သူငယ်ချင်းတွေ နဲ့ စုပေါင်းပြီး ပြည်သူ တွေအတွက် ရက်ရက်ရောရော လှူဒါန်းခဲ့ သလို သနပ်ခါး CAMPAIGN မှာ လည်း ပါဝင်ခဲ့တဲ့ သက်မွန်မြင့် တို့အ ဖွဲ့

Posted on

မင်းသမီးချောလေး သက်မွန်မြင့်ကတော့ လက်ရှိ အချိန် မှာ ပြည်သူတွေ ဘက်ကနေ အခိုင်အမာ ရပ်တည်ပေးနေတဲ့ အနုပညာရှင်တစ်ဦးလို့ ဆိုနိုင် ပါတယ်နော်။ ပြည်သူတွေထဲက ပြည်သူတ စ် ယော က်ဖြစ်တဲ့ သက်မွန်မြင့်က အားလုံးနဲ့အတူ ဆန္ဒထပ်တူကျပြီး လူထု လှုပ်ရှားမှုတွေမှာ ပါဝင် နေတာ ဖြစ်ပါတယ် ။ မနေ့ကလည်း သက်မွန်မြင့်က သူမချစ်ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အ တူ လမ်းပေါ်ထွက်ပြီး ရင်တွင်းဆန္ဒတွေကို ဖော်ပြတောင်း ဆိုခဲ့တာ ဖြစ်ပါတယ် ။

သက်မွန်မြင့်ရဲ့သူငယ်ချင်းတွေ ဖြစ်ကြတဲ့ ခင်လေးနွယ်၊ သီရိရှင်းသန့်၊ အိန်ဂျယ်လမုန်၊ ဒီဇိုင်နာမပုံ့ တို့ကလည်း အားလုံး စုပေါင်းပြီး အလှူလေးတစ်ခု ပြုလုပ်ခဲ့ကြသေးတာ ဖြစ်ပါတယ် ။ သက်မွန် မြင့် တို့အဖွဲ့လေးက ပြည်သူတွေအတွက် အမောပြေအချိုရည်တွေနဲ့ စားစရာတွေ ကို ရက်ရက် ရောရော လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဆင်တူ တီရှပ်လေးတွေ ဝတ်ဆင်ပြီး လူထုလှုပ်ရှားမှု ပြု လုပ်နေတဲ့ သက်မွန်မြင့်တို့သူငယ်ချင်း တစ်စုက သနပ်ခါးတွေလိမ်းခြယ်ရင်း Campaign မှာပါ ဝင်ခဲ့တာလည်း ဖြစ်ပါတယ် ။

ဒီဇိုင်နာမပုံ့ကတော့ သူမတို့အဖွဲ့ရဲ့ အမှတ်တရလေးတွေကို မျှဝေရင်း “မနေ့က အားလုံးရဲ့စုပေါင်း အလှူလေးနေပူထဲ မှာ အားလုံးအမောပြေဘို့ Delta Queen ဒိန်ချဉ် Royal D နဲ့ မုန့်တွေ ဝေခဲ့ ကြတယ် လမ်းမှာ သူများအဖွဲ့ဝေတာတွေလည်းစားခဲ့တယ် နေပူထဲအတူဝိုင်း လှူကြသော သမီး တော်အားလုံးကျေးဇူးပါ ကူလှူရင်းပုံပါ ရိုက်ပေးကြသော ဓါတ်ဆရာများလည်းကျေးဇူးပါ နောက်တခေါက်ကျရင် တီရှပ်ရောင်းရငွေတွေ နဲ့ပြန်လှူဦးမယ်နော် နွေဦးတော်လှန်ရေး” ဆိုပြီး ရေးသား ထားတာ ဖြစ်ပါတယ် ။ ကဲ ပြည်သူတွေနဲ့အတူရပ်တည်ရင်း အလှူပြုခဲ့တဲ့ သက်မွန်မြင့် တို့အဖွဲ့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit -Ma Pont’s FB Acc & Kyaw Shwe Win’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *