သင် ခဏခဏ မေ့တတ်နေရင် ဒီနည်းလေးတွေ လုပ်ကြည့်ပါ မမေ့စေတော့ပါဘူး

Posted on

(၁) တရားထိုင်ပါ

တရားထိုင်တာက စိတ်ကို တည်ငြိမ်အောင် ပြုလုပ်ပြီး အလုပ်လုပ်တဲ့ အာရုံတွေကို အနားပေးခြင်း တစ်မျိုး ဖြစ်ပါတယ်။ တရားထိုင်ခြင်းကြောင့် စိတ်ကို ပိုတည်ငြိမ်စေပြီး အာရုံစူးစိုက်မှုအားတွေ ပိုကောင်းလာေ စပါတယ်။ မှတ်ဉာဏ်စွမ်းရည်ကို မြင့်စေတာမို့ ပုံမှန်လေး ထိုင်ပေး နိုင်ရင်တော့ အကောင်းဆုံးပေါ့နော်။

(၂) စာအုပ်မှာ ရေးမှတ်ပါ

နှစ်ထပ်ရှိမှ မှတ်မိတယ် ဆိုတာ ပြောလေ့ ရှိကြတယ်မလား။ အဲ့သည့် နည်းကလည်း တကယ် အသုံးဝင်တယ်နော်။ လွယ်လွယ်မှတ်လိုက် မေ့လိုက် ဖြစ်နေတာ မျိုးတွေကို လျော့သွားစေချင်ရင် မှတ်ချင်တဲ့အရာတွေကို ခေါင်းထဲမှာ မှတ်သလို မှတ်စုထဲမှာသာ ရေးမှတ်လိုက်ရင် ပြန်စဉ်းစားတဲ့အခါ မှတ်စု လှန်စရာမလိုဘဲ မှတ်မိနေမှာပါနော်။ မေ့နေရင်လည်း လှန်ကြည့်လိုက်ရုံပါပဲနော်။

(၃) အိပ်ချိန် ထချိန် မှန်ပါစေ

အိပ်သင့်တဲ့အချိန်မှာ အိပ်ခြင်းကလည်း ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုကောင်းမွန်စေပါတယ်။ ညဘက် လူတွေ အိပ်မောကျ အနားယူတဲ့အချိန်မှာ ဦးနှောက်က လုပ်ငန်းတွေ အလုပ်လုပ်ပြီး မှတ်ဉာဏ်တွေကို မှတ်သင့်တာမှတ် ဖျက်သင့်တာ ဖျက်ပြီး ဦးနှောက် စွမ်းဆောင်ရည်ကောင်းအောင် ပြုလုပ်ပေးပါတယ်။

ဒီတော့ ဦးနှောက်ရဲ့ အလုပ်တွေကို ညဘက်တွေ မအိပ်ဘဲ သွားအနှောင့်အယှက်ပေးရင်တော့ မှတ်ဉာဏ်ကောင်းဖို့ ဝေးသွားမှာပါနော်။

(၄) လေ့လာမှုတွေ နားမထားပါနဲ့

ပုံမှန်လေး အလုပ်မလုပ်ဖြစ်တာနဲ့ ပစ္စည်းတွေ စွမ်းဆောင်ရည်လျော့သလို ဦးနှောက်လည်း လျော့ပါတယ်။ ဒါကြောင့် ဦးနှောက် မသုံးဘဲ နားနားနေနေ နေတာမျိုးက အရမ်း အန္တရာယ်များပါတယ်။ အနည်းဆုံးတော့ စာအုပ်တွေ ဖတ်ပြီး အကြောင်းအရာတွေ ဖတ်တာကလည်း မှတ်ဉာဏ်အားနည်းတာအတွက် အသုံးဝင်တဲ့ လေ့ကျင့်ခန်း တစ်ခုပါပဲ။

(၅)စိတ်ဖိစီးမှု လျှော့ချပါ

စိတ်ဖိစီးတဲ့အခါတွေမှာ ဦးနှောက်တွေက ခံစားချက်တွေနဲ့ ရောထွေးပြီး ပုံမှန် အလုပ်မလုပ်တတ်ပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုတွေ နည်းနိုင်သမျှ နိုင်အောင် လုပ်ပြီး မှတ်ဉာဏ်စွမ်းရည်တွေကို မထိခိုက်အောင် သတိထား ဆင်ခြင်တာက အကောင်းဆုံး ဖြစ်နေပါတယ်နော်။

ငယ်ငယ် ကလောက် ဉာဏ်မေ ကာင်းတော့ဘဲ မေ့တတ် လာတယ် ဆိုပြီး စိတ်မေ ကာင်း ဖြစ်မနေ ပါနဲ့။ ဦးနှောက် ကလည်း ဓားလိုပဲ သွေးလေ ထွက်လေ ဆိုတာကို အကုန်သိ ပြီးကြမှာပါ။ ဒီတော့ မှတ်ဉာဏ်တွေ ကောင်းဖို့ အတွက် ဦးနှောက်အတွက် လေ့ကျင့်ခန်း အချို့ လုပ်ပေးရင် အကောင်းဆုံး ပါပဲ။

L.K.T

Leave a Reply

Your email address will not be published. Required fields are marked *