သူချစ် တဲ့ တပ်မတော်ကြီး ကို ပြိုကွဲပျက်စီးဖို့ မကြံစည် မစည်းရုံး သင့်ပါဘူးလို့ ဆိုလာတဲ့ သရုပ်ဆောင် “မင်းအုပ်စိုး”

Posted on

ပရိသတ်ကြီးရေ မင်းအုပ်စိုး ကတော့ သူ့ရဲ့အမျိုးတစ်ယောက်ကို လူမဆန်စွာ သတ်ခဲ့တာကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခဲ့တာပါ နော်။ ထောင်ထဲမှာ ခြောက်နှစ်ကျော် နေထိုင်လာရပြီးနောက် စစါကောင်စီလက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက် လာတာ ပါနော်။ လွတ်လာပြီးချိန်မှာလည်း အငြိမ်မနေဘဲ ဆရာကြီးလုပ်ကာ စစ်တပ်ဘက်ကနေ ထောက်ခံနေပြန်ပါပြီနော်။

သူ့ရဲ့ ဆိုရှယ်မီဒီယာ မှာတော့ ” မြန်မာပြည်မြေပုံ အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံချင်ပါသလား ထောက်ခံလို့ ရပါတယ် ဒေါ် အောင်ဆန်းစုကြည်ကို ချစ်ခင်ချင်ပါသလား ချစ်ခင်လို့ရပါတယ် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးကိုးကွယ်ချင်လွန်းတဲ့ စိတ်ကြောင့် အ မေ လို့ခေါ်ချင်ပါသလား လွတ်လွတ် လပ်လပ်အားရပါးရကြီး အမေလို့ခေါ်လို့ရပါတယ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထောက်ခံချင်ပါ သလား ထောက်ခံလို့ရပါတယ် ချစ်ခင်ချင်ပါသလား ချစ်ခင်လို့ရပါတယ် ချစ်မြတ်နိုးလွန်းတဲ့ စိတ်ကြောင့် အဘလို့ ခေါ်ချင်ပါသလား လွတ် လပ်စွာ ခေါ်လို့ရပါတယ်

တပ်မတော်အတွင်းမှာ ဝင်ရောက် အမှုထမ်းနေကြတဲ့ တပ်မတော်သားတွေ ကို မုန်းချင်ပါသလား မုန်းလို့ရပါတယ် ဆဲချင်ပါသလား အိမ်ထဲ မှာ နေပြီးပါးစပ်ကနေ အားပါးတရ ဆဲလို့ရပါတယ် ကုန်ကုန် ပြောရရင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မုန်းချင်ပါသလား မုန်းလို့ရပါ တယ် ပိုးဆိုးပက်စက် ဆဲချင်ပါသလား ကိုယ့်အိမ်ထဲကနေ ကိုယ့်ပါးစပ် နဲ့ လွတ်လွတ်လပ်လပ် စိတ်ပါ လက်ပါ အားရပါးရ ဆဲလို့ရပါတယ် ဒါ ပေမယ့် ဆဲတဲ့လူတွေက ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ မြန်မာလူမျိုး တွေ ဖြစ်မယ်ဆိုရင် ဝစီကံကြောင့် ရလာတဲ့ဒဏ်ကို အဲ့ဒီလူတွေက အနည်း အကျင်းခံရယုံကလွဲပြီး အခြားလူတွေအတွက် တိုင်းပြည် အတွက် ကြီးကြီးမားမား ဆုံရှုံးထိခိုက်မှု မရှိနိုင်ပါဘူး

လက်ရှိအခြေအနေမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် တပ်မတော်အ ပေါ် မုန်းချင်ပါသလား မုန်းလို့ ရပါတယ် ဆဲချင်ပါသလား ပါးစပ်ကနေ လွတ်လွတ်လပ်လပ် အားရ ပါးရ တစ်တစ်ခွခွကြီး ဆဲလို့ရပါတယ် သို့သော်လည်း တပ်မတော်ကြီး ပြိုကွဲသွားအောင် ပျက် စီးသွား အောင် ပျောက်ကွယ်သွားအောင်တော့ မတွေးသင့် မပြောသင့် မစည်းရုံးသင့် မကြံစည်သင့်ပါဘူး

ဘာကြောင့်လဲဆိုတော့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကနေ ဒီနေ့ဒီအချိန်ရောက်လာတဲ့အထိ ကမ္ဘာ့မြေပုံထဲမှာ ကျွန်တော်တို့ရဲ့ မြန်မာပြည်မြေပုံလေး ပျက်မသွားစေရအောင် ပဲ့ထွက်မသွားစေရအောင် တစစီပြိုကွဲမသွားစေရအောင် ကာကွယ်စောင့်ရှောက် ထိန်း သိမ်းပေးခဲ့တဲ့ တခုတည်းသော အဖွဲ့အစည်းကိုပြောပါ ဆိုရင် မြန်မာ့တပ်မတော်ကလွဲပြီး မှတစ်ပါး အခြားမရှိပါပဲဗျာ

ကျွန်တော်ကတော့ ကျွန်တော်ချစ်တဲ့ ကျွန်တော့ တိုင်းပြည် ကျွန်တော် သဘောကျတဲ့ ကျွန်တော့တိုင်းပြည်ရဲ့ မြေပုံလေး တစစီကွဲထွ က် ပြိုပျက်မသွားအောင် ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ မြန်မာ့တပ်မတော်ကြီးကို လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင် မိ ပါရဲ့ဗျာ ။” လို့ရေးသားပြီး စစ်တပ်ကိုထောက်ခံကြောင်း ပွင့်ပွင့်လင်းလင်းပြောလိုက်တာပါနော်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *