သင်္ကြန်ရက် အတွင်းတောင် မနားဘဲ စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူ တွေ အတွက် စားနပ်ရိက္ခာ တွေပေးဝေ လှူဒါန်းနေတဲ့ ဝေဠုကျော်

Posted on

အောင်မြင်မှုတွေများစွာရရှိထားသလို ပရဟိတအလုပ်တွေ ကိုလည်း ဆက်တိုက် လုပ်ဆောင်နေတဲ့ သရုပ်ဆောင်မင်းသား အကယ်ဒမီဝေဠုကျော်ကတော့ လတ်တလောမှာလည်း ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေသူပါ..။

လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လှုပ်ရှား မှုတွေ မှာ အင်တိုက် အားတိုက်နဲ့ တတ်နိုင်သလောက် ပါဝင်အားဖြည့်ကူညီနေသလို စားဝတ်နေရေးခက်ခဲနေကြသူတွေကိုလည်း စားသောက်ကုန်တွေ ပေးဝေလှူဒါန်းနေတာ ဖြစ်ပါတယ်..။

နေ့စဉ်ရက်ဆက်လှူဒါန်းနေတဲ့ ဝေဠုကျော်ကတော့ ဒီကနေ့သင်္ကြန် အကြတ်နေ့မှာလည်း စေတနာရှင်တွေ ရဲ့ လှူဒါန်းမှုတွေနဲ့အတူ တောင်ဒဂုံက အိမ်ထောင်စုတွေအတွက် စားသောက်ကုန်တွေ ပေးဝေကာ ဖေးမကူညီခဲ့ပြန်ပါတယ်..။

စားဝတ်နေရေးခက်ခဲနေကြတဲ့ အိမ်ထောင်စုတွေအတွက် ကိုယ်တိုင် ကိုယ်ကျ အပင်ပန်း ခံကာ ဆန်နဲ့ အခြားစားသောက်ကုန်တွေကို အိမ်တိုင်ရာရောက် ကိုယ်တိုင်ကိုယ်ကျ လိုက်လံပေးဝေလှူဒါန်းကာ ကုသိုလ်ပြုခဲ့တာပဲ ဖြစ်ပါတယ်..။

“15-4-2021

သင်္ကြန်လည်း မနားပါဘူး။

ယနေ့ သင်္ကြန် အကြတ်နေ့

တောင်ဒဂုံ အိမ်ထောင်စု ၁၁၀စု သို့ အလှူ

ဝေဠုကျော်ဖောင်ဒေးရှင်းမှ

အလှူရှင်များကိုယ်စား

တောင်ဒဂုံမြို့နယ်၊ ၆၉ ရပ်ကွက် အပိုင်း၂ က ပထမလှူပေးတုန်းက ကျန်နေသေးသည့် အိမ်ထောင်စု ၁၁၀ စု သို့

သွားရောက် ကူညီထောက်ပံ့ ပေးခဲ့ ပါသည်။

တစ်အိမ်ထောင်လျှင်

ဆန် ၂ပြည်

ကြက်သွန်နီ ၅၀ သါး

ကြက်ဥ ၁၀လုံး

လက်ဘက်ခြောက်

တို့ကို သွားရောက် လှူပေးခဲ့ပါတယ်။

စေတနာ အလှူရှင်များကတော့

မိသားစု ၁၀၀၀စာအတွက် လှူပေးထားကြတယ်

အလှူရှင်များအား ကျေးဇူး အထူးတင်ရှိပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010

09455500014

09776089484..” ဆိုပြီး အလှူပုံရိပ်တွေ ကို အသိပေးဝေမျှထားတာဖြစ်ပြီး ပရိသတ်တွေကလည်း အလှူရှင်တွေနဲ့အတူ ဝေဠုကျော်တို့ကို သာဓုခေါ်ဆုတောင်းပေးထားကြတာ ဖြစ်ပါတယ်..။

Photo Credit – Wai Lu Kyaw Foundation’s Fb Page

Leave a Reply

Your email address will not be published. Required fields are marked *