိုး မိဘတွေ ကလည်း ရေမွန့်ကိုရည်စူးကာကောင်းမှု ကုသိုလ်တွေပြုလုပ်ပေးခဲ့ကြပြီး ပရိသတ်တွေကလည်းစုပေါင်းအလှူလေးတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ရေမွန့်ရဲ့သူငယ်ချင်းမိတ်ဆွေဖြစ်တဲ့ သင်ဇာ၀င့်ကျော်ကလည်း ဒီကနေ့လေးမှာကောင်းမှု ကုသိုလ်လေးတွေ သွားရောက်ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ သင်ဇာ၀င့်ကျော်နဲ့ ရေမွန်တို့က အရမ်းခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတွေဖြစ်ကြပြီး ရေမွန့်ဆီက၀ယ်ထားတဲ့သီချင်းလေးတွေတောင် မဆိုဖြစ်ရသေးဘူးလို့သိရပါတယ်။

မကြာသေးမီကသင်ဇာက သူမရဲ့ Facebookစာမျက်နှာမှာ “ဒီနေ့အောင်ဇမ္ဗူကျောင်း မှာ သူငယ်ချင်းတွတ်ပီအတွက် ရည်စူးပြီးနေ့ဆွမ်းအလှူ ရေစက်ချဆရာတော်ငါးပါးအတွက် သင်္ကန်းနှင့်နဝကမ္မ အလှူလေးပြုလုပ်ခဲ့ပါတယ် ဤကုသိုလ်ကောင်းမှုအစုစုတို့ကို သူငယ်ချင်းလေး တွတ်ပီ ရောက်ရာ အရပ်ကသာဓုခေါ်နိုင်ပါစေ 🙏🏼….” ဆိုပြီးရေးသားကာ ပုံလေးတွေ မျှဝေလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Thin Zar Wint Kyaw’s Facebook acc

zawgyi

ယမန္ေန႔ဇြန္လ (၂၃)ရက္ေန႔က ျမန္မာႏိုင္ငံ ရဲ႕ ဒိတ္ဒိတ္ႀကဲ အဆိုေတာ္ တစ္ေယာက္ျဖစ္တဲ့ Idiotsအဖြဲ႕၀င္ ေရမြန္ဟာ ဘ၀တပါးကူးေျပာင္းသြားခဲ့ၿပီျဖစ္ပါတယ္။ ေရမြန္ဆုံးပါးသြားတဲ့သတင္းေၾကာင့္ အႏုပညာ အသိုင္းအဝိုင္းက သူေတြသာမက တစ္ႏိုင္ငံလုံးက ပရိသတ္ေတြအေတာ္မ်ားမ်ားယူႀကဳံးမရ ၀မ္းနည္းခဲ့ၾကရၿပီး ေရမြန႔္အမွတ္တရေတြ နဲ႔အတူ RaymondTreeဆိုတဲ့ campaignေလးျပဳလုပ္ကာ သစ္ပင္ေလးေတြစိုက္ၾကတာလည္းေတြ႕ရပါတယ္…..။

ေရမြန႔္ရဲ႕ မိတ္ေဆြေတြနဲ႔ ေဆြမ်ိဳး မိဘေတြ ကလည္း ေရမြန႔္ကိုရည္စူးကာေကာင္းမႈ ကုသိုလ္ေတြျပဳလုပ္ေပးခဲ့ၾကၿပီး ပရိသတ္ေတြကလည္းစုေပါင္းအလႉေလးေတြျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။ ေရမြန႔္ရဲ႕သူငယ္ခ်င္းမိတ္ေဆြျဖစ္တဲ့ သင္ဇာ၀င့္ေက်ာ္ကလည္း ဒီကေန႔ေလးမွာေကာင္းမႈ ကုသိုလ္ေလးေတြ သြားေရာက္ျပဳလုပ္ခဲ့တာကိုေတြ႕ရပါတယ္။ သင္ဇာ၀င့္ေက်ာ္နဲ႔ ေရမြန္တို႔က အရမ္းခင္မင္ရင္းႏွီးၾကတဲ့သူငယ္ခ်င္းေတြျဖစ္ၾကၿပီး ေရမြန႔္ဆီက၀ယ္ထားတဲ့သီခ်င္းေလးေတြေတာင္ မဆိုျဖစ္ရေသးဘူးလို႔သိရပါတယ္။

မၾကာေသးမီကသင္ဇာက သူမရဲ႕ Facebookစာမ်က္ႏွာမွာ “ဒီေန႔ေအာင္ဇမၺဴေက်ာင္း မွာ သူငယ္ခ်င္းတြတ္ပီအတြက္ ရည္စူးၿပီးေန႔ဆြမ္းအလႉ ေရစက္ခ်ဆရာေတာ္ငါးပါးအတြက္ သကၤန္းႏွင့္နဝကမၼ အလႉေလးျပဳလုပ္ခဲ့ပါတယ္ ဤကုသိုလ္ေကာင္းမႈအစုစုတို႔ကို သူငယ္ခ်င္းေလး တြတ္ပီ ေရာက္ရာ အရပ္ကသာဓုေခၚႏိုင္ပါေစ 🙏🏼….” ဆိုၿပီးေရးသားကာ ပုံေလးေတြ မွ်ေဝလာခဲ့ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Photo credit-​ Thin Zar Wint Kyaw’s Facebook acc

Leave a Reply

Your email address will not be published. Required fields are marked *