သားထွက် လာမဲ့ အချိန် ကို ရဲစခန်း ရှေ့က နေရင်ထဲ က အပူတွေ နဲ့ အတူ မျှော်နေ ရတဲ့ မိခင် တစ်ယောက်

Posted on

သားထွက်လာမဲ့ အချိန်ကို ရဲစခန်းရှေ့က နေရင်ထဲက အပူတွေ နဲ့ အတူ မျှော်နေရတဲ့ မိခင် တစ်ယောက် မင်္ဂလာပါ ပရိတ်သတ်ကြီး တို့ရေ တစ်ချို့ သော မိသားစု လေးတွေ ဟာ အခုလိုအချိန် စုံစုံညီညီ ရှိချင် ရှိနေကြမယ် ဖြစ်ပေမဲ့ မိခင် တစ်ယောက် က တော့ သူ့သား ပြန်အလာကို ရဲစခန်း ရှေ့ကနေရင်ထဲက အပူ တွေနဲ့ အတူ စောင့်မျှော် နေခဲ့ပါတ ယ်။ ပြည်သူ တွေ လွတ်လပ်စွာ ရွေးချယ်ထားတဲ့ အရာတွေကို မတရား သိမ်း ယူ ခံ လိုက် ရတဲ့ နေ့က စလို့ ပြည်သူ တွေ အားလုံးဟာ ဒီမတရား မှုကြီးကို တော်လှန်ဖို့ အတွက် ရဲ ရင့်စွာ တိုက်ပွဲ ဝင်ခဲ့ကြပါတယ်။ အနာဂတ် အတွက် အာဏာ ရှင် စ နစ်ကို တော်လှန် ဖို့ တိုက်ပွဲဝင် ခဲ့ကြရင်း သွေးမြေ ကျခဲ့ရတဲ့ လူငယ်တွေ များစွာ ကိုယ့်အနာဂတ် ကိုတောင် စိတ်ကူးယဉ်ခွင့် မရတော့တဲ့ လူငယ်တွေ များစွာ ဟာ အသက် ပေး ခဲ့ကြရ ပါတယ်။

အနာ ဂတ် အတွက် တိုက်ပွဲ ဝင် ခဲ့ကြရင်း အသက်ပေး ခဲ့ကြ ရတဲ့ ပြည်သူ တွေ အပြင် အဖမ်းဆီး ခံခဲ့ရတဲ့လူငယ် တွေ များစွာ ရှိ နေခဲ့ပါတယ်။ အသက်ပေး ခဲ့ကြရတဲ့ ပြည်သူ တွေ အဖမ်းဆီး ခံခဲရ တဲ့ လူငယ်တွေ အားလူံးနဲ့ သက်ဆိုင်တဲ့ မိသားစုတွေ ရဲ့ ရင်ထဲ အပူတွေနဲ့ အပြည့်ပါပဲ။ အခု ဖော်ပြပေး ထားတဲ့ အမေ တစ်ယောက် ဟာလဲ သားဖြစ်သူ အဖမ်း ခံရတဲ့ အတွက်ကြောင့် သားဖြစ်သူ ပြန်ထွက်လာမဲ့ အချိန်လး ကို ရဲစခန်း ရှေ့ကနေ ရင်ထဲက အပူ တွေ အပြည့်နဲ့ စောင့် နေခဲ့တာ ပဲဖြစ်ပါတယ်။ အန်တီ့ရဲ့ ပုံကို မြင်ရုံနဲ့ ဘာစကားမှ မပြောထား ပေမဲ့လဲ သူ့ရင်ထဲသူ့ရဲ့

သားသမီး အ တွက် ဘယ်လောက်ထိ စိုးရိမ် နေလိုက်မလဲ မိဘ ဆိုတာ သားသမီး ဆိုးသည် ဖြစ်စေကောင်းသည်ဖြစ်စေ ငြိုငြင် တာတွေ မရှိ သားသမီး အပေါ် အေးမြ တဲ့ မေတ္တာ တွေကိုသာ ပေးလေ့ ရှိကြတာပါ။ အခုလို တိုက်ပွဲ ‌ဝင် နေကြတဲ့ လူငယ်တွေ ရဲ့ မိဘတွေဟာလဲ သားသမီး အတွက် များစွာစိုးရိမ်ကြ ပေမဲ့ သားသမီး အနာဂတ် အတွက် တို က်ပွဲ ဝင်မှာကို တားရင် သားသမီး စိတ်ငြိုငြင် မှာ စို းတဲ့ စိတ်နဲ့ အိမ်ကနေသာ သားသမီး အန္တရာယ် ကင်းဖို့ ဆုတောင်း နေရင်း စောင့် မျှော် နေခဲ့ကြသူ တွေပါ။ ဖော်ပြ ပေးထားတဲ့ အန်တီ့ရဲ့ ရင်ထဲက အပူတွေ ကို မြင်ရပြီး ရင်ထဲက အတိုင်း မသိ ရင်တွေ နာရပါတယ်။ မတရား မှု တွေ အမြန် ချု ပ်ငြိမ်း ပြီး ပြည်သူ တွေ အားလုံး ပျော်ရွှင်မှုတွေပြန်လည် ပိုင်ဆိုင်ရပြီး ကွဲကွာ နေကြတဲ့ မိသားစု တွေ အမြန် ဆုံစည်း နိုင်ကြပါစေ။ အရေးတော်ပုံ အောင်မြင်ပြီး မြန်မာပြည်ကြီး အမြန် ငြိမ်းချမ်းပါစေလို့ ဆု‌မွန်ကောင်း တောင်း ပေးလိုက်ရပါတယ်။

Photo Credit

zawgyi




Photo Credit

Leave a Reply

Your email address will not be published. Required fields are marked *