သား ယောကျာ်းလေး (၁၃) ယောက် မွေးထား ပေမယ့် သမီးမမွေးမချင်း ကလေးထပ်ယူ ဦးမယ် ဆိုတဲ့ စုံတွဲ

Posted on

ဘရာဇီးနိုင်ငံမှာနေထိုင်တဲ့ Ireneu Cruz အမည်ရလယ်သမားတစ်ဦးနဲ့ ဇနီးဖြစ်သူတို့ ဟာ သမီး မိန်းကလေးမမွေးမချင်း ကလေးမွေးလာလိုက်တာ သားချည်းပဲ ၁၃ယောက်ထွက်လာတဲ့အထိပါပဲ။ သူတို့လင်မယားဟာ လက်ထပ်ခဲ့တာ ဆယ်စုနှစ် နှစ်စုကြာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အကြီးဆုံးသားဟာ အသက်၁၈နှစ် ရှိနေပြီဖြစ်ပြီး အငယ်ဆုံးသားလေးကတော့ လသားအရွယ်ပဲ ရှိပါသေးတယ်။

သူတို့လင်မယားနှစ်ယောက်ဟာ ဇနီးဖြစ်သူ Jucicleide Silva ကိုယ်ဝန် ရတဲ့အချိန်မှာ ယောကျာ်းလေး ဖြစ်ရင် ခင်ပွန်းက ကလေးကိုနာမည်ပေးမှာဖြစ်ပြီး၊ မိန်းကလေးဆိုရင်တော့ ဇနီးကနာမည်ပေးမှာဖြစ်တယ်လို့ ကတိထားခဲ့ကြပါတယ်။
ဒါပေမယ့်အခုချိန်ထိတော့ ခင်ပွန်းဖြစ်သူကနေသာ သား၁၃ယောက်လုံးကို နာမည် ပေးခဲ့ရပြီး Silvaအနေနဲ့ သမီးမိန်းကလေး မမွေးလာသေးတာကြောင့် သူမရဲ့ကလေးကို နာမည်ပေးဖိုအခွင့်အရေးမရသေးဘူးလို့ဆိုပါတယ်။

သုတေသနပြုလုပ်ချက်အရ သားယောကျာ်းလေးတွေချည်းပဲ ၁၃ ယောက်မွေးဖွားဖို့ ဆိုတာ အပုံ၈ဝဝဝမှာ တစ်ပုံသာရှိတဲ့ ဖြစ်နိုင်ချေဖြစ်ပြီး Ireneuတို့ လင်မယားကတော့ မိန်းကလေးမရမချင်း ဆက်ကြိုးစားသွားမယ်လို့ဆိုပါတယ်။ ဒါ့အပြင် သဖြစ်သူတွေဟာ ရွာထဲမှာ ဘောလုံးကန်တော်တဲ့ သူတွေဖြစ်ပြီး နာမည်တွေကိုလည်း ဘောလုံးသမနာမည်တွေကိုယ်စားပြု ပေးထားကြောင်း သိရပါတယ်။

crd

zawgyi

ဘရာဇီးႏိုင္ငံမွာေနထိုင္တဲ့ Ireneu Cruz အမည္ရလယ္သမားတစ္ဦးနဲ႔ ဇနီးျဖစ္သူတို႔ ဟာ သမီး မိန္းကေလးမေမြးမခ်င္း ကေလးေမြးလာလိုက္တာ သားခ်ည္းပဲ ၁၃ေယာက္ထြက္လာတဲ့အထိပါပဲ။ သူတို႔လင္မယားဟာ လက္ထပ္ခဲ့တာ ဆယ္စုႏွစ္ ႏွစ္စုၾကာ ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး အႀကီးဆုံးသားဟာ အသက္၁၈ႏွစ္ ရွိေနၿပီျဖစ္ၿပီး အငယ္ဆုံးသားေလးကေတာ့ လသားအ႐ြယ္ပဲ ရွိပါေသးတယ္။

သူတို႔လင္မယားႏွစ္ေယာက္ဟာ ဇနီးျဖစ္သူ Jucicleide Silva ကိုယ္ဝန္ ရတဲ့အခ်ိန္မွာ ေယာက်ာ္းေလး ျဖစ္ရင္ ခင္ပြန္းက ကေလးကိုနာမည္ေပးမွာျဖစ္ၿပီး၊ မိန္းကေလးဆိုရင္ေတာ့ ဇနီးကနာမည္ေပးမွာျဖစ္တယ္လို႔ ကတိထားခဲ့ၾကပါတယ္။
ဒါေပမယ့္အခုခ်ိန္ထိေတာ့ ခင္ပြန္းျဖစ္သူကေနသာ သား၁၃ေယာက္လုံးကို နာမည္ ေပးခဲ့ရၿပီး Silvaအေနနဲ႔ သမီးမိန္းကေလး မေမြးလာေသးတာေၾကာင့္ သူမရဲ႕ကေလးကို နာမည္ေပးဖိုအခြင့္အေရးမရေသးဘူးလို႔ဆိုပါတယ္။

သုေတသနျပဳလုပ္ခ်က္အရ သားေယာက်ာ္းေလးေတြခ်ည္းပဲ ၁၃ ေယာက္ေမြးဖြားဖို႔ ဆိုတာ အပုံ၈ဝဝဝမွာ တစ္ပုံသာရွိတဲ့ ျဖစ္ႏိုင္ေခ်ျဖစ္ၿပီး Ireneuတို႔ လင္မယားကေတာ့ မိန္းကေလးမရမခ်င္း ဆက္ႀကိဳးစားသြားမယ္လို႔ဆိုပါတယ္။ ဒါ့အျပင္ သျဖစ္သူေတြဟာ ႐ြာထဲမွာ ေဘာလုံးကန္ေတာ္တဲ့ သူေတြျဖစ္ၿပီး နာမည္ေတြကိုလည္း ေဘာလုံးသမနာမည္ေတြကိုယ္စားျပဳ ေပးထားေၾကာင္း သိရပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *