ပရိသတ်ကြီးရေ အဆိုတော်မလေး ပိုပို ကတော့ ဂီတ နယ်ပယ်မှာ အောင်မြင်မှုတွေ ရရှိနေတဲ့ အဆိုရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ ယုံကြည်ရာလမ်းကို အခက်အခဲတွေကြားကနေ အကောင်းဆုံးကြိုးစားခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝ ရရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုပိုကတော့ ဂီတနယ်ပယ်အပြင် သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေ ထဲမှာ ပါဝင် ရိုက်ကူးနေတာလည်း တွေ့ရပါတယ်။
ပိုပိုကတော့ လတ်တလောမှာဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်လှပအောင် အမှန်တရား ကိုလိုလားတဲ့ ပြည်သူပြည်သားတွေနဲ့အတူ အပြည့်အဝရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် နေ့စဥ်အမျှဆိုသလို လမ်းမပေါ်ထွက်ပြီး တစ်ထောင့်တစ်နေရာကနေ အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ လူထုလှုပ်ရှားမှုမှာ ပါဝင် ခဲ့တဲ့ အမှတ်တရပုံလေးတွေကိုလည်း ချစ်တဲ့ ပရိသတ်တွေကို ပြန်လည်ဖော်ပြပေးတာ တွေ့ရပါတယ်။ ယနေ့မှာလည်း ပိုပိုက လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပုံရိပ်လေးတွေကို ထပ်မံတင်ပေး လာခဲ့ပါတယ်။
ဒီပုံလေးတွေကတော့ ပိုပိုက ဂီတအနုပညာ မောင်နှမတွေနဲ့အတူ လမ်းမပေါ်ထွက်ပြီး အားကြိုးမာန်တက်ဖြင့် သနပ်ခါး Campaignမှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ပိုပိုက “အမေ့ ပြန်အလာကို သနပ်ခါး လိမ်းပြီး စောင့်နေ ကြတယ် အမေစု သမ္မတကြီးနဲ့ အနုပညာရှင်များကို လွှတ်ပေးဖို့ တောင်းဆိုပါတယ် ” ဆိုပြီး စိတ်မကောင်းစွာ ရေးသား ဖော်ပြထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ သနပ်ခါးCampaign မှာ ပါဝင်ခဲ့တဲ့ ပိုပိုရဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Photo Credit – PoPo fb account
zawgyi
ပရိသတ္ႀကီးေရ အဆိုေတာ္မေလး ပိုပို ကေတာ့ ဂီတ နယ္ပယ္မွာ ေအာင္ျမင္မႈေတြ ရရွိေနတဲ့ အဆိုရွင္ေတြထဲမွာ တစ္ေယာက္အပါအဝင္ပဲျဖစ္ပါတယ္။ ယုံၾကည္ရာလမ္းကို အခက္အခဲေတြၾကားကေန အေကာင္းဆုံးႀကိဳးစားခဲ့ၿပီး ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို အျပည့္အဝ ရရွိထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ပိုပိုကေတာ့ ဂီတနယ္ပယ္အျပင္ သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔ ဗီဒီယို ဇာတ္ကားေတြ ထဲမွာ ပါဝင္ ႐ိုက္ကူးေနတာလည္း ေတြ႕ရပါတယ္။
ပိုပိုကေတာ့ လတ္တေလာမွာဆိုရင္ တိုင္းျပည္ရဲ႕ အနာဂတ္လွပေအာင္ အမွန္တရား ကိုလိုလားတဲ့ ျပည္သူျပည္သားေတြနဲ႔အတူ အျပည့္အဝရပ္တည္ခဲ့ပါတယ္။ ဒါ့အျပင္ ေန႔စဥ္အမွ်ဆိုသလို လမ္းမေပၚထြက္ၿပီး တစ္ေထာင့္တစ္ေနရာကေန အုပ္တစ္ခ်ပ္သဲတစ္ပြင့္အေနနဲ႔ လူထုလႈပ္ရွားမႈမွာ ပါဝင္ ခဲ့တဲ့ အမွတ္တရပုံေလးေတြကိုလည္း ခ်စ္တဲ့ ပရိသတ္ေတြကို ျပန္လည္ေဖာ္ျပေပးတာ ေတြ႕ရပါတယ္။ ယေန႔မွာလည္း ပိုပိုက လူထုလႈပ္ရွားမႈမွာ ပါဝင္ခဲ့တဲ့ ပုံရိပ္ေလးေတြကို ထပ္မံတင္ေပး လာခဲ့ပါတယ္။
ဒီပုံေလးေတြကေတာ့ ပိုပိုက ဂီတအႏုပညာ ေမာင္ႏွမေတြနဲ႔အတူ လမ္းမေပၚထြက္ၿပီး အားႀကိဳးမာန္တက္ျဖင့္ သနပ္ခါး Campaignမွာ ပါဝင္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါ့အျပင္ ပိုပိုက “အေမ့ ျပန္အလာကို သနပ္ခါး လိမ္းၿပီး ေစာင့္ေန ၾကတယ္ အေမစု သမၼတႀကီးနဲ႔ အႏုပညာရွင္မ်ားကို လႊတ္ေပးဖို႔ ေတာင္းဆိုပါတယ္ ” ဆိုၿပီး စိတ္မေကာင္းစြာ ေရးသား ေဖာ္ျပထားပါတယ္။ ကဲ..ပရိသတ္ႀကီးေရ သနပ္ခါးCampaign မွာ ပါဝင္ခဲ့တဲ့ ပိုပိုရဲ႕ အမွတ္တရ ပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။
Photo Credit – PoPo fb account