သာကေတ မြို့နယ်ရှိ အခြေခံ လုပ်သားများ အတွက် စားနပ် ရိက္ခာများ သွားရောက် လှူဒါန်းပေး ခဲ့တဲ့ ခန့်စည်သူ…..

Posted on

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ…..လတ်တလော အခြေအနေတွေကြောင့် မြန်မာနိုင်ငံ အတွင်းမှာ စားဝတ်နေရေး အဆင်မပြေကြသူတွေ များစွာရှိနေတာကိုတွေ့ရပါတယ်။ ဒီလို အဆင်မပြေမှုများကိုလည်း ပြည်သူတွေအချင်းချင်း ဖေးမကူညီပေးနေတာကို မြင်တွေ့ရတာ တကယ်ကို ဝမ်းမြောက်ဂုဏ်ယူစရာပါပဲနော်။ အနုပညာရှင်တွေကလည်း တတ်နိုင် သလောက် အစားအသောက်များ အလှူငွေများ လှူဒါန်းကြတာကိုလည်း လေးစားစွာတွေ့မြင်ရ ပါတယ်။

ဒီလို အနုပညာရှင်တွေထဲမှာ ခန့်စည်သူ လည်း ပါဝင်ခဲ့ပြီး တတ်နိုင်သလောက် လိုအပ်တဲ့ နေရာများကို သွားရောက်ကာ စားနပ်ရိက္ခာများကို လှူဒါန်းခဲ့သလို မိတ်ဆွေသူငယ်ချင်းများနဲ့လည်း စုပေါင်းကာ အလှူငွေများ လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းများကို လှူဒါန်းလျက်ရှိတာလည်း ဖြစ်ပါတယ်။ အခုလည်း အလှူရှင်များကိုယ်စား သာကေတမြို့နယ်ရှိ အနှေးယာဉ်လုပ်သားများရဲ့ အိမ်ထောင်စု(၁၀၀) စာအတွက် စားနပ်ရိက္ခာများ သွားရောက် လှူဒါန်းခဲ့ကြောင်း ပုံလေးတွေနဲ့တကွ ”

ယနေ့ ကာလဒါန အလှူ(၁၁-၄-၂၀၂၁) သာကေတမြို့နယ် (၈) ရပ်ကွက် အတွင်းရှိ အနှေးယာဉ်လုပ်သားများ၏ အိမ်ထောင်စု(၁၀၀)ကို ဆန်၊ဆီ၊ပဲ၊ကြက်သွန်၊အာလူး၊ဆပ်ပြာ၊(maggi) ဟင်းခတ်မှုန့်၊MILO ထုပ်နှင့်ဟင်းသီးဟင်းရွက်များ ကိုဝေငှလှူဒါန်းခဲ့ပါတယ်။အခက်အခဲ၊အကြပ်အတည်းများကြားထဲက တက်ကြွစွာစုပေါင်းကူညီပါဝင်ပေးကြတဲ့ အလှူရှင်များကို အထူးပဲကျေးဇူးတင်ရှိပါတယ်။” ဆိုတဲ့ စာလေးကိုရေးသားဖော်ပြ ထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Kyaw Soe Win

zawgyi

မဂၤလာပါ ပရိတ္သတ္ႀကီးေရ…..လတ္တေလာ အေျခအေနေတြေၾကာင့္ ျမန္မာႏိုင္ငံ အတြင္းမွာ စားဝတ္ေနေရး အဆင္မေျပၾကသူေတြ မ်ားစြာရွိေနတာကိုေတြ႕ရပါတယ္။ ဒီလို အဆင္မေျပမႈမ်ားကိုလည္း ျပည္သူေတြအခ်င္းခ်င္း ေဖးမကူညီေပးေနတာကို ျမင္ေတြ႕ရတာ တကယ္ကို ဝမ္းေျမာက္ဂုဏ္ယူစရာပါပဲေနာ္။ အႏုပညာရွင္ေတြကလည္း တတ္ႏိုင္ သေလာက္ အစားအေသာက္မ်ား အလႉေငြမ်ား လႉဒါန္းၾကတာကိုလည္း ေလးစားစြာေတြ႕ျမင္ရ ပါတယ္။

ဒီလို အႏုပညာရွင္ေတြထဲမွာ ခန႔္စည္သူ လည္း ပါဝင္ခဲ့ၿပီး တတ္ႏိုင္သေလာက္ လိုအပ္တဲ့ ေနရာမ်ားကို သြားေရာက္ကာ စားနပ္ရိကၡာမ်ားကို လႉဒါန္းခဲ့သလို မိတ္ေဆြသူငယ္ခ်င္းမ်ားနဲ႔လည္း စုေပါင္းကာ အလႉေငြမ်ား လိုအပ္တဲ့ အသုံးအေဆာင္ ပစၥည္းမ်ားကို လႉဒါန္းလ်က္ရွိတာလည္း ျဖစ္ပါတယ္။ အခုလည္း အလႉရွင္မ်ားကိုယ္စား သာေကတၿမိဳ႕နယ္ရွိ အေႏွးယာဥ္လုပ္သားမ်ားရဲ႕ အိမ္ေထာင္စု(၁၀၀) စာအတြက္ စားနပ္ရိကၡာမ်ား သြားေရာက္ လႉဒါန္းခဲ့ေၾကာင္း ပုံေလးေတြနဲ႔တကြ ”

ယေန႔ ကာလဒါန အလႉ(၁၁-၄-၂၀၂၁) သာေကတၿမိဳ႕နယ္ (၈) ရပ္ကြက္ အတြင္းရွိ အေႏွးယာဥ္လုပ္သားမ်ား၏ အိမ္ေထာင္စု(၁၀၀)ကို ဆန္၊ဆီ၊ပဲ၊ၾကက္သြန္၊အာလူး၊ဆပ္ျပာ၊(maggi) ဟင္းခတ္မႈန႔္၊MILO ထုပ္ႏွင့္ဟင္းသီးဟင္း႐ြက္မ်ား ကိုေဝငွလႉဒါန္းခဲ့ပါတယ္။အခက္အခဲ၊အၾကပ္အတည္းမ်ားၾကားထဲက တက္ႂကြစြာစုေပါင္းကူညီပါဝင္ေပးၾကတဲ့ အလႉရွင္မ်ားကို အထူးပဲေက်းဇူးတင္ရွိပါတယ္။” ဆိုတဲ့ စာေလးကိုေရးသားေဖာ္ျပ ထားရာ ပရိသတ္ႀကီးလည္း သာဓုေခၚႏိုင္ေစရန္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။

Credit – Cele Zone
Photo – Kyaw Soe Win

Leave a Reply

Your email address will not be published. Required fields are marked *