သင်္ကြန် အကြိုနေ့ မှာပဲ အတာရေ အိုးတွေ နဲ့ ငြိမ်းချမ်း စွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ စမ်းချောင်းက ပြည်သူများ

Posted on

ဒီနေ့ ဧပြီလ (၁၃) ရက်နေ့ဟာဆိုရင် မြန်မာပြည်သူ ပြည်သားတွေ မြတ်နိုး တန်ဖိုးထားကြတဲ့ သင်္ကြန်ပွဲတော် အကြိုနေလေးပဲဖြစ်ပါတယ်။လတ်တလောဖြစ်ပေါ်နေတဲ့ ဒီလို အခြေအနေဆိုးကြီးမှာဆိုရင်တော့ သင်္ကြန်ပွဲတော်ကြီးကို မြန်မာနိုင်ငံအနှံအပြားက ပြည်သူတွေ ဟာ ညီညီညွတ်ညွတ်နဲ့ လူငယ်တွေကအစ မဆင်နွှဲကြတာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။

ဒါပေမယ့် ဒီနေ့မှာတော့ အတာအိုးလေးတွေကို အရောင်လေးတွေမျိုး စုံခြယ်သကာ မိမိတို့စိတ်ထဲက ခံစားချက်လေးတွေကို ချရေးရင်း နေရာအနှံအပြားမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာကိုလည်းတွေ့မြင်ရပါတယ်။တစ်ချို့ကလည်း မုန့်လုံးရေပေါ်တွေကို လုံးရင်း နွေဦးတော် လှန်ရေး ခေါင်းစဉ်တွေနဲ့ လှုပ်ရှားမှုမျိုးစုံကို ဖန်တီးကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာကိုလည်း တွေ့မြင်ရပါတယ်။

ဒီလို အတာရေအိုးနဲ့ ဆန္ဒထုတ်ဖော်ကြတဲ့ မြို့နယ်တွေထဲမှာ စမ်းချောင်း ကပြည်သူတွေလည်း အပါအဝင်ပါပဲနော် ။ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပြည်သူတစ်ဦးဟာဆိုရင်လည်း ” ” အတာအိုး ဆန္ဒထုတ်ဖော်မှုပြုလုပ်ရတဲ့အကြောင်းရင်းကတော့ ကျွန်တော်တို့ ဒီနှစ်သင်္ကြန်က ပျော်စရာသင်္ကြန်မဟုတ်တော့ဘူး၊ ပြည်သူတစ်ရပ်လုံးအခက်အခဲဖြစ်နေတဲ့အချိန်မှာ အပျော်တွေလုပ်နေဖို့ထက်၊ အာဏာရှင်စနစ်အမြန်ဆုံးပျောက်သွားဖို့ကိုပဲကျွန်တော်တို့ စိတ်ထဲရှိတော့တယ်။ အဲ့တာကြောင့် ဒီနေ့မနက် အတာအိုး လူထုလှုပ်ရှားမှုမှာလည်း အတားအဆီးတွေနဲ့ ဘယ်လိုပဲဝင်ဖမ်းဖမ်း၊ ဘယ်လိုပဲဖြိုခွဲခဲ့ပါစေ၊ ကျွန်တော်တို့တွေ အောင်မြင်အောင်လုပ်နိုင်ခဲ့ပါတယ် ” လို့ သူရဲ့ ခံစားချက်တွေကို ခုလိုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

Photo By Myanmarload

zawgyi

ဒီေန႔ ဧၿပီလ (၁၃) ရက္ေန႔ဟာဆိုရင္ ျမန္မာျပည္သူ ျပည္သားေတြ ျမတ္ႏိုး တန္ဖိုးထားၾကတဲ့ သၾကၤန္ပြဲေတာ္ အႀကိဳေနေလးပဲျဖစ္ပါတယ္။လတ္တေလာျဖစ္ေပၚေနတဲ့ ဒီလို အေျခအေနဆိုးႀကီးမွာဆိုရင္ေတာ့ သၾကၤန္ပြဲေတာ္ႀကီးကို ျမန္မာႏိုင္ငံအႏွံအျပားက ျပည္သူေတြ ဟာ ညီညီၫြတ္ၫြတ္နဲ႔ လူငယ္ေတြကအစ မဆင္ႏႊဲၾကတာကိုလည္း ေလးစားစြာေတြ႕ျမင္ရပါတယ္။

ဒါေပမယ့္ ဒီေန႔မွာေတာ့ အတာအိုးေလးေတြကို အေရာင္ေလးေတြမ်ိဳး စုံျခယ္သကာ မိမိတို႔စိတ္ထဲက ခံစားခ်က္ေလးေတြကို ခ်ေရးရင္း ေနရာအႏွံအျပားမွာ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ေနၾကတာကိုလည္းေတြ႕ျမင္ရပါတယ္။တစ္ခ်ိဳ႕ကလည္း မုန႔္လုံးေရေပၚေတြကို လုံးရင္း ေႏြဦးေတာ္ လွန္ေရး ေခါင္းစဥ္ေတြနဲ႔ လႈပ္ရွားမႈမ်ိဳးစုံကို ဖန္တီးကာ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ေနၾကတာကိုလည္း ေတြ႕ျမင္ရပါတယ္။

ဒီလို အတာေရအိုးနဲ႔ ဆႏၵထုတ္ေဖာ္ၾကတဲ့ ၿမိဳ႕နယ္ေတြထဲမွာ စမ္းေခ်ာင္း ကျပည္သူေတြလည္း အပါအဝင္ပါပဲေနာ္ ။ဒီလႈပ္ရွားမႈမွာ ပါဝင္ခဲ့တဲ့ ျပည္သူတစ္ဦးဟာဆိုရင္လည္း ” ” အတာအိုး ဆႏၵထုတ္ေဖာ္မႈျပဳလုပ္ရတဲ့အေၾကာင္းရင္းကေတာ့ ကြၽန္ေတာ္တို႔ ဒီႏွစ္သၾကၤန္က ေပ်ာ္စရာသၾကၤန္မဟုတ္ေတာ့ဘူး၊ ျပည္သူတစ္ရပ္လုံးအခက္အခဲျဖစ္ေနတဲ့အခ်ိန္မွာ အေပ်ာ္ေတြလုပ္ေနဖို႔ထက္၊ အာဏာရွင္စနစ္အျမန္ဆုံးေပ်ာက္သြားဖို႔ကိုပဲကြၽန္ေတာ္တို႔ စိတ္ထဲရွိေတာ့တယ္။ အဲ့တာေၾကာင့္ ဒီေန႔မနက္ အတာအိုး လူထုလႈပ္ရွားမႈမွာလည္း အတားအဆီးေတြနဲ႔ ဘယ္လိုပဲဝင္ဖမ္းဖမ္း၊ ဘယ္လိုပဲၿဖိဳခြဲခဲ့ပါေစ၊ ကြၽန္ေတာ္တို႔ေတြ ေအာင္ျမင္ေအာင္လုပ္ႏိုင္ခဲ့ပါတယ္ ” လို႔ သူရဲ႕ ခံစားခ်က္ေတြကို ခုလိုေျပာၾကားခဲ့တာလည္းျဖစ္ပါတယ္။

Photo By Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *