သတင်းမှန် တွေ မနားတမ်း တင်ပေးနေပေမယ့် မဟုတ်မမှန် စွပ်စွပ် ချက်တွေ နဲ့ တိုက်ခိုက် ခံနေရတဲ့ ဟန်နာယူရီ

Posted on

ဖေဖော်ဝါရီ (၁) ရက်နေ့ ကတည်းက ယနေ့ အချိန်ထိ ဘာဝင်ငွေမှ မရှိတော့သလို အပ်ထားတဲ့ အလုပ်တွေ အချိန်မီမပြီးနိုင်ခဲ့တာကြောင့် လုပ်ငန်းရှင်တွေကိုတောင် ငွေပြန်လျော်ရတဲ့အခြေအနေထိဖြစ်လာခဲ့တဲ့ မော်ဒယ်ဟန်နာယူရီဟာ အမှန်တရားရဲ့ ဘက်တော်သား စစ်စစ်ဖြစ်ပြီး နိုင်ငံ့အရေးနဲ့ ပတ်သက်တဲ့ သတင်းအမှန်တွေကို သူမရဲ့ လူမှုကွန်ယက်ကနေ တဆင့် တစ်ကမ္ဘာလုံး သိစေဖို့အတွက် ကြိုးစားပေးနေခဲ့ပါ တယ်။ ကိုယ်တိုင်ဝင်ငွေမရှိပေမယ့်လည်း ဒီကိစ္စကိုအရေးမထားဘဲ တိုင်းပြည်အရေးအတွက်သာ တတ်နိုင်တဲ့ဖက်ကကြိုးစားပြီး အချိန်ပြည့် သတင်းမှန်တွေ ဝေမျှပေးနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။

လက်ရှိမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့စာရင်းအမှန်ကို တင်ပြရာ မှာတော့ မလိုသူတစ်ယောက်က ” Media ပေါင်းစုံက (၂၀၀) ကျော်ပဲကြေငြာတာပါ ညီမကဒေါ်လာဘယ်လောက်ရလို့ သောက်တလွဲ ပြောရတာလဲ ” ဆိုပြီး လာရောက် ပြောဆိုခဲ့ပါတယ်။ ဒီလိုပြော ဆိုခဲ့သူ ကိုတော့ ယိမ်းက ” သတင်းတွေ တင်နေတာ ဒေါ်လာစားနေရလို့တဲ့ ကွယ် ပေးတဲ့ဆုနဲ့ပြည့်ပါစေ ရှေ့လျှောက် Korea မှာ thai မှာ ဒေါ်လာတွေ နဲ့ပဲ အလုပ်တွေ လက်ခံရပါစေ ” ဟုဆိုကာ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။ အမှန်တရားအတွက် ကြိုးစားနေချိန်မှာ ဒီလိုတိုက်ခိုက်မှုတွေကတော့ ကြုံရစမြဲပါ။

ဒီနောက်မှာလည်း သူမရဲ့လက်ရှိအခြေအနေကို ” February (1) ထဲက ငါးကျပ်တောင် ဝင်ငွေ မရှိဘူး တွေးရင်း ဝမ်းနည်းကိုယ့်ဘဝကိုယ်ကိုတောင်။ ခုလိုဒေါ်လာတွေရတယ် ဒေါ်လာစား ဆိုတဲ့စကားမှန်ပါစေ အနာဂတ်မှာဒေါ်လာတွေနဲ့ အလုပ်လေးတွေလုပ်ခွင့်ရပါစေ 😇 ” ဆိုပြီး ခပ်နောက် နောက်လေး ပြောခဲ့ပါသေးတယ်။ ယိမ်းလေးတောင်းတဲ့ဆု အမြန်ဆုံးပြည့်ပြီး ဒီထက်အောင်မြင်ပေါက်ရောက်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit – Hanna Yuri’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *