သင်္ကြန်လေးရက် လုံးလုံး သံဃာတော်တွေ ကို ဆွမ်းကပ် လှူကာ မွန်မွန် မြတ်မြတ် ကုသိုလ် ယူ ခဲ့တဲ့ ဟိန်းဝေယံ

Posted on

သရုပ်ဆောင်မင်းသားချော ဟိန်းဝေယံကတော့ ဇာတ်ကားပေါင်း များစွာရိုက်ကူးကာ ပရိသတ်တွေရဲ့ အချစ်တွေအခိုင်အမာရရှိထားသလို လက်ရှိအခြေအနေတွေမှာလည်း အားလုံးနဲ့အတူ ရပ်တည်နေသူပါပဲ..။

ဟိန်းဝေယံကတော့ လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ တော်လှန်ရေး တိုက်ပွဲကြီးမှာ လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့အပြင် ကျဆုံးသွားကြတဲ့ပြည်သူ့သူရဲကောင်းတွေရဲ့အိမ်တွေကိုလည်း ကိုယ်တိုင်သွားရောက်ကာ ဖေးမကူညီမှုတွေလည်း ပြုလုပ်လှူဒါန်းနေတာလည်း
တွေ့ရပါတယ်..။

ဟိန်းဝေယံကတော့ နှစ်သစ်ကူးအခါသမယ ဖြစ်တဲ့ သင်္ကြန်အတွင်းမှာလည်း သံဃာတော်တွေ ကို ဆွမ်းကပ် လှူဒါန်းပြီး ကောင်းမှုကုသိုလ်တွေ ပြုလုပ်လှူဒါန်းကာ နှစ်သစ်ကူးအချိန်အခါကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်..။

သင်္ကြန်လေးရက်လုံးလုံး ၇ရက်သားသမီးတွေနဲ့ အတူ သံဃာတော်တွေကို နေ့ဆွမ်း ကပ်လှူကာ မိသားစု လိုက် ကုသိုလ်ယူနေတဲ့ အလှူပုံရိပ်တွေကိုလည်း ဟိန်းဝေယံက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ဝေမျှထားတာ ဖြစ်ပါတယ်..။

“သင်္ကြန်အတက်နေ့ နေ့ဆွမ်းအလှူ

(၇)ရက်သားသမီးများနှင့်အတူ ကျွန်တော်တို့ မိသားစုလည်း ကုသိုလ် ပါဝင်လှူဒါန်းဖြစ်ပါတယ်ခင်ဗျာ..

ဘေးအန္တရာယ်ကင်းရှင်းသော ရက်မြတ်များဖြစ်ကြပါစေ… 🙏🙏🙏..” ဆိုပြီး အလှူပုံရိပ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။

သင်္ကြန်လေးရက်လုံးလုံး သံဃာတော်တွေကို ဆွမ်းကပ် လှူကာ ကောင်းမှုကုသိုလ်ယူနေတဲ့ ဟိန်းဝေယံတို့မိသားစုရဲ့ အလှူပုံရိပ်တွေကိုလည်း ပရိသတ်တွေက သာဓုခေါ်ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Heinn Wai Yan’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *