သူငယ်ချင်းများ နဲ့ စုပေါင်းပြီး ကောက်ခံ ရရှိထားသော အလှူငွေ များအား ဒဏ်ရာ ရရှိထားတဲ့ ပြည်သူတွေ ဆီ သွားရောက် လှူဒါန်းခဲ့တဲ့ ခရစ္စတီးနား

Posted on

သရုပ်ဆောင် ခရစ္စတီးနားကတော့ ရုပ်ရှင် နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေ ရဲ့အားပေးမှုတွေကို ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အချိန်အတော်ကြာအောင် အနုပညာလောကကနေ ပျောက်ကွယ်ခဲ့ပေမယ့်လည်း အားလုံး ရဲ့ ချစ်ခင်မှုတွေကို ရရှိနေဆဲပါ။ သူမ ကတော့ အရေးကြုံတဲ့ အခါတိုင်း ပြည်သူတွေ နဲ့အတူ မှန်ကန်တဲ့ဘက်ကနေ ရပ်တည်ပေးနေတဲ့ အနုပညာရှင် တစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူးနော်။

ခရစ္စတီးနားကတော့ အခက်အခဲတွေ ကြားထဲကနေ လူထုလှုပ် ရှားမှုတွေမှာလည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလှုပ်ရှားမှုမှာ ပါဝင်ရင်း အသက်ပေးခဲ့ကြရတဲ့ သူရဲကောင်းတွေအတွက်လည်း တတ်နိုင်တဲ့ ဘက်ကနေ အလှူငွေ များလည်း လှူဒါန်း ပေးနေတာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် သူငယ်ချင်းများနဲ့စုပေါင်းပြီး ကောက်ခံ ရရှိထားသောအလှူငွေများအား ဒဏ်ရာရရှိထားတဲ့ ပြည်သူ တွေဆီ သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှထားတာပါ။

သူမကလည်း ” ဒီနေ့သမိုင်းဘက်မှာ ရာဘာကျည်ထိသွားတဲ့ အသက်၈၅နှစ် အရွယ်အဘ နဲ့ မျက်လုံး ရာဘာကျည်ဝင်သွားလို့ခွဲစိတ်ထားတဲ့ တစ်နှစ်ခွဲသမီးငယ်လေးအိမ်ကိုသူငယ်ချင်းများနှင့်အတူသွားရောက်အားပေးပြီး အလှူငွေစုစုပေါင်း( ၉ သိန်း)လှူခဲ့ပါတယ်.. ပါဝင်အားဖြည့်လှူတန်းပေးတဲ့ တစ်ဦး တစ်ယောက်ဆီတိုင်းလည်း ကျေးဇူးပါရှင့် ….အားလုံးလည်း ဘေးအန္တရာယ်ကင်းစွာနေ့ရက်တိုင်းကိုဖြတ်သန်းနိုင်ကြပါစေရှင် 🙏🙏🙏” ဆိုပြီး ရေးသားထားတာဖြစ်တာကြောင့် ပရိသတ်တွေလည်း သိရှိနိုင်စေရန် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူ တက်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Crist Aye Myat’s Facebook Account

zawgyi

သ႐ုပ္ေဆာင္ ခရစၥတီးနားကေတာ့ ႐ုပ္ရွင္ နဲ႔ ဗီဒီယို ဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္း ပရိသတ္ေတြ ရဲ႕အားေပးမႈေတြကို ရရွိထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ အခ်ိန္အေတာ္ၾကာေအာင္ အႏုပညာေလာကကေန ေပ်ာက္ကြယ္ခဲ့ေပမယ့္လည္း အားလုံး ရဲ႕ ခ်စ္ခင္မႈေတြကို ရရွိေနဆဲပါ။ သူမ ကေတာ့ အေရးႀကဳံတဲ့ အခါတိုင္း ျပည္သူေတြ နဲ႔အတူ မွန္ကန္တဲ့ဘက္ကေန ရပ္တည္ေပးေနတဲ့ အႏုပညာရွင္ တစ္ဦးဆိုရင္လည္း မမွားႏိုင္ပါဘူးေနာ္။

ခရစၥတီးနားကေတာ့ အခက္အခဲေတြ ၾကားထဲကေန လူထုလႈပ္ ရွားမႈေတြမွာလည္း တက္ႂကြစြာ ပူးေပါင္းေဆာင္႐ြက္ေနတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီလႈပ္ရွားမႈမွာ ပါဝင္ရင္း အသက္ေပးခဲ့ၾကရတဲ့ သူရဲေကာင္းေတြအတြက္လည္း တတ္ႏိုင္တဲ့ ဘက္ကေန အလႉေငြ မ်ားလည္း လႉဒါန္း ေပးေနတာပါ။ မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း သူမရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္ သူငယ္ခ်င္းမ်ားနဲ႔စုေပါင္းၿပီး ေကာက္ခံ ရရွိထားေသာအလႉေငြမ်ားအား ဒဏ္ရာရရွိထားတဲ့ ျပည္သူ ေတြဆီ သြားေရာက္လႉဒါန္းခဲ့တဲ့ ပုံရိပ္ေတြကို ေဝမွ်ထားတာပါ။

သူမကလည္း ” ဒီေန႔သမိုင္းဘက္မွာ ရာဘာက်ည္ထိသြားတဲ့ အသက္၈၅ႏွစ္ အ႐ြယ္အဘ နဲ႔ မ်က္လုံး ရာဘာက်ည္ဝင္သြားလို႔ခြဲစိတ္ထားတဲ့ တစ္ႏွစ္ခြဲသမီးငယ္ေလးအိမ္ကိုသူငယ္ခ်င္းမ်ားႏွင့္အတူသြားေရာက္အားေပးၿပီး အလႉေငြစုစုေပါင္း( ၉ သိန္း)လႉခဲ့ပါတယ္.. ပါဝင္အားျဖည့္လႉတန္းေပးတဲ့ တစ္ဦး တစ္ေယာက္ဆီတိုင္းလည္း ေက်းဇူးပါရွင့္ ….အားလုံးလည္း ေဘးအႏၲရာယ္ကင္းစြာေန႔ရက္တိုင္းကိုျဖတ္သန္းႏိုင္ၾကပါေစရွင္ 🙏🙏🙏” ဆိုၿပီး ေရးသားထားတာျဖစ္တာေၾကာင့္ ပရိသတ္ေတြလည္း သိရွိႏိုင္ေစရန္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ ကူးယူ တက္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Crist Aye Myat’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *