သရုပ်ဆောင်ဘုန်းလျှံကတော့ အနုပညာလောကမှာ တစ်ခေတ်တခါက အောင်မြင်မှုတွေရရှိခဲ့ပြီး အကောင်းဆုံးကြိုးစားလာတဲ့ သူပဲဖြစ်ပါတယ်။ ဘုန်းလျှံ က ဗီဒီယိုဇာတ်ကားတွေကို များစွာရိုက်ကူးလာခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် လူကြီးလူငယ်မရွေး သဘောကျရခဲ့တဲ့ မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုလည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။
ဘုန်းလျှံ ဟာ ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်အရပ်အမောင်းကို ပိုင်ဆိုင်ထားပြီး တည်ကြည်ခန့်ညားနေတာကြောင့် နှုတ်ခမ်းနီမလေးတွေက သဘောကျခဲ့ရတဲ့ သူပဲဖြစ်ပါတယ်။ လတ်တလော ကိုဗစ်ကာလလေးမှာလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်သွားအောင်လည်း သူ့ရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲဖော်ပြပေးပါတယ်။ ယခုမှာဆိုရင်လည်း ဘုန်းလျှံ က အနုပညာညီအစ်ကိုတွေဖြစ်တဲ့ နိုင်ငံတော်က ချီးမြှင့်တဲ့ သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ကို ရရှိခဲ့တဲ့ ခန့်စည်သူအတွက် ဝမ်းသားဂုဏ်ယူတယ်ဆိုတဲ့ အကြောင်းပြောပြလာခဲ့ပါတယ်။
” သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော် ” ချီးမြှင့်ခံရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ် ကိုခန့်…ဘာသာသာသနာအကျိုး သယ်ပိုးဆောင်ရွက်ခြင်းနဲ့ အလှူအတန်းပရဟိတအရာမှာ အမြဲလေးစားအားကျလျက်ပါ…” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ကဲ….ပရိသတ်တွေလည်း သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ချီးမြှင့်ခြင်းခံရတဲ့ မင်းသားကြီး ခန့်စည်သူကို ဆုတောင်းစကားလေး ပြောပေးခဲ့ပါဦး။
သတင်းအရင်းမြစ်: Source -Phone Hlan’s fb account
zawgyi
သ႐ုပ္ေဆာင္ဘုန္းလွ်ံကေတာ့ အႏုပညာေလာကမွာ တစ္ေခတ္တခါက ေအာင္ျမင္မႈေတြရရွိခဲ့ၿပီး အေကာင္းဆုံးႀကိဳးစားလာတဲ့ သူပဲျဖစ္ပါတယ္။ ဘုန္းလွ်ံ က ဗီဒီယိုဇာတ္ကားေတြကို မ်ားစြာ႐ိုက္ကူးလာခဲ့ၿပီး ပီျပင္တဲ့ သ႐ုပ္ေဆာင္မႈေတြေၾကာင့္ လူႀကီးလူငယ္မေ႐ြး သေဘာက်ရခဲ့တဲ့ မင္းသားတစ္ေယာက္ပဲ ျဖစ္ပါတယ္။ လက္ရွိမွာလည္း အႏုပညာအလုပ္ေတြအျပင္ ကိုယ္ပိုင္စီးပြားေရး လုပ္ငန္းကိုလည္း လုပ္ကိုင္ေနတာ ေတြ႕ရပါတယ္။
ဘုန္းလွ်ံ ဟာ ေယာက်ာ္းပီသတဲ့ ခႏၶာကိုယ္အရပ္အေမာင္းကို ပိုင္ဆိုင္ထားၿပီး တည္ၾကည္ခန္႔ညားေနတာေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြက သေဘာက်ခဲ့ရတဲ့ သူပဲျဖစ္ပါတယ္။ လတ္တေလာ ကိုဗစ္ကာလေလးမွာလည္း ပရိသတ္ေတြနဲ႔ အဆက္အသြယ္မျပတ္သြားေအာင္လည္း သူ႔ရဲ႕ လႈပ္ရွားမႈပုံရိပ္ေလးေတြကို အၿမဲေဖာ္ျပေပးပါတယ္။ ယခုမွာဆိုရင္လည္း ဘုန္းလွ်ံ က အႏုပညာညီအစ္ကိုေတြျဖစ္တဲ့ ႏိုင္ငံေတာ္က ခ်ီးျမႇင့္တဲ့ သီရိသုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္ေတာ္ကို ရရွိခဲ့တဲ့ ခန္႔စည္သူအတြက္ ဝမ္းသားဂုဏ္ယူတယ္ဆိုတဲ့ အေၾကာင္းေျပာျပလာခဲ့ပါတယ္။
” သီရိသုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္ေတာ္ ” ခ်ီးျမႇင့္ခံရျခင္းအတြက္ ဂုဏ္ယူဝမ္းေျမာက္ပါတယ္ ကိုခန႔္…ဘာသာသာသနာအက်ိဳး သယ္ပိုးေဆာင္႐ြက္ျခင္းနဲ႔ အလႉအတန္းပရဟိတအရာမွာ အၿမဲေလးစားအားက်လ်က္ပါ…” ဆိုၿပီး ေရးသားေဖာ္ျပထားပါတယ္။ ကဲ….ပရိသတ္ေတြလည္း သီရိသုဓမၼမဏိေဇာတဓရ ဘြဲ႕တံဆိပ္ေတာ္ခ်ီးျမႇင့္ျခင္းခံရတဲ့ မင္းသားႀကီး ခန္႔စည္သူကို ဆုေတာင္းစကားေလး ေျပာေပးခဲ့ပါဦး။
သတင္းအရင္းျမစ္: Source -Phone Hlan’s fb account