သင်္ကြန်ကာလ အတွင်း ငွေဆောင် ကမ်းခြေ တွင် မြူးတူး ပျော်ပါးခဲ့တဲ့ ပုံရိပ်တွေ ထွက်ပေါ် လာတဲ့ ဖိုးလပြည့်

Posted on

ပရိသတ်ကြီးရေ နေရွှေသွေးအောင်(ခ) ဖိုးလပြည့်ကိုတော့ အားလုံးလည်း သိကြမယ် ထင်ပါ တယ်နော်။ တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံကို ဦးသန်းရွှေ အုပ်ချုပ်ခဲ့စဉ်က ဖိုးလပြည့်ဟာ လိုတိုင်းတရခဲ့တဲ့ လိုတရမင်းသားလိုပါပဲနော်။ အသက် ငယ်ငယ်ရွယ်ရွယ်လေး နဲ့ မာနထောင်လွှားခဲ့လို့ ကြည့်မရသူများစွာ ရှိနေ ခဲ့တာပါနော်။

စစ်ကောင်စီမှ အာဏာသိမ်းတဲ့ ဖြစ်စဉ်အပေါ်မှာလည်း ကြားနေ အဖြစ်နဲ့သာ နေထိုင်ခဲ့သူပါနော်။ ရွေးကောက်ပွဲ ကာလတုန်းကလည်း NLD ဘက်သို့ မဲတစ်မဲထည့်ခဲ့ကြောင်းကို ပြည်သူလူထုထံသို့ ချပြခဲ့ပါသေးတယ်နော်။ အခုလက်ရှိကာလမှာတော့ အထိခိုက် များတဲ့ ပြည်သူတွေကို စာနာစိတ်ထားကြောင်းကို သူ့ရဲ့ Instagram တွင် တင်ထား ပါသေးတယ်။ တကယ် စိတ်ရင်းနဲ့လားဆိုတာကတော့ သူကိုယ်တိုင်ပဲ သိပါ လိမ့်မယ်နော်။

အခုလည်း နေရွှေသွေးအောင်တစ်ယောက် သင်္ကြန်ကာလမှာ ငွေဆောင် ကမ်းခြေတွင် ပျော်ပါးခဲ့တဲ့ ပုံတွေ ဟိုးလေး တကျော်ဖြစ်နေပါတယ်နော်။ ဒီပုံတွေ နဲ့ ပတ်သက်ပြီးတော့ ဖိုးလပြည့်ဘက်မှ တစ်စုံတစ်ရာကိုမှ ပြန်လည်တုံ့ပြန်ပြောဆိုထားခြင်း မရှိသေးပါဘူးနော်။

crd

zawgyi




crd

Leave a Reply

Your email address will not be published. Required fields are marked *