သမီးငယ်လေး ရဲ့ ပထမဆုံး မွေးနေ့မှာ မိသားစုနဲ့ အတူမ ရှိ နိုင်လို့ဝမ်းနည်းစွာ တောင်းပန်ရင်း အဝေး ကဆု တောင်း ပေးလိုက်တဲ့ R ဇာနည်

Posted on

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင် အဆိုတော်တစ်ယောက် ဖြစ်သလို တော်လှန်ရေး တိုက်ပွဲကြီးမှာလည်း ပြည်သူတွေ နဲ့ အတူရပ်တည် ကာ ဖေဖော်ဝါရီလအစပိုင်းကတည်းက လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက် ပါဝင်ခဲ့သူကတော့ Rဇာနည်ပဲ ဖြစ်ပါတယ်..။

​တတ်နိုင်သလောက် အကောင်းဆုံးကြိုးစား ပါဝင် အားဖြည့်ခဲ့တာတွေကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရပြီး လက်ရှိမှာ တော့ လုံခြုံရေးအတွက် ရှောင်တိမ်းရင်း အရေးတော်ပုံအတွက်လည်း ကြိုးစားတိုက်ပွဲဝင်နေတဲ့ Rဇာနည် ကတော့ မိသားစုနဲ့ ရင်သွေး လေးတွေကို သတိရလွမ်းနေတဲ့အကြောင်း ပြောပြလာပါတယ်..။

ဒီကနေ့မှာ ပထမဆုံးတစ်နှစ်ပြည့် မွေးနေ့ကျရောက်လာတဲ့ သမီးငယ် မစ်မစ်လေးရဲ့ မွေးနေ့မှာ မိသားစုနဲ့အတူ မရှိနိုင်လို့ ဝမ်းနည်းစိတ် မ ကောင်းစွာ တောင်းပန်ရင်း သမီးလေးအတွက် အဝေးကနေ ဆုတောင်းစကားလေးဆိုလိုက်တာ ဖြစ်ပါတယ်..။

အရမ်းချစ်ရတဲ့ သမီးလေး မစ်မစ်အတွက် မွေးနေ့ဆုတောင်းပေးရင်း အရမ်းလည်း လွမ်းနေတဲ့ အကြောင်းကိုလည်း Rဇာနည်က ရေးသား ပြောပြထားပါသေးတယ်..။

“Happy Birthday 🎊🎉🎂🎁🎈 သမီးငယ်

မစ်မစ်လေး သမီးရဲ ပထမဆုံး တစ်နှစ်ပြည့်မွေးနေ့မှာ ပါပါး သမီးနဲ့အတူရှိမနေနိုင်တာ sorry ပါနော် ပါပါးသမီးလေးကိုအရမ်းလဲလွမ်းတယ် အရမ်းလဲချစ်တယ်နော် သမီးလေး မေဘုန်းဇာနည် တစ်နှစ်ပြည့်မှ နှစ်ပေါင်းများစွာ မိသားစုနဲ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ ကိုယ် ကျန်းမာ စိတ်ချမ်းသာ ပြီး ဘာသာ သာသနာအကျိုး လူသားအားလုံး အကျိုးကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ပါစေ လို့ ပါပါးဆုတောင်းပေးပါတယ် l love you Baby လေး ❤️🥰😘 မွချိ..” ဆိုပြီး မွေးနေ့ဆုတောင်းစကားလေး ဆိုထားတာပါ..။

သမီးငယ်လေးရဲ့ ပထမဆုံးတစ်နှစ်ပြည့် မွေးနေ့လေးမှာ မိသားစုနဲ့အတူ မရှိနိုင် လို့ စိတ်မကောင်းဖြစ်နေတဲ့ Rဇာနည်ကို ပရိသတ်တွေက အားပေးစကားပြောရင်း မစ်မစ်လေးအတွက်လည်း မွေးနေ့ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..

သတင်းအရင်းမြစ်: Zarni Myonyunt’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *