သိန်း ၂၀၀၀ ကျော်တန်တဲ့ အိမ်နဲ့ခြံ ကို ရောင်းပြီး အောက်ဆီဂျင် လှူမယ့် ဟင်္သာတမြို့က အလှူရှင်

Posted on

တကယ်လို့များ အောက်ဆီဂျင်အိုးနဲ့ လဲလှယ်ပေးမယ့်သူ ရှိရင် ကျွန်တော့မြို့ က လူတွေရော ပြည်သူတွေ ကိုပါ ပေးချင်ပါတယ်”

” အောက်စီဂျင် အိုးကြီး ၅၀၀ နှင့် အလဲအထပ် ရိုက် ချင်ပါသည်။ မြေဂရံ အမည်ပေါက် မြေဝယ် အခွန် အိမ် အမြတ်ခွန်ဆောင်ပြီး နောက်ဘက် ခြံငယ်တစ်ကွက်ပါ (ညှိနှိုင်း) ၊ အိုးမရှိလို့ မရှူရသူတွေကို ပေးချင်လို့ပါ။” ဟု

သူ၏လူမှုကွန်ယက်မှာ တင်ထားတာဖြစ်ပါတယ်။ဒါ့အပြင် ဟင်္သာတမြို့ရဲ့ အရေးပေါ် အောက်ဆီဂျင် လိုအပ်ချက်များကို အားလုံးက နည်းမျိုးစုံနဲ့ အားကြိုးမာန်တက် ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

ရေရှည်အဆင်ပြေနိုင်ရန်အတွက် မြို့မိ မြို့ဖကြီးများ နှင့် အလှူရှင် များမှ Oxygen Plant ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေပါတယ်။

အဆိုပါ အစီအစဉ်များဆောင်ရွက်နေစဉ် ကြားကာလအတွင်း အောက်ဆီဂျင် လိုအပ်ချက် များ လတ်တလောပြေလည်နိုင်စေရန်အတွက် ဦးထွန်းထွန်းနိုင် တို့ရဲ့ ဟင်္သာတ ခရိုင်ကွန်ရက် မှ တတတ်တအားအနေဖြင့်

ကူညီဆောင်ရွက်ပေးလျှက် ရှိတယ်လို့ ဆိုပါတယ်။ပိုက်ဆံရှိတိုင်း ဝယ်လို့ မရတော့တဲ့ ရှားပါးပစ္စည်းထဲမှာ အလကားရတိုင်း ရှူနေခဲ့တဲ့ လေ (အောက်ဆီဂျင်) ပါဝင်လာမယ်ဆိုတာ လွန်ခဲ့တဲ့ တလလောက်ထိကို

မြန်မာပြည်သူတွေ မစဉ်းစားမိတဲ့အခြေအနေပါ။ခုတော့ ကိုဗစ်တတိယလှိုင်းကို ပြင်းထန်စွာရင်ဆိုင်ကြုံတွေ့နေရတဲ့မြန်မာနိုင်ငံမှာ အသွင်းပြောင်းကိုဗစ်ဗိုင်းရပ်မျိုးကွဲတွေ့ တွေ့ရှိထားရပြီး

မျိုးကွဲဗီဇပိုးကူးစက်ခံရသူတွေထဲ အောက်ဆီဂျင်ကျတဲ့လက္ခဏာကိုအသက်အရွယ်မရွေး ရင်ဆိုင်လာနေရပါပြီ။

လူနာတွေအတွက်လိုအပ်တဲ့အောက်ဆီဂျင်ရဖို့အရေးကလည်း သေရေးရှင်ရေးဖြစ်လာနေတာပါ။လာမယ့်သီတင်းပတ်ကို အများပြည်သူရုံးပိတ်ရက်သီတင်းပတ်အဖြစ် စစ်ကောင်စီက သတ်မှတ်ပြီး

တနိုင်ငံလုံးကို နေအိမ်ထဲမှာပဲနေကြဖို့နဲ့ မလိုအပ်ဘဲ အပြင်မထွက်ဖို့ အမိန့်ထုတ် ထားပါတယ်။ဒီအမိန့်ဟာ အောက်ဆီဂျင် အရေးတကြီးရှာနေရ သူတွေ အခက်အခဲတွေဖြစ်နိုင်တယ်လို့

ဝေဖန်နေကြပါတယ်။အောက်ဆီဂျင်ရဖို့ တန်းစီနေကြတဲ့ လူတွေကလည်း လျော့သွားတယ်လို့ မရှိဘဲ ဆက်လက်များပြားနေပါတယ်။

celethatin

Leave a Reply

Your email address will not be published. Required fields are marked *