သားဖြစ်သူရဲ့ ရုပ်အလောင်းကို မြင်တွေ့ ရ ဖို့ ဓာတ်ပုံလေး ကြည့်ပြီး ရင်ခွဲရုံ အရှေ့မှာ ထိုင်စောင့်ရင်း ငိုကြွေးနေတဲ့ မိခင် တစ်ဦး ရဲ့ပုံရိပ်

Posted on

အခုလတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့နေတဲ့ ပုံရိပ် တစ်ခု ကတော့ မြင်တွေ့ရသူတွေကို စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။ ဒီပုံရိပ်ထဲမှာ မိခင်တစ်ဦးက သားဖြစ်သူရဲ့ရုပ်အလောင်းကို မြင်တွေ့ရဖို့ ရင်ခွဲရုံအရှေ့မှာ ထိုင်စောင့်နေတာပဲ ဖြစ်ပါတယ် ။ ရင်နဲ့လွယ်မွေးခဲ့ရတဲ့ သားလေးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်ဖြစ်သူ ကတော့ ဝမ်းနည်းပူဆွေးပြီး ရင်ထဲမှာ အတိုင်းမသိနာကျင်နေမယ်ဆိုတာကို ပုံမြင်လိုက် ရုံနဲ့တင် သိစေနိုင်တာ ဖြစ်ပါတယ် ။

ကြွေလွင့်သွားတဲ့ သူရဲကောင်းကတော့ တီးတိန်မြို့နယ်၊ထေးဇန်က ဒိုဆွမ်း ကိမ်း ဆိုတဲ့ ကောင်လေးပဲ ဖြစ်ပါတယ် ။ အသက် (၁၉) နှစ်အရွယ်သာရှိသေးတဲ့ ဒိုဆွမ်းကိမ်းက လူငယ်ပီပီ တက်တက်ကြွကြွရှိပြီး လူထုလှုပ်ရှားမှုတွေကို ကြိုးစားပမ်းစား ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်က ကျဆုံးသွားတဲ့ ဒိုဆွမ်းကိမ်းရဲ့ Dead Bodyကို မနေ့က အထိ ပြန်လည်မရရှိသေးတာကြောင့် မိခင်ဖြစ်သူခမျာ သားလေးရဲ့ဓာတ်ပုံကို ကြည့်ပြီး ထိုင်စောင့်နေရတာ ဖြစ်ပါတယ် ။

ဒီပုံရိပ်ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေခဲ့တဲ့ ပြည်သူ တစ်ဦးက “အမေစောင့်နေတယ်နော် သား ၊ 😢 အသက် (၁၉)နှစ်ဖြစ်သူ Do Suan Kim ရဲ့dead body ထုတ်ဖို့ အားလုံးအဆင့်ဆင့်လုပ်ပြီး စစ်ဆေးရုံရဲ့ရင်ခွဲရုံရှေ့ရောက်ပြီးမှ ဆန္ဒပြတဲ့အချိန်ပြီးမှ ထုတ်ပေးမယ်လို့ပြောလာပါတယ် စောင့်နေကြတုန်းပါ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ် ။ ဒိုဆွမ်းကိမ်းရဲ့အဖြစ်ကို ကြားသိလိုက်ရတဲ့ ပြည်သူတွေကလည်း သူ့အတွက်ရော သူ့ရဲ့မိခင်အတွက်ပါ စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။ သားလေးကိုထိုင်စောင့်နေတဲ့ မိခင်တစ်ဦးရဲ့ရင်နင့်ကြေကွဲစရာ ပုံရိပ်တစ်ခုကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit- Suan Mwan Sang’s FB Acc

zawgyi

အခုလတ္တေလာ လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ပ်ံ႕ႏွံ႔ေနတဲ့ ပုံရိပ္ တစ္ခု ကေတာ့ ျမင္ေတြ႕ရသူေတြကို စိတ္မေကာင္းျဖစ္ေစခဲ့တာ ျဖစ္ပါတယ္ ။ ဒီပုံရိပ္ထဲမွာ မိခင္တစ္ဦးက သားျဖစ္သူရဲ႕႐ုပ္အေလာင္းကို ျမင္ေတြ႕ရဖို႔ ရင္ခြဲ႐ုံအေရွ႕မွာ ထိုင္ေစာင့္ေနတာပဲ ျဖစ္ပါတယ္ ။ ရင္နဲ႔လြယ္ေမြးခဲ့ရတဲ့ သားေလးကို ဆုံးရႈံးလိုက္ရတဲ့ မိခင္ျဖစ္သူ ကေတာ့ ဝမ္းနည္းပူေဆြးၿပီး ရင္ထဲမွာ အတိုင္းမသိနာက်င္ေနမယ္ဆိုတာကို ပုံျမင္လိုက္ ႐ုံနဲ႔တင္ သိေစႏိုင္တာ ျဖစ္ပါတယ္ ။

ေႂကြလြင့္သြားတဲ့ သူရဲေကာင္းကေတာ့ တီးတိန္ၿမိဳ႕နယ္၊ေထးဇန္က ဒိုဆြမ္း ကိမ္း ဆိုတဲ့ ေကာင္ေလးပဲ ျဖစ္ပါတယ္ ။ အသက္ (၁၉) ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဒိုဆြမ္းကိမ္းက လူငယ္ပီပီ တက္တက္ႂကြႂကြရွိၿပီး လူထုလႈပ္ရွားမႈေတြကို ႀကိဳးစားပမ္းစား ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္ ။ ၿပီးခဲ့တဲ့ရက္က က်ဆုံးသြားတဲ့ ဒိုဆြမ္းကိမ္းရဲ႕ Dead Bodyကို မေန႔က အထိ ျပန္လည္မရရွိေသးတာေၾကာင့္ မိခင္ျဖစ္သူခမ်ာ သားေလးရဲ႕ဓာတ္ပုံကို ၾကည့္ၿပီး ထိုင္ေစာင့္ေနရတာ ျဖစ္ပါတယ္ ။

ဒီပုံရိပ္ကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ မွ်ေဝခဲ့တဲ့ ျပည္သူ တစ္ဦးက “အေမေစာင့္ေနတယ္ေနာ္ သား ၊ 😢 အသက္ (၁၉)ႏွစ္ျဖစ္သူ Do Suan Kim ရဲ႕dead body ထုတ္ဖို႔ အားလုံးအဆင့္ဆင့္လုပ္ၿပီး စစ္ေဆး႐ုံရဲ႕ရင္ခြဲ႐ုံေရွ႕ေရာက္ၿပီးမွ ဆႏၵျပတဲ့အခ်ိန္ၿပီးမွ ထုတ္ေပးမယ္လို႔ေျပာလာပါတယ္ ေစာင့္ေနၾကတုန္းပါ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္ ။ ဒိုဆြမ္းကိမ္းရဲ႕အျဖစ္ကို ၾကားသိလိုက္ရတဲ့ ျပည္သူေတြကလည္း သူ႔အတြက္ေရာ သူ႔ရဲ႕မိခင္အတြက္ပါ စိတ္မေကာင္းျဖစ္ေနရတာ ျဖစ္ပါတယ္ ။ သားေလးကိုထိုင္ေစာင့္ေနတဲ့ မိခင္တစ္ဦးရဲ႕ရင္နင့္ေၾကကြဲစရာ ပုံရိပ္တစ္ခုကို ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Source & Photo Credit- Suan Mwan Sang’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *