သနပ်ခါး ကမ်ပိန်းလေးမှာ ပါဝင်ခဲ့တဲ့အပြင် လူထု လှုပ်ရှားမှု ပြုလုပ်နေတဲ့ပြည်သူတွေကို အစားအသောက် များ ဝေငှခဲ့တဲ့ ပက်ထရစ်ရှာ

Posted on

ဆွဲဆောင်မှုရှိရှိ ဟန်ပန်အမူအရာလေးနဲ့ မြင်သူတိုင်းအားကျရတဲ့ ခန္ဓာကိုယ်လေး ကို ပိုင်ဆိုင်ထားတဲ့ ပက်ထရစ်ရှာ ကို သိကြမယ်ထင်ပါတယ်နော်။သူမကတော့ ငယ်ရွယ်တက်ကြွပြီး နိုင်ငံခြားမင်းသမီးတွေလို မျက်နှာနဲ့ ဆွဲဆောင်မှုရှိသူလေး ဖြစ်ပါတယ်။ sexy ကျကျနဲ့ လန်းလွန်းတဲ့သူမရဲ့ အလန်းစား ပုံလေးတွေကလည်း ပရိသတ်တွေကြားမှာရေပန်းစားလူကြိုက်များတာတွေ့ရပါတယ်။

ရှာရှာလို့ချစ်စနိုးခေါ်ကြတဲ့ သူမကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ မှာလည်း ပြည်သူတွေ နဲ့အတူ ရပ်တည်ခဲ့သလို ဒီအခြေအနေကြီးကို နိုင်ငံတကာကသူတွေသိအောင်လည်း သူရဲ့အကောင့်တွေနေ မျိုးစုံတင်ကာ ကူညီဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေဟာလည်း တစ်ရက်ထက် တစ်ရက် အားကောင်းလာသလို အလှူရှင်များ ကလည်း လူထု လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေကို လိုအပ်တာမှန်သမျှလှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။

အခုလည်းရှာရှာတစ်ယောက် သနပ်ခါး ကမ်ပိန်းလေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့တဲ့ အပြင် လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေ အမောပြေ အဆာပြေ စားသောက်နိုင်စေရန် မုန့်များလိုက်ဝေငှခဲ့တာလည်းဖြစ်ပါတယ်။ ပုံတွေကြည့်ပြီး လေးစားမိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း အားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ ဆုတောင်ပေး လိုက်ပါတယ်။

Source & Photo Credit : Sue Sha Naing Facebook Account

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *