သစ်တံခါးဆရာတော်ဝါဆိုခဲ့တဲ့ မြသုခကျောင်းတိုက်မှာ တစ်ပါးကျောင်းဆောင် နှင့် ညောင်ဆယ်ပင် အဓိဌာန်ဝင်သူများအတွက် အမိုးအကာအခင်းများလှုဒါန်းပေးလိုက်တဲ့ စမိုင်းလ်

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် စမိုင်းလ်ကတော့ လတ်တလောမှာကျောင်းဆောင်အလှူတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပြန်ပါတယ်။စမိုင်းလ်ကတော့ အလှူအတန်းတွေကို ရက်ရောစွာလှူဒါန်းလေ့ရှိတဲ့အပြင် ဘာသာ သာသနာအတွက် လိုအပ်တဲ့လှူဒါန်းမှုတွေကိုလည်း အမြဲလိုလို ပြုလုပ်လေ့ရှိပါသေးတယ်။

အခုတစ်ခေါက်မှာလည်း စမိုင်းလ်တို့မိသားစုက သစ်တံခါးဆရာတော်ဝါဆိုခဲ့တဲ့ မြဝတီမြို့ မြသုခကျောင်းတိုက်မှာ တစ်ပါးကျောင်းဆောင်ဆောက်လုပ်လှူဒါန်းပေးလိုက်ပြန်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ညောင်(၁၀)ပင်အဓိဋ္ဌာန်ဝင်သူတွေအတွက်လည်း စိတ်အေးချမ်းသာစွာနဲ့ အဓိဋ္ဌာန်ပြုလုပ်နိုင်အောင် အမိုးအကာနဲ့အခင်းတွေကိုလည်း လှူဒါန်းပေးခဲ့ပါသေးတယ်။

စမိုင်းလ်ကတော့ သူ့ရဲ့အလှူလေးကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်စေဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးတွေလည်း စမိုင်းလ်တို့မိသားစုရဲ့အလှူလေးကို မုဒိတာပွား သာဓုခေါ်ဆိုကြည်နူးနိုင်စေဖို့ CeleZone ကနေ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Chilli – CeleZone
Source – စမိုင်းလ် Smile

zawgyi

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ သ႐ုပ္ေဆာင္ စမိုင္းလ္ကေတာ့ လတ္တေလာမွာေက်ာင္းေဆာင္အလႉတစ္ခုကို ထပ္မံျပဳလုပ္ခဲ့ျပန္ပါတယ္။စမိုင္းလ္ကေတာ့ အလႉအတန္းေတြကို ရက္ေရာစြာလႉဒါန္းေလ့ရွိတဲ့အျပင္ ဘာသာ သာသနာအတြက္ လိုအပ္တဲ့လႉဒါန္းမႈေတြကိုလည္း အၿမဲလိုလို ျပဳလုပ္ေလ့ရွိပါေသးတယ္။

အခုတစ္ေခါက္မွာလည္း စမိုင္းလ္တို႔မိသားစုက သစ္တံခါးဆရာေတာ္ဝါဆိုခဲ့တဲ့ ျမဝတီၿမိဳ႕ ျမသုခေက်ာင္းတိုက္မွာ တစ္ပါးေက်ာင္းေဆာင္ေဆာက္လုပ္လႉဒါန္းေပးလိုက္ျပန္တာပဲျဖစ္ပါတယ္။ ဒါ့အျပင္ ေညာင္(၁၀)ပင္အဓိ႒ာန္ဝင္သူေတြအတြက္လည္း စိတ္ေအးခ်မ္းသာစြာနဲ႔ အဓိ႒ာန္ျပဳလုပ္ႏိုင္ေအာင္ အမိုးအကာနဲ႔အခင္းေတြကိုလည္း လႉဒါန္းေပးခဲ့ပါေသးတယ္။

စမိုင္းလ္ကေတာ့ သူ႔ရဲ႕အလႉေလးကို ပရိသတ္ေတြ သာဓုေခၚဆိုႏိုင္ေစဖို႔ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနၿပီးေတာ့ မွ်ေဝေဖာ္ျပထားခဲ့တာပဲျဖစ္ပါတယ္။ CeleZone ပရိသတ္ႀကီးေတြလည္း စမိုင္းလ္တို႔မိသားစုရဲ႕အလႉေလးကို မုဒိတာပြား သာဓုေခၚဆိုၾကည္ႏူးႏိုင္ေစဖို႔ CeleZone ကေန ျပန္လည္မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Chilli – CeleZone
Source – စမိုင္းလ္ Smile

Leave a Reply

Your email address will not be published. Required fields are marked *