ပရိသတ်ကြီးရေ.. သရုပ်ဆောင်ပိုင်းမှာ ပရိသတ်တွေရဲ့တသ်ခဲနက် အချစ်တွေ ကို ရရှိထားကြတဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ ညီအစ်မအရင်းတွေလို ချစ်ခင်ရင်းနှီးကြသူတွေပါပဲ..။ အတူသွား အတူလာ အမြဲတတွဲတွဲနဲ့ရှိကြတဲ့ သဲနဲ့ ယွန်းယွန်းတို့လက်ရှိအခြေအနေတွေ မှာလည်း ပြည်သူတွေနဲ့အတူရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာ တက်နိုင်သလောက်ပါဝင် လှုပ်ရှားနေပြီး အခုဆိုရင်သဲကတော့ မိသားစုလိုက်နေအိမ်ကနေရှောင်တိမ်းနေရတာ တွေ့ရပါတယ်..။
ယွန်းယွန်းကတော့ ညီအစ်မအရင်းတွေကိုချစ်ရတဲ့ သူငယ်ချင်းဖြစ်သူ သဇင်ထူးမြင့် အတွက် စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းစိတ်ပူနေသလို ဖမ်းဆီးခံထားရတဲ့ ကျောင်းနေဘက်သူငယ်ချင်းတွေ အတွက်လည်း စိုးရိမ်နေရတဲ့ အကြောင်းလေးကို ရင်ဖွင့်ပြောပြလာပါတယ်..။ သေချာပေါက်ပြန်တွေ့ကြမယ်ဆိုတဲ့သဇင်ထူးမြင့်ကို စောင့်နေမယ်ဆိုပြီး စိတ်မကောင်းစွာ အားပေးစကားလေးပြန်လည်ပြောထားတာလေးကို ယွန်းယွန်းက ဝမ်းနည်းစွာဝေမျှရင်း ရင်ဖွင့်ထားတာပဲ ဖြစ်ပါတယ်..။
“၇ရက်ရှိပါပြီ.. သူငယ်ချင်းလဲ ပါသွားပါတယ် ။ ဘယ်ချိန်ထိ ချုပ်နှောင်ထား မှာလဲဟင်..? အထဲကသူငယ်ချင်းတွေကိုတော့ GenZ တွေ မို့စိတ်ဓာတ်မကျမှာ ယုံကြည်ပေမယ့် အပြင်ကမိဘတွေ မိသားစုတွေ စိတ်ထိခိုက်နေရပါပြီ.. ကျောင်းသားတွေကို ပြန်ပေးပါတော့ 💔 ကူညီနိုင်တဲ့သူတွေ ကူညီပေးကြပါ 🙏🏻..” ဆိုပြီး ဝမ်းနည်းစွာရေးသားထားတာပါ..။ ပြည်သူပရိသတ်တွေကလည်း ယွန်းယွန်းနဲ့အတူ ထပ်တူခံစားကြရတဲ့ အကြောင်းလေးတွေကို comment တွေမှာ စိတ်မကောင်းစွာ ရေးသားပြောထားကြတာလည်း တွေ့ရပါတယ်..။
Photo Credit – Yoon Yoon’s Fb Acc
zawgyi
ပရိသတ္ႀကီးေရ.. သ႐ုပ္ေဆာင္ပိုင္းမွာ ပရိသတ္ေတြရဲ႕တသ္ခဲနက္ အခ်စ္ေတြ ကို ရရွိထားၾကတဲ့ အႏုပညာရွင္ေတြျဖစ္ၾကတဲ့ ယြန္းယြန္းနဲ႔ သဇင္ထူးျမင့္တို႔ သူငယ္ခ်င္းႏွစ္ေယာက္ကေတာ့ ညီအစ္မအရင္းေတြလို ခ်စ္ခင္ရင္းႏွီးၾကသူေတြပါပဲ..။ အတူသြား အတူလာ အၿမဲတတြဲတြဲနဲ႔ရွိၾကတဲ့ သဲနဲ႔ ယြန္းယြန္းတို႔လက္ရွိအေျခအေနေတြ မွာလည္း ျပည္သူေတြနဲ႔အတူရပ္တည္ကာ လူထုလႈပ္ရွားမႈေတြမွာ တက္ႏိုင္သေလာက္ပါဝင္ လႈပ္ရွားေနၿပီး အခုဆိုရင္သဲကေတာ့ မိသားစုလိုက္ေနအိမ္ကေနေရွာင္တိမ္းေနရတာ ေတြ႕ရပါတယ္..။
ယြန္းယြန္းကေတာ့ ညီအစ္မအရင္းေတြကိုခ်စ္ရတဲ့ သူငယ္ခ်င္းျဖစ္သူ သဇင္ထူးျမင့္ အတြက္ စိတ္မေကာင္းျဖစ္ကာ ဝမ္းနည္းစိတ္ပူေနသလို ဖမ္းဆီးခံထားရတဲ့ ေက်ာင္းေနဘက္သူငယ္ခ်င္းေတြ အတြက္လည္း စိုးရိမ္ေနရတဲ့ အေၾကာင္းေလးကို ရင္ဖြင့္ေျပာျပလာပါတယ္..။ ေသခ်ာေပါက္ျပန္ေတြ႕ၾကမယ္ဆိုတဲ့သဇင္ထူးျမင့္ကို ေစာင့္ေနမယ္ဆိုၿပီး စိတ္မေကာင္းစြာ အားေပးစကားေလးျပန္လည္ေျပာထားတာေလးကို ယြန္းယြန္းက ဝမ္းနည္းစြာေဝမွ်ရင္း ရင္ဖြင့္ထားတာပဲ ျဖစ္ပါတယ္..။
“၇ရက္ရွိပါၿပီ.. သူငယ္ခ်င္းလဲ ပါသြားပါတယ္ ။ ဘယ္ခ်ိန္ထိ ခ်ဳပ္ေႏွာင္ထား မွာလဲဟင္..? အထဲကသူငယ္ခ်င္းေတြကိုေတာ့ GenZ ေတြ မို႔စိတ္ဓာတ္မက်မွာ ယုံၾကည္ေပမယ့္ အျပင္ကမိဘေတြ မိသားစုေတြ စိတ္ထိခိုက္ေနရပါၿပီ.. ေက်ာင္းသားေတြကို ျပန္ေပးပါေတာ့ 💔 ကူညီႏိုင္တဲ့သူေတြ ကူညီေပးၾကပါ 🙏🏻..” ဆိုၿပီး ဝမ္းနည္းစြာေရးသားထားတာပါ..။ ျပည္သူပရိသတ္ေတြကလည္း ယြန္းယြန္းနဲ႔အတူ ထပ္တူခံစားၾကရတဲ့ အေၾကာင္းေလးေတြကို comment ေတြမွာ စိတ္မေကာင္းစြာ ေရးသားေျပာထားၾကတာလည္း ေတြ႕ရပါတယ္..။
Photo Credit – Yoon Yoon’s Fb Acc