သိန်း(၁၇၆၀) ဝန်းကျင် တန်ဖိုးရှိတဲ့ ကားသစ်ကြီးကို ရောင်းချပြီး ပြည်သူတွေအတွက် အောက်စီဂျင်စက်ရုံ တည်‌ပေးမယ့် ဆရာတော်တစ်ပါး

Posted on

ကိုဗစ်တတိယလှိုင်းက မြန်မာပြည်သူတွေရဲ့ အသက်တွေ များစွာကို နှုတ်ယူ နေပြီး ယခုအချိန်ထိလည်း

ကိုဗစ်ရောဂါကူးစက်မှုကြောင့် ပြည်သူအများအပြား ဆက်လက် သေဆုံးနေကြပါတယ်။

အသက်ရှူကြပ်လူနာတွေလည်းများပြားလာနေပြီး အောက်ဆီဂျင် စက်လေးရရှိဖို့ အကူအညီတွေ တောင်းခဲ့ပေမယ့်

မရရှိဘဲ အသက်ဆုံးရှုံးသွားတဲ့ ပြည်သူတွေလည်းရှိကြပါတယ်။

အကူအညီမဲ့စွာနဲ့ ပြည်သူတွေအသက်သေဆုံးနေရတာကြောင့် တတ်နိုင်တဲ့ လူတွေက အောက်ဆီဂျင် စက်ရုံတွေတည်ထောင်ပြီး ကူညီပေးဖို့ ပြင်ဆင်နေကြပါတယ်။

ယခုမှာတော့ ဆရာတော်တစ်ပါးဟာ သိန်း(၁၇၆၀)ဝန်းကျင်တန်ဖိုးရှိတဲ့

ကားသစ်ကြီးကိုရောင်းချပြီး Oxygen Plant တစ်ခုလှူဖို့ အတွက် ပြင်ဆင်နေခဲ့ပါတယ်။

အဆိုပါဘုန်းဘုန်းက မြန်မာ ပြည်သူလူထုကို ဘာမှမလုပ်ပေးလိုက်ရရင် အသက်ရှင်တာ အလကားဖြစ်သွားမှာစိုးတာကြောင့်နဲ့ ဒီတိုင်းပြည်က

ပြည်သူတွေကို မသေ စေချင်တာကြောင့် အခုလိုကားသစ်ကြီးကို ရောင်းချပြီး လှူဒါန်းဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေ ကို ပစ်မထားဘဲ လှူဒါန်းဖို့ပြင်ဆင်နေတဲ့

အဆိုပါဆရာတော်ကို ပြည်သူတွေ လေးစား ကြည်ညိုနေကြပါတယ်။

ဒါယကာတစ်ဦးကတော့ ” အခုပြည်တော်သာက ဖေကြီး စီးနေတဲ့ Lexus 570 (2021 Model) US 110000 ကျော်ကျထားတဲ့

သာသနာလိုင်စင်နဲ့ ကားအသစ်ကို ရောင်းပီး ရတဲ့ပိုက်ဆံ နဲ့ Oxygen Plant တစ်ခုလှူဖို့ ခုပဲ ဖေကြီးကလာပြောထားပါတယ်

ကိုယ်တွေလဲ ဘယ်လိုကိုလုပ်ပေးရမှန်း မသိတော့ပါဘူး “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

ယခုလို ဘာမဆိုဖြစ်သွားနိုင်တဲ့ ခေတ်ကြီးမှာ မိသားစုဝင်တွေ ၊ချစ်ခင်ရသူတွေကို တန်ဖိုးထားကြဖို့နဲ့

ဒုက္ခရောက်နေတဲ့ပတ်ဝန်းကျင်က ပြည်သူတွေကို တတ်နိုင် သလောက်လှူဒါန်းပေးကြဖို့ တိုက်တွန်းပြောဆိုလိုက်ရပါတယ်။

Crdcelethatin

Leave a Reply

Your email address will not be published. Required fields are marked *