ဖြူဖွေးဥတဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားပြီး မြင်သူတိုင်း ချစ်မဝ ဖြစ်နေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဆောင်းယွန်းစံပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာလှုပ်ရှားမှုတွေကို တဖြည်းဖြည်းနဲ့လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးနေကြတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း ကြော်ငြာ လေးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေးနေသူပါ။
မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ဆောင်းယွန်းရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ စာလေးတွေ ရေးထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သစ်သီးမြင်တာနဲ့ကြောက်တတ်တာကြောင့် အတင်းလာကျွေးရင်တောင်အသေသာခံလိုက်မယ်လို့ပွင့်ပွင့်လင်းလင်းပြောလိုက်တာပဲ ဖြစ်ပါတယ်။ သူမကလည်း ” ဘဝ ဝဋ်ကြွေးကလည်းတော်တော်ဆိုးတာပဲနော် ..
ဘာလို့သစ်သီးတွေကို ကြောက်ရတာလဲ.? တစ်ခါတစ်လေကျရင် ခုဘဝကို မြန်မြန် ကုန်ဆုံးသွားစေချင်တယ်.. နောက်ဘဝဆိုတာ ရှိရင် အခုလို သစ်သီးတွေကို ကြောက်မှာမဟုတ်ဘူး ” ” သစ်သီးနဲ့ပတ်သတ်ရင် အသေခံရမယ်ဆို အသေပဲ ခံမယ်.. အဲ့သစ်သီး ဘယ်တော့မှ မစားဘူး. တောင်းပန်ပါတယ် . သစ်သီးနဲ့ပတ်သတ်ပီး blameတာတွေ တော်ပါတော့.. ကိုယ့်အားနဲချက်နဲ့ကိုယ်ပါ. ဘယ်သူ့ကိုမှ လည်း မထိခိုက်ပါဘူး.. တောင်းပန်ပါတယ်..” ဆိုပြီး ရေးသားထားပြီး ဆောင်းယွန်းရဲ့ ပရိသတ်တွေကလည်း သူမကို အားပေးစကားတွေ ပြောထားကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သိရှိနိုင်အောင် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Saung Yoon San’s Facebook Account
zawgyi