သားနှစ်ယောက် မိခင်ဖြစ်တာမို့ ကျဆုံးသွားတဲ့ သူရဲကောင်း တွေ ရဲ့ မိဘတွေ ကိုယ်စား အရမ်း ဝမ်းနည်း ကိုယ်ချင်းစာ ခံစားမိတယ် ဆိုတဲ့ ဇင်ဇင်ဇော်မြင့်

Posted on

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ထူးခြား လှပတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေကြားအရမ်းကိုရေပန်းစားအောင်မြင်ခဲ့သလို ဇာတ်ကားတွေလည်း ရိုက်ကူးထားသူလေးကတော့ သရုပ်ဆောင်ဇင်ဇင်ဇော်မြင့်ပဲ ဖြစ်ပါတယ်..။ ဇင်ဇင်ဇော်မြင့်ကတော့ လတ်တလောအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ နဲ့အတူ ရပ်တည်နေသလို သားနှစ်ယောက်မိခင်ဖြစ်တာမို့ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့မိဘတွေကိုယ်စား အရမ်းဝမ်းနည်းကိုယ်ချင်းစာ ခံစားမိတဲ့အကြောင်းလေး ပြောပြလာပါတယ်..။ ပြည်သူတွေဝမ်းနည်းနေရသလို သူမကိုယ်တိုင်ကလည်း ဝမ်းနည်း ကြေကွဲနေရတဲ့ အကြောင်းလေးတွေနဲ့ ကျဆုံးသွားတဲ့သူရဲကောင်းလေးတွေအတွက် ယူကြုံးမရဖြစ်ရတဲ့ အကြောင်းလေးတွေကို ဒီကနေ့မှာကျရောက်တဲ့ သားဖြစ်သူရဲ့ မွေးနေ့ဆုတောင်းလေးနဲ့အတူ ပြောပြထားတာပါ..။

“ဒီနေ့ က မေလေးရဲ့သားကြီးလေး အောင်ကျော်ကျော်ပိုင် @kyaw kyaw လေး၁၁ နှစ် ပြည့်မွေးနေ့ဖြစ်ပါတယ်. သားကြီးလေးရဲ့ မွေးနေ့မှာ နေ့စဉ်လဲ ကုသိုလ်ပြုနေသလို ပဲ ဒီနေ့မှာလဲ လှု ဒါနိးကုသိုလ် ယူခဲ့ပါတယ် .သားကြီးမွေးနေ့ မှာ သားကြီးက မေလေးတို့ကိုကန်တော့တော့ လေးနက်တဲ့ဆုလေးတွေပဲ ပေးခဲ့ပါတယ် . သားကြီးလေး ရဲ့ဘဝ့ မှာ အကြင်နာတရားရှိသော , လူ ပီသ သော , အားကြီးတိုင်း အနိုင်မကျင့်သော, မုသားမသုံးသော, ငါးပါးသီလမြဲသော ,ငဲ့ညှာ ပြီး တကိုယ်ကောင်းစိတ်မရှိသော, တာဝန်သိသော , ကိုယ်ကျိုးမငဲ့ သော အများအမှန် ခွဲခြားနိုင်စွမ်း ရှိပြီး အမှန်တရားဘက်က ကိုယ်ကျိုးမငဲ့ပဲရပ်တည်ရဲသော မိဘ လူမျိုး တိုင်းပြည်နဲ့ ကိုယ်ကျင့်သိက္ခာပြည့်စုံ ပြီး အသက်ရှည်တဲ့သားကောင်းလေးဖြစ်ပါစေ လို့ ပြုသမျှထူးမြတ်တဲ့ ကုသိုလ်တွေနဲ့သစ္စာ ဆို ဆုတောင်းပေးပါတယ် . သားကြီးလေး ဖြစ်ချင်တဲ့ဆု မြတ်ဆုကောင်း မှန်သမျှ တောင်းတတိုင်းပြည့်ဝပြီးအသက်ရှည်ပါစေ . ဒီနေ့ က သားကြီးမွေးနေ့မို့ အမှတ်တရနောက်နှစ်အမှတ်တရပြန်ပေါ်လာအောင်တင်တာပါ . နိုင်ငံသူနိုင်ငံသားတွေဝမ်းနည်း နေချိန်မို့ မေလေးကိုယ်တိုင်လဲဝမ်းနည်းကြေကွဲနေရလို့ဘာဓာတ်ပုံ မတင်တာပါ ရှင် .

မေလေး လဲ သားနှစ်ယောက်ရဲ့မိခင်ဆိုတော့ နိုင်ငံသူ နိုင်ငံသားတွေ နဲ့ထပ်တူ ကျဆုံးသွားသူများရဲ့ မိခင်တွေ ကိုယ်စား အရမ်းဝမ်းနည်း ကိုယ်ချင်းစာမိခံစားရပါတယ် . မေလေး နေ့စဉ်ပြုတဲ့ကုသိုလ်ကောင်းမူ့ရော , ဒီနေ့သားကြီးလေး ရဲ့မွေးနေ့မှာပြုတဲ့ကုသိုလ်ထူးတွေကြောင့်အားလုံးကျန်းမာချမ်းသာ အနာရောဂါ ကင်းဝေး ဘေးရန် ကင်းစိတ်ချမ်းသာပြီး အားလုံးလိုချင်တဲ့ ဆုအမြန်ဆုံးပြည့်ဝကြပါစေသား . နိုင်ငံသူနိုင်ငံသားအားလုံး မေလေးတို့မိသားစု အပါအဝင်ကောင်းမွန်စွာ အိပ်စက်ကောင်းမွန်စွာနိုးထလာပြီး စိတ်ချမ်းမြေ့ရတဲ့ ဘဝတွေ ပျော်ရွှင်စွာ သွားလာရဲ တဲ့ဘဝတွေအမြန်ဆုံးရကြပါစေသား . မေလေးတို့မိသားစုကလဲအားလုံးနဲ့ထပ်တူပါပဲ. နိုင်ငံသူနိုငိငံသားများအားလုံး အသက်ဘေး အကျပ်အတည်းဒုက္ခဝဠ်ကြွေး ကင်းဝေးအချုပ်အနှောင်အကျပ်အတည်းမှ ကင်းဝေးပြီး လိုရာပြည့် အောင်ကြပါစေလို့ မေလေး ရဲ့သားကြီးမွေးနေ့မှာ ကုသိုလ်ပြုသစ္စာဆိုဆုတောင်းပေးလိုက်ပါတယ်ရှင်😍😍😍🙏🙏🙏 ဇင်ဇင်ဇော်မြင့် ၁၄ . ၃ . ၂၀၂၁ SUNDAY..” ဆိုပြီး ဆုတောင်းစကားလေးတွေ နဲ့အတူ ရေးသား ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit – Zin Zin Zaw Myint’s Fb Acc

zawgyi

ပရိသတ္ႀကီးေရ.. အႏုပညာေလာကမွာ ထူးျခား လွပတဲ့ မ်က္ဝန္းတစ္စုံကို ပိုင္ဆိုင္ထားၿပီး ပရိသတ္ေတြၾကားအရမ္းကိုေရပန္းစားေအာင္ျမင္ခဲ့သလို ဇာတ္ကားေတြလည္း ႐ိုက္ကူးထားသူေလးကေတာ့ သ႐ုပ္ေဆာင္ဇင္ဇင္ေဇာ္ျမင့္ပဲ ျဖစ္ပါတယ္..။ ဇင္ဇင္ေဇာ္ျမင့္ကေတာ့ လတ္တေလာအေျခအေနေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြ နဲ႔အတူ ရပ္တည္ေနသလို သားႏွစ္ေယာက္မိခင္ျဖစ္တာမို႔ က်ဆုံးသြားတဲ့ သူရဲေကာင္းေတြရဲ႕မိဘေတြကိုယ္စား အရမ္းဝမ္းနည္းကိုယ္ခ်င္းစာ ခံစားမိတဲ့အေၾကာင္းေလး ေျပာျပလာပါတယ္..။ ျပည္သူေတြဝမ္းနည္းေနရသလို သူမကိုယ္တိုင္ကလည္း ဝမ္းနည္း ေၾကကြဲေနရတဲ့ အေၾကာင္းေလးေတြနဲ႔ က်ဆုံးသြားတဲ့သူရဲေကာင္းေလးေတြအတြက္ ယူႀကဳံးမရျဖစ္ရတဲ့ အေၾကာင္းေလးေတြကို ဒီကေန႔မွာက်ေရာက္တဲ့ သားျဖစ္သူရဲ႕ ေမြးေန႔ဆုေတာင္းေလးနဲ႔အတူ ေျပာျပထားတာပါ..။

“ဒီေန႔ က ေမေလးရဲ႕သားႀကီးေလး ေအာင္ေက်ာ္ေက်ာ္ပိုင္ @kyaw kyaw ေလး၁၁ ႏွစ္ ျပည့္ေမြးေန႔ျဖစ္ပါတယ္. သားႀကီးေလးရဲ႕ ေမြးေန႔မွာ ေန႔စဥ္လဲ ကုသိုလ္ျပဳေနသလို ပဲ ဒီေန႔မွာလဲ လႈ ဒါနိးကုသိုလ္ ယူခဲ့ပါတယ္ .သားႀကီးေမြးေန႔ မွာ သားႀကီးက ေမေလးတို႔ကိုကန္ေတာ့ေတာ့ ေလးနက္တဲ့ဆုေလးေတြပဲ ေပးခဲ့ပါတယ္ . သားႀကီးေလး ရဲ႕ဘဝ့ မွာ အၾကင္နာတရားရွိေသာ , လူ ပီသ ေသာ , အားႀကီးတိုင္း အႏိုင္မက်င့္ေသာ, မုသားမသုံးေသာ, ငါးပါးသီလၿမဲေသာ ,ငဲ့ညႇာ ၿပီး တကိုယ္ေကာင္းစိတ္မရွိေသာ, တာဝန္သိေသာ , ကိုယ္က်ိဳးမငဲ့ ေသာ အမ်ားအမွန္ ခြဲျခားႏိုင္စြမ္း ရွိၿပီး အမွန္တရားဘက္က ကိုယ္က်ိဳးမငဲ့ပဲရပ္တည္ရဲေသာ မိဘ လူမ်ိဳး တိုင္းျပည္နဲ႔ ကိုယ္က်င့္သိကၡာျပည့္စုံ ၿပီး အသက္ရွည္တဲ့သားေကာင္းေလးျဖစ္ပါေစ လို႔ ျပဳသမွ်ထူးျမတ္တဲ့ ကုသိုလ္ေတြနဲ႔သစၥာ ဆို ဆုေတာင္းေပးပါတယ္ . သားႀကီးေလး ျဖစ္ခ်င္တဲ့ဆု ျမတ္ဆုေကာင္း မွန္သမွ် ေတာင္းတတိုင္းျပည့္ဝၿပီးအသက္ရွည္ပါေစ . ဒီေန႔ က သားႀကီးေမြးေန႔မို႔ အမွတ္တရေနာက္ႏွစ္အမွတ္တရျပန္ေပၚလာေအာင္တင္တာပါ . ႏိုင္ငံသူႏိုင္ငံသားေတြဝမ္းနည္း ေနခ်ိန္မို႔ ေမေလးကိုယ္တိုင္လဲဝမ္းနည္းေၾကကြဲေနရလို႔ဘာဓာတ္ပုံ မတင္တာပါ ရွင္ .

ေမေလး လဲ သားႏွစ္ေယာက္ရဲ႕မိခင္ဆိုေတာ့ ႏိုင္ငံသူ ႏိုင္ငံသားေတြ နဲ႔ထပ္တူ က်ဆုံးသြားသူမ်ားရဲ႕ မိခင္ေတြ ကိုယ္စား အရမ္းဝမ္းနည္း ကိုယ္ခ်င္းစာမိခံစားရပါတယ္ . ေမေလး ေန႔စဥ္ျပဳတဲ့ကုသိုလ္ေကာင္းမူ႔ေရာ , ဒီေန႔သားႀကီးေလး ရဲ႕ေမြးေန႔မွာျပဳတဲ့ကုသိုလ္ထူးေတြေၾကာင့္အားလုံးက်န္းမာခ်မ္းသာ အနာေရာဂါ ကင္းေဝး ေဘးရန္ ကင္းစိတ္ခ်မ္းသာၿပီး အားလုံးလိုခ်င္တဲ့ ဆုအျမန္ဆုံးျပည့္ဝၾကပါေစသား . ႏိုင္ငံသူႏိုင္ငံသားအားလုံး ေမေလးတို႔မိသားစု အပါအဝင္ေကာင္းမြန္စြာ အိပ္စက္ေကာင္းမြန္စြာႏိုးထလာၿပီး စိတ္ခ်မ္းေျမ့ရတဲ့ ဘဝေတြ ေပ်ာ္႐ႊင္စြာ သြားလာရဲ တဲ့ဘဝေတြအျမန္ဆုံးရၾကပါေစသား . ေမေလးတို႔မိသားစုကလဲအားလုံးနဲ႔ထပ္တူပါပဲ. ႏိုင္ငံသူႏိုငိငံသားမ်ားအားလုံး အသက္ေဘး အက်ပ္အတည္းဒုကၡဝဠ္ေႂကြး ကင္းေဝးအခ်ဳပ္အေႏွာင္အက်ပ္အတည္းမွ ကင္းေဝးၿပီး လိုရာျပည့္ ေအာင္ၾကပါေစလို႔ ေမေလး ရဲ႕သားႀကီးေမြးေန႔မွာ ကုသိုလ္ျပဳသစၥာဆိုဆုေတာင္းေပးလိုက္ပါတယ္ရွင္😍😍😍🙏🙏🙏 ဇင္ဇင္ေဇာ္ျမင့္ ၁၄ . ၃ . ၂၀၂၁ SUNDAY..” ဆိုၿပီး ဆုေတာင္းစကားေလးေတြ နဲ႔အတူ ေရးသား ေျပာျပထားတာ ျဖစ္ပါတယ္..။

Photo Credit – Zin Zin Zaw Myint’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *