သရဖူ ရောင်း စရာ မလို ဘဲ CRPH ကို တန်း လှူခွင့် ရ လိုက် တဲ့ “နှင်းသွေးယုအောင်”

Posted on

ပြည်သူများ စုပေါင်းကာ Federal Army ဖြစ်မြောက်ရေး အတွက် CRPH (ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ) ကို ဝိုင်းဝန်း ကာ တတ်နိုင်တဲ့ဘက်မှ လှူဒါန်းလျက် ရှိကြပါတယ်။ ဒီထဲမှာမှ အလှမယ် နှင်းသွေးယုအောင်ကလည်း သူ့ဘဝရဲ့ တန်ဖိုးထား ရတဲ့ “Miss Universe Myanmar 2018” သရဖူကို ရောင်းပြီး လှူ ဒါန်းသွားမယ့်အကြောင်း ပြောခဲ့ပါတယ်။ “CRPH (ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ) ကို လှူဖို့ နှင်းသွေးဘဝရဲ့ တန်ဖိုးအထားဆုံး အမြတ်နိုးဆုံး Miss Universe Myanmar 2018 Crown ကို ရောင်းချင်ပါတယ်။ အုတ်တချပ် သဲတပွင့် ဖြစ်ခွင့်ပြုပါ” လို့ နှင်းသွေးယုအောင်က ပြောပါတယ်။ ဒီလိုမျိုး သူ့ရဲ့ Facebook အကောင့်မှတဆင့် ပြောခဲ့ပြီး တနာရီအကြာမှာပဲ အမည်မဖော်လိုသူ အလှူရှင်တဦးမှ အဆိုပါ သရဖူကို မရောင်း စေ ဘဲ လှူမယ့်ငွေကြေးကို ပေးမယ့်အကြောင်း ပြောခဲ့ပါတယ်။

အဆိုပါ အလှူရှင်မှ “သရဖူကို မရောင်းပါနဲ့။ အမှတ်တရ သိမ်း ထားပါ။ ၄၅ သိန်း ကျနော် လွှဲပေးမယ်။ တန်ဖိုးထားတဲ့ဟာ သိမ်းထားပါ” လို့ ဆိုပါ တယ်။ နှင်းသွေးယုအောင်အနေနဲ့ ဒီလုပ်ရပ်အတွက် မျက်ရည်ကျမိပြီး သူတန်ဖိုးထားရတဲ့ သရဖူကိုလည်း သိမ်းထားမှာဖြစ်ပြီး၊ ရရှိတဲ့ ငွေကြေးဟာ ထိုင်းဘဏ်နဲ့ ချိတ်ဆက်လုပ်ရတာ ဖြစ်တဲ့အတွက် ဘတ်ငွေကနေ ဒေါ်လာလဲပြီး CRPH ကို တန်းလှူ သွားမယ်လို့ ဆိုပါတယ်။ အဆိုပါငွေကြေးမှာ ယခုမတ်လ ၃၀ ရက်နေ့ မနက် မှာပဲ နှင်းသွေးယုအောင်ရဲ့ ဘဏ်အကောင့်ထဲကို ရောက်ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါ တယ်

“ဘဏ်အကောင့်ထဲ ဘတ် ၁ သိန်း ဝင်ပါပြီ။ အလှူရှင် မိသားစု ကောင်းကျိုး လိုရာ ဆန္ဒများ ပြည့်ဝပါစေ ဆုတောင်းပေးပါတယ်ရှင်”လို့ နှင်း သွေးယုအောင်က ဆိုထားပါတယ်။ အလှမယ် နှင်းသွေးယုအောင်ဟာ လက်ရှိ ထိုင်းနိုင်ငံမှာ သရုပ်ဆောင် ဒေါင်းနဲ့အတူ “From Chaophraya to Ayeyarwaddy” (ကျောက် ဖ ယားမှ ဧရာဝတီသို့) ဇာတ်လမ်းတွဲ ရိုက်ကူးရေး နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ရောက်ရှိနေတာ ဖြစ်ပါတယ်။ နှင်းသွေးယုအောင် အနေနဲ့ မြန်မာနိုင်ငံမှာ မရှိနေနိုင်ပေမယ့် ထိုင်းနိုင်ငံမှ နေ၍ မြန်မာနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်များကို ဝေမျှ ပေးနေပြီး ဖေဖော်ဝါရီလအတွင်းက တကြိမ်၊ မတ်လမှာ တကြိမ် ထိုင်းမီဒီယာမှတဆင့် မြန်မာနိုင်ငံအကြောင်း အင်တာဗျူး ဖြေဆိုထားပါ တယ်။

crd

zawgyi

ျပည္သူမ်ား စုေပါင္းကာ Federal Army ျဖစ္ေျမာက္ေရး အတြက္ CRPH (ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ) ကို ဝိုင္းဝန္း ကာ တတ္ႏိုင္တဲ့ဘက္မွ လႉဒါန္းလ်က္ ရွိၾကပါတယ္။ ဒီထဲမွာမွ အလွမယ္ ႏွင္းေသြးယုေအာင္ကလည္း သူ႔ဘဝရဲ႕ တန္ဖိုးထား ရတဲ့ “Miss Universe Myanmar 2018” သရဖူကို ေရာင္းၿပီး လႉ ဒါန္းသြားမယ့္အေၾကာင္း ေျပာခဲ့ပါတယ္။ “CRPH (ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီ) ကို လႉဖို႔ ႏွင္းေသြးဘဝရဲ႕ တန္ဖိုးအထားဆုံး အျမတ္ႏိုးဆုံး Miss Universe Myanmar 2018 Crown ကို ေရာင္းခ်င္ပါတယ္။ အုတ္တခ်ပ္ သဲတပြင့္ ျဖစ္ခြင့္ျပဳပါ” လို႔ ႏွင္းေသြးယုေအာင္က ေျပာပါတယ္။ ဒီလိုမ်ိဳး သူ႔ရဲ႕ Facebook အေကာင့္မွတဆင့္ ေျပာခဲ့ၿပီး တနာရီအၾကာမွာပဲ အမည္မေဖာ္လိုသူ အလႉရွင္တဦးမွ အဆိုပါ သရဖူကို မေရာင္း ေစ ဘဲ လႉမယ့္ေငြေၾကးကို ေပးမယ့္အေၾကာင္း ေျပာခဲ့ပါတယ္။

အဆိုပါ အလႉရွင္မွ “သရဖူကို မေရာင္းပါနဲ႔။ အမွတ္တရ သိမ္း ထားပါ။ ၄၅ သိန္း က်ေနာ္ လႊဲေပးမယ္။ တန္ဖိုးထားတဲ့ဟာ သိမ္းထားပါ” လို႔ ဆိုပါ တယ္။ ႏွင္းေသြးယုေအာင္အေနနဲ႔ ဒီလုပ္ရပ္အတြက္ မ်က္ရည္က်မိၿပီး သူတန္ဖိုးထားရတဲ့ သရဖူကိုလည္း သိမ္းထားမွာျဖစ္ၿပီး၊ ရရွိတဲ့ ေငြေၾကးဟာ ထိုင္းဘဏ္နဲ႔ ခ်ိတ္ဆက္လုပ္ရတာ ျဖစ္တဲ့အတြက္ ဘတ္ေငြကေန ေဒၚလာလဲၿပီး CRPH ကို တန္းလႉ သြားမယ္လို႔ ဆိုပါတယ္။ အဆိုပါေငြေၾကးမွာ ယခုမတ္လ ၃၀ ရက္ေန႔ မနက္ မွာပဲ ႏွင္းေသြးယုေအာင္ရဲ႕ ဘဏ္အေကာင့္ထဲကို ေရာက္ရွိခဲ့ၿပီ ျဖစ္တယ္လို႔ သိရပါ တယ္

“ဘဏ္အေကာင့္ထဲ ဘတ္ ၁ သိန္း ဝင္ပါၿပီ။ အလႉရွင္ မိသားစု ေကာင္းက်ိဳး လိုရာ ဆႏၵမ်ား ျပည့္ဝပါေစ ဆုေတာင္းေပးပါတယ္ရွင္”လို႔ ႏွင္း ေသြးယုေအာင္က ဆိုထားပါတယ္။ အလွမယ္ ႏွင္းေသြးယုေအာင္ဟာ လက္ရွိ ထိုင္းႏိုင္ငံမွာ သ႐ုပ္ေဆာင္ ေဒါင္းနဲ႔အတူ “From Chaophraya to Ayeyarwaddy” (ေက်ာက္ ဖ ယားမွ ဧရာဝတီသို႔) ဇာတ္လမ္းတြဲ ႐ိုက္ကူးေရး နဲ႔ ၿပီးခဲ့တဲ့ ဒီဇင္ဘာလကတည္းက ေရာက္ရွိေနတာ ျဖစ္ပါတယ္။ ႏွင္းေသြးယုေအာင္ အေနနဲ႔ ျမန္မာႏိုင္ငံမွာ မရွိေနႏိုင္ေပမယ့္ ထိုင္းႏိုင္ငံမွ ေန၍ ျမန္မာနဲ႔ ပတ္သက္တဲ့ သတင္း အခ်က္အလက္မ်ားကို ေဝမွ် ေပးေနၿပီး ေဖေဖာ္ဝါရီလအတြင္းက တႀကိမ္၊ မတ္လမွာ တႀကိမ္ ထိုင္းမီဒီယာမွတဆင့္ ျမန္မာႏိုင္ငံအေၾကာင္း အင္တာဗ်ဴး ေျဖဆိုထားပါ တယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *