မြန်မာနိုင်ငံရဲ့အသံပါဝါအားကောင်းလွန်းတဲ့အဆိုတော် ချမ်းချမ်းနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ချမ်းချမ်းကတော့ အသံနဲ့လိုက်ဖက်လွန်းတဲ့ သီချင်းတွေကို သီဆိုရင်းကနေ ဂီတလောကမှာ အောင်မြင်လာတဲ့အဆိုတော်တစ်လက်ပါပဲ။ သူမရဲ့ထွက်ရှိသမျှ သီချင်းတိုင်းဟာဆိုရင် မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။
ချမ်းချမ်းကတော့ ဒုတိယကိုယ်ဝန်လွယ်ထားရပေမယ့် သမီးဂင်္ဂါလေးကို အချိန်ပေးရင်း သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူတစ်ဦးပါပဲ။ ဒီဇင်ဘာ(၃၁)ရက်နေ့မှာတော့ ချမ်းချမ်းက”အားလုံးပဲ….happy newyear ပါနော်။အိမ်မှာနေရင်းနှစ်သစ်ကိုဖြတ်သန်းကြရတဲ့ 2020ကိုပြုံးပြုံးကြီးနှူတ်ဆက်လိုက်ကြရအောင်နော်။ဘဝမှာမဖြစ်ချင်တာတွေဖြစ်ရတဲ့အခိုက်အတန့်တွေရှိသလို ကိုယ်တစ်ယောက်ထဲမဟုတ်ပဲ အများနည်းတူ covid ရောဂါဆိုးကြီးကြောင့်အလုပ်တွေရော..စိတ်ရောကိုယ်ပါပင်ပန်းကြ..အဆင်မပြေဖြစ်ကြပေမဲ့ ကောင်းတဲ့ဘက်ကတွေးရင်အရာအားလုံးဟာ သေခြင်းထက်ဘယ်အရာမှအရေးမကြီးဘူးဆိုတာလက်တွေ့သိလာကြရတယ်။
လာမယ့် 2021 မှာကောင်းသောအရာတွေ..ကောင်းသောစကား..ကောင်းသောအပြုအမူ…ယဉ်ကျေးစွာပြောဆိုနေထိုင်နိူင်ဖို့ ကျင့်ကြံအားထုတ်ဖို့ကြိုးစားမယ်။ကိုယ်ချစ်တဲ့သူတယောက်ချင်းစီကိုအကျင့်ကောင်းလေးတွေ စိတ်ဓာတ်ကောင်းလေးတွေနဲ့ဘဝကိုဖြတ်သန်းနိုင်ဖို့ဆုတောင်းပေးပါတယ်နော်။ဒီနှစ်သစ်ကူးကိုတော့ ဗိုက်ထဲကဘေဘီလေးရယ်..သမီးလေးဂဂ်ါရယ်အတွက် အခန်းလေးတွေ..အိမ်လေးကိုထပ်ချဲ့ပြီးသမီးလေးတွေအတွက်အချိန်ပေးလိုက်တယ်။
အပြင်ထွက်မရတာနဲ့အတူတူ..အိမ်အတွက်လိုအပ်တာလေးတွေလုပ်ပေးရင်းပဲ အချိန်ကုန်သွားတယ်။သီချင်းဆိုပေးဖို့ ဖိတ်ခေါ်တဲ့ အဖွဲ့အစည်းတွေကိုလဲကျေးဇူး ကိုယ်ဝန်က လရင့်လာလို့မလှုပ်ရှားနိုင်တော့တာsorryပါနော်။အားလုံးကိုချစ်တယ်…happy newyear all my fans”လို့ဆိုပြီး နှစ်သစ်ကူးစကားပြောဆိုလာတာလေးကို ပရိသတ်တွေအတွက် ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Source…Chan Chan’s Facebook
Angella(CeleChitThu)