ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ယောကျ်ားလေး မိန်းကလေး မရွေး အားလုံးက ချစ်ခင်အားပေးကြပြီး အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်အဖြစ် ရပ်တည် လျှောက်လှမ်းနေသူSkincareိုတော်သရုပ်ဆောင် နန်းဆုရတီစိုးပဲ ဖြစ်ပါတယ်..။ စိတ်ထားလေးလည်း ချစ်စရာကောင်းတဲ့ နန်းဆုလေးဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ တက်တက် ကြွကြွပါဝင်အားဖြည့်ကာ လူထု လှုပ်ရှားမှုတွေ မှာ ပါဝင်နေသူလေးလည်း ဖြစ်ပါတယ်နော်..။ လူထု လှုပ်ရှားမှုတွေမှာ မကြာခဏဆိုသလို တွေ့မြင်နေရတဲ့ နန်းဆုကေတော့ ဖေဖော်ဝါရီ(၂၅)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြတဲ့ သနပ်ခါးကမ်ပိန်းမှာလည်း ကိုယ်တိုင် ကိုယ် ကျသနပ်ခါးလေး လိမ်းကာ ပါဝင်ခဲ့သလို ပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်..။
နန်းဆုလေးဟာ သူငယ်ချင်း တွေ နဲ့အတူ သနပ်ခါးကမ်ပိန်းမှာပါဝင်ပြီး ရေသန့်ဗူးတွေနဲ့ Skincare တွေအပြင် ပြည်သူတွေအတွက် စဉ်းစားဖြည့်တွေးပြီး လိုအပ်တာတွေ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်နော်..။ “သနပ်ခါးတိုက်ပွဲ (25.2.2021) ပြည်သူထဲကပြည်သူ မတရားမှုကိုဆန့်ကျင်တဲ့ပြည်သူတွေထဲက ပြည်သူ အားလုံး ရဲ့ အနာဂတ်အတွက် အရေးတော်ပုံ အောင်ရမည် !
Feb25Coup သနပ်ခါးတိုက်ပွဲ ဒီနေ့ အလှူရေသန့်ကဒ် 200 နဲ့ Haffey skincare 1000..” ဆိုပြီး သူမရဲ့ပုံရိပ်လေးတွေ ကို ဝေမျှထား တာပါ..။ သနပ်ခါး ကမ်ပိန်းလေးမှာ ပြည်သူတွေအတွက် စဉ်းစားဖြည့်တွေးပြီး လိုအပ်တာလေးတွေကို ပါဝင်အားဖြည့်လှူဒါန်းခဲ့တဲ့ နန်းဆုလေးရဲ့ စိတ်ထားလေး ကိုလည်း သဘောကျကာ အားပေးစကားလေး တွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။
Photo Credit – Nansu Yati Soe’s Fb Acc