သူကျည်ထိ သွားတဲ့အချိန် မှာ သူငယ်ချင်းတွေ ကို ငါ မရတော့ဘူး မင်းတို့ပြေး ဆိုပြီး မဆုံးခင် မှာ လိုက်သေး တဲ့ သူရဲကောင်းလူငယ်လေးတစ်ဦး

Posted on

လူထုလှုပ်ရှားမှုတွေကိုတော့ ယနေ့ထိ တိုင်ပြုလုပ်နေကြဆဲ ဖြစ်ပြီး လူငယ်တွေ ကလည်း ရှေ့ဆုံးကနေ စွမ်းစွမ်းတမံပါဝင်နေကြတာဖြစ်ပါတယ်။လူငယ်တွေက မိမိတို့ရဲ့အနာဂတ်အတွက် စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ အမှန်တရားဘက်ကနေ ရပ်တည်နေကြတာ ဖြစ်ပါတယ်။ ကျဆုံးသွားတဲ့သူတွေထဲမှာ လူငယ်တွေလည်း အများအပြားပါဝင်တာကြောင့် သူတို့ရဲ့ မိဘတွေကတော့ အရမ်းရင် ကျိုးနေကြရတာဖြစ်ပါတယ်။ဒါပေမယ့်လည်း မိဘတွေက သားသမီးတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပြီး တတ်နိုင်တဲ့ဘက်ကနေ ကူညီ ပေးနေတာဖြစ်ပါတယ်။

(၂၀.၃.၂၀၂၁)မနေ့က ဆိုရင်လည်း ကျောက်မြောင်းက လူထုလှုပ်ရှားမှု မှာပါဝင်ရင်း လူငယ်လေး တစ်ယောက်ကဦးခေါင်းကျည်ထိပြီး ကျဆုံးသွားခဲ့ရပါတယ်။ နိုင်ငံအတွက် အားကိုးအားထားပြုရမယ့် လူငယ်လေးတွေ တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်နေကြတာကြောင့် အရမ်းနှမျောဖို့ကောင်းပါတယ်။ ကျောက်မြောင်း၊မြို့သစ်(၂)လမ်း အထက(၂)ကျောင်းရှေ့မှာ ကျဆုံးသွားတဲ့ လူငယ်လေး ဆိုရင် သူ့ရဲ့ သူငယ်ချင်းတွေကို”ငါမရတော့ဘူး မင်းတို့ပြေး” ဆိုပြီး မဆုံးခင်လေးတောင် မှာသွားသေးတာဖြစ်ပါတယ်။

အခုလိုမျိုး သူငယ်ချင်းတွေ အန္တရာယ်ဖြစ်မှာ စိုးလို့ သူ့ကိုထားခဲ့ခိုင်းပြီး ပြေးခိုင်းလိုက်တဲ့ လူငယ်လေးရဲ့ စိတ်ဓာတ်က လေးစားစရာကောင်းပါတယ်။ အဲ့ဒီလူငယ်လေးကျဆုံးသွားတဲ့ နေရာလေးမှာ သွေးတွေ ကလည်း မြင်မကောင်း အောင်ရှိနေပြီး ပြည်သူလူထုက ပန်းစည်းလေးတွေ ၊ဖယောင်းတိုင်လေးတွေနဲ့ သေချာပြင်ဆင်ပေးထားတာ ဖြစ်ပါတယ်။ အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ရင်း အသက်ပေးသွားခဲ့ရတဲ့ အဲ့ဒီလူငယ်လေးကို ပြည်သူလူထုကလည်း လေးစားစွာ နဲ့ ဦးညွှတ်ဂါရဝပြုပြီး အရမ်း ဝမ်းနည်းနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *