သမီးငယ် လေး ကို မွေးပြီးပြီး ချင်းနေ့ မှာပဲ ဖမ်းဝရမ်း ထုတ် ခံလိုက် ရတဲ့ သူမ ရဲ့ အဖြစ်ကို ပြောပြလာခဲ့တဲ့ ချမ်း ချမ်း

Posted on

ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်းတစ်ယောက် လက်ရှိ မှာ အီတလီနိုင်ငံတွင် ရောက် ရှိနေပြီး ဒုတိယ သမီးရတနာလေးအား အောင် မြ င် စွာ နဲ့ မွေးဖွားခဲ့ပြီပဲ ဖြစ်ပါတယ်နော်။ ကလေးမမွေးခင် အချိန်ထိကို တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတိုင်းကနေ ကူညီ ခဲ့သူပါနော်။ အ ခု လို ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ၅၀၅(က) ဝရမ်းထုတ် ခြင်း ခံခဲ့ရတာပါနော်။

Facebook Team ကလည်း သူမရဲ့ အကောင့်အား ခုနှစ်ရက် banned ထားတာ ကြောင့် ရက်ပိုင်း လောက် ပျောက်ကွယ်ခဲ့ရတာပါနော်။ ဒီ ည နေမှာ Facebook ပြန်လည်အသုံးပြုလို့ရပြီပဲ ဖြစ်ပြီး သူမရဲ့ Page နဲ့ အကောင့်နှစ်ခုလုံးတွင် ပို့စ်တစ်ခု တင်ထားခဲ့တာပါနော်။ ” ဒီနေ့ fb ပြန်သုံးလို့ရပီ။၇ရက်ပိတ်ခံရလို့ဝမ်းမနည်းဘူး ။ဖမ်းဝရမ်းထုတ်ခံရတာလည်း ဝမ်းမနည်းဘူး ။

သေချာတာတစ်ခုကတော့ ဓမ္မနဲ့အဓမ္မကြားမှာ အာဏာသိမ်း ခံရတဲ့နေ့စကတည်းက ပြတ်ပြတ်သားသား ဓမ္မကိုရွေးချယ်မိတာကိုဘဝမှာဂုဏ် အယူ ဆုံးပဲကိုယ့်အနုပညာမောင်နှမတွေဖမ်းဝရမ်းထုတ်ခံရပီးဖမ်းဆီးခံနေရတာကိုမြင်နေကြားနေရတာ အရမ်းကိုခံပြင်းတယ်အခုလိုမ တ ရားတာတွေခံရလေလေ ကိုယ်တွေကပိုပြီး စိတ်ဓာတ်တွေ ပြင်းထန်လေပဲနော်။ဒီလောက်နဲ့ အလျော့ပေးမယ့်အထဲမှာ ငါတို့အနုပညာ သမား တွေ ပြည်သူတွေ CDMဝန်ထမ်းတွေမပါဘူးဧပြီ၁ရက်နေ့ မှာ သမီးလေးကိုမွေးတယ်

၂ရက်နေ့မှာဖမ်းဝရမ်းထုတ်ခံရတယ်အနုပညာရှင်ဆိုတာ ပြည်သူနဲ့ တစ်သားတည်း ဆိုတာ ဘယ်သူမှငြင်းစရာမလိုပါဘူးတစ်နည်းအားဖြင့် ပြည် သူတွေမတရားခံနေရတဲ့အချိန်မှာ ပြည်သူထဲကပြည်သူတစ်ယောက်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ရောက်ရာနေရာကနေ အာ ဖြည့်ပေးချင်တဲ့ဆန္ဒတစ်ခုပဲရှိတယ်အမှန်တရားအတွက် အတူတွန်း လှန်မယ်အနာဂတ်ရဲ့ကလေးတွေအတွက် မိမဲ့ဖမဲ့ဖြစ်သွားတဲ့သားတွေ သ မီးတွေအတွက်ဆက်ပြီးအားတင်းရှေ့ဆက်ကြရမယ်စစ်အာဏာရှင်လက်အောက်တော့ ပြန်မနေနိုင်တော့ဘူး

မျက်စိပိတ်နားပိတ်လုပ်ခံရတာတို့တွေရဲ့မျိုးဆက်တွေခေတ်မှာထပ် မရှိရတော့ဘူး တိုင်းပြည်အတွက် အ+သက်+ပေးစတေးခဲ့တဲ့သူရဲကော င်း သားတွေသမီးတွေ ..ညီအစ်ကိုမောင်နှမတွေအားလုံးကိုအထူးလေးစားဦးညွတ်ပါတယ်နွေဦးတော်လှန်ရေးအတွက် ပါဝင်အသက်ပေးခဲ့ ကြ သူ တွေကို လေးစားပါတယ် ကောင်းကင်ဘုံမှာ ကျက်သရေအရှိဆုံး လူသားတွေပါ🙏🙏🙏အခုအချိန်မှာဘယ်သူဘယ်ဝါရယ်လို့မခွဲခြားပဲ အ တတ်နိုင်ဆုံး ကူညီကြမယ်နော်

အဝေးရောက်နေသူတွေကလည်း ကိုယ်တတ်နိုင်တဲ့ ဘက်က နေ Twitter တွေ Instagram တွေကနေ ကူညီမယ်ငွေကြေးတတ်နိုင်သူ တွေက CDM ပြည်သူ့ဝန်ထမ်းတွေကိုကူညီမယ်စိတ်ဓါတ်မကျအောင်တစ်ယောက်နဲ့တစ်ယောက်အားပေးကြရအောင်နော် မကြာမီ အမှန် တရားကအနိုင်ရတော့မှာပါယုံကြည်တယ် တတ်နိုင်သမျှ 🙏🙏🙏ဝရမ်း ထုတ်ခံရတဲ့ ပြည်သူတွေ အနုပညာရှင်တွေကိုတတ်နိုင်သမျှ ကူညီ ကာကွယ်ပေးကြပါဦးနော်ပြည်သူထဲကပြည်သူအနေနဲ့အရေးတော်ပုံအောင်ရမည်🙏🙏🙏🙏

#rejectmilitarycoupmyanmar #FlowerStrikeMyanmar ” ဆိုပြီး ရေးသားထားတာပါနော်။Credit

Leave a Reply

Your email address will not be published. Required fields are marked *