တဦးတည်းသောသမီးလေး လမ်းပေါ်ထွက်တာ စိတ်မပူ ဘူးလား လို့ သူများတွေ မေးရင်……သမီးကို စိတ်မပူဘူး … လို့ပဲ ကျနော်ပြန်ဖြေနေခဲ့တာ
သမီးက သွက်တဲ့ကလေး …ထက်တဲ့ ကလေး …
ငယ်ငယ်လေးကတည်းက ဖေဖေဂုဏ်ယူခဲ့ရတဲ့ သမီးလေး … Gz လေးတ ယောက်မို့ …
ဒီမိုကရေစီတိုက်ပွဲမှာ သူစိတ်အားထက်သန်သလို တထောင့်တနေရာက ပြည်သူ နဲ့အတူ ရှိနေခဲ့တဲ့ သမီးလေး …
ချစ်လွန်းလို့ ပိုးဥလေးလို မွေးထားပေမဲ့ တိုက်ကွမ်ဒိုတွေ ကရာတေးတွေဝါသနာ ပါတော့လည်းသင်ခိုင်းစေခဲ့တာပါပဲ …
သမီးလေးက…ဖေဖေ့အသည်းကျော်လေးမို့ဖေဖေ့ ဆံပင်ဆေးဆိုးတာကအစ သမီးလက်လေးနဲ့ထိတွေ့မှ ဖေဖေစိတ်တိုင်းကျတာ…
မနက်က သမီးသူငယ်ချင်းတွေ နဲ့အတူ ထွက်သွားတယ်။ သမီးတို့Gz လေးတွေရဲ့ ကျောပြင်လေးတွေ ငေးရင်း..ခါတိုင်းလိုပဲ…………နေ့လည်သမီးပြန်လာမဲ့အချိန်စောင့်ပီး keyboard ဖိုက်တာလုပ်ဖို့က ဖေဖေ့တာဝန်လေ…
နေ့လည် ph ဖွင့်သတင်းတွေဖတ်မိတော့ မှ ……ဖေဖေ့……… မျက် စိတွေ ဝါးသွားလိုက် ကိုယ်တခုလုံး မြောက်တက်သွားလိုက် ကြီးးးး
ထ ပြေးသွားတယ် …ပြေးတယ် …ထပ်ပြီး…ပြေးတယ် …အသိစိတ်လေ းဝင်မှ ကြည့်လိုက်တော့ …ဖေဖေ ရောက်သွားတာ စစ်မြေပြင်တခု……!
လူတွေကြားထဲ … လူတွေအများကြီးကြားထဲမှာ…လူငယ်လေး တယောက်က…… ဖေဖေ့ကိုတခုခု လှမ်းပေးလိုက်သလိုပဲ..သမီးရဲ့ph လား ?ဖေဖေဝယ်ပေးခဲ့တဲ့နာရီလေးလား…? မသဲကွဲဘူးး …သေချာလား သေချာရဲ့လားဗျာ ???
ဖေဖေ့အတွက်တော့…မြင်ရတဲ့ မြင်ကွင်းကရင်ဘတ်ကြီးကွဲထွက်သွားတဲ့နေ့ပါ သမီးလေးရေ ………😢😢
#နန်းဂျစ်ပွ (3-3-2021)
ပုံလေးတပုံကြည့်ရင်း… မိဘတယောက် အနေနဲ့မျက်ရည် တစစ်စစ်ကျရင်းခံစားရေးဖွဲ့မိပါသည် …………