သီလရှင်ကျောင်း နဲ့ အိမ်ခြေ (၁၀၀၀) စာ စားသောက် ကုန်တွေ လှူဒါန်း ဖို့ အတွက် အဖွဲ့သားတွေ နဲ့ ပြင် ဆင် ထုတ်ပိုးနေ တဲ့ ဝေဠုကျော်

Posted on

ပရိသတ်ကြီးရေ.. ပရဟိတ အလုပ်တွေကို အမြဲမပျက် လုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို အများဆုံး ရရှိထားတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ လက်ရှိအခြေအနေတွေမှာလည်း အားလုံးနဲ့အတူ ရပ်တည် နေတာ တွေ့ရပါတယ်..။

ဖေဖော်ဝါရီလတစ်ရက်နေ့ ကတည်းက ပြည်သူတွေ အားလုံးစည်းစည်းလုံးလုံးပြုလုပ်ခဲ့ကြတဲ့ တော်လှန်ရေး တိုက်ပွဲကြီးမှာ အလှူအတန်းတွေ ဆက်တိုက်ပြုလုပ်ပြီး တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေတာလည်း ဖြစ်ပါတယ်..။

အကယ်ဒမီမင်းသားကြီးဝေဠုကျော်က တော့ လတ်တလောအခြေအနေတွေကြောင့် စားဝတ်နေရေး ခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းဖို့အတွက်ကိုလည်း ကိုယ်တိုင်ကိုယ်ကျထုတ်ပိုးပြင်ဆင်နေတာလည်း ဖြစ်ပါတယ်..။

တောင်ဒဂုံက အိမ်၂၅၀ နဲ့ သီလရှင်ကျောင်း ၅၂ ကျောင်းအတွက် အဖွဲ့သားတွေနဲ့အတူ စားနပ် ရိက္ခာတွေထုတ် ပိုးပြင်ဆင်နေပြီး နောက်ထပ် အိမ်ခြေ၁၀၀၀ စာကိုလည်း ပြင်ဆင်လှူဒါန်းမယ့်အကြောင်း ဖောင်ဒေးရှင်းရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြောပြ ထားပါတယ်..။

“8-4-2021

ဒီနေ့ အထုပ်ထုပ် တဲ့နေ့ပါ။

လျော့တာတွေ ထပ်ဖြည့် ပါတယ်။

မနက်ဖြန် သွား လှူပေး မယ့် တောင်ဒဂုံ အိမ်ခြေ ၂၅၀

သီလရှင်ကျောင်းလေး ၅၂ ကျောင်း အတွက် ပြင်ဆင် ပါတယ်။

အဖွဲ့သားတွေ တက်ညီ လက်ညီထုပ် ကြတာ ခဏနဲ့ ပြီး

ပါတယ်။

အိမ်ခြေ ၁၀၀၀ နီးပါး လှူပေးပြီး လို့ နောက် ၁၀၀၀ စလှူပေးပါမယ်။

အန်တီ ဒေါ်ဆွေဆွေသင်း မှတဆင့် မိတ်ဆွေများရဲ့ အလှူ နဲ့

မတည်ကာ စလှူပေးမှာပါ။

အလှူရှင်များလည်း ပါဝင်လှူဒါန်းပေးကြပါလို့ ဖိတ် ခေါ်ပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010

09455500014

09776089484..” ဆိုပြီး အလှူအတွက် ပြင်ဆင်နေကြတဲ့ ပုံရိပ်တွေကိုဝေမျှထားတာပါ..။

ပြည်သူတွေအတွက် နေ့စဉ်နဲ့အမျှလှူဒါန်းမှုတွေပြုလုပ်နေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ အလှူတွေကိုလည်း ပြည်သူတွေအားလုံးက သာဓုခေါ်ကုသိုလ်ယူကာ ဝမ်းသာအားရ ဆုတောင်းစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – Wai Lu Kyaw Foundation’s Fb Page

Leave a Reply

Your email address will not be published. Required fields are marked *