သင့်မွေး ဂဏန်း ကပြောသော သင့်အကြောင်း

Posted on

၁ မှ ၉ အထိ ရှိပါသည်။ အတွဲ ဂဏန်း များ ဆိုလျှင် တစ်လုံး ထဲဖြစ်အောင် ပေါင်းပါ။ဥပမာ ၁၇ ဆိုလျှင် ၁+ ၇ = ၈ ဂဏန်းသမားဖြစ်သည်။ဂဏန်း သင်္ချာ ဗေဒင် သည် အနောက်တိုင်းနည်းကို အခြေခံထားသဖြင့် မြန်မာ ရက် ၊လ၊ နှစ် မွေးရက်များကို မယူပဲ ခရစ် ရက် လ နှစ်ကို တည်လျှက် ဟောကိန်းထုတ်ယူရပါသည်။ဂဏန်းအားဖြင့် ၁ မှ ၉ အထိ ဂဏန်းတစ်လုံးချင်း၏ ရာထူးဂုဏ် ၊ ဝိသေသနနှင့် အမူအကျင့် များသည် မတူညီကြပါ။ ကိန်း ဂဏန်းတို့သည် ဂြိုဟ်တို့ကို ကိုယ်စားပြုကြသည် ဖြစ်သည်။

၁ ဂဏန်း

ဂဏန်းအားလုံးတို့တွင် နေမင်း ကို ကိုယ်စားပြုသော တနင်္ဂနွေ (၁) ဂဏန်းသည်မူလ အရင်းအချုပ်ပင်ဖြစ်လေသည်။ သို့ဖြင့် တနင်္ဂနွေဂြိုဟ် ၁ ဂဏန်းသည် ပြည့်ရှင်မင်းဖြစ်၏။ဖန်တီးခြင်း၊ တည်ထောင်ခြင်း၊ အသစ်အသစ်ထွင်ခြင်း၊ ထင်ရှားကျော်ဇောခြင်း၊ပြတ်သားခြင်း၊ ရဲရင့်ခြင်း၊ နောက်မဆုပ်တမ်းလုပ် ခြင်း ဟုဆိုသော ဂုဏ်ထူးဝိသေသတို့ရှိလေသည်။၎င်းတို့သည် ကြီးမြင့်လိုသောစိတ်အား မာန်ကြီး၏။ တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်ခြင်း၊ အလုပ်၌အကြီးအမှူးဖြစ်လိုခြင်း စိတ်တို့ပြင်းထန်၏။ ချုပ်ခြယ်ခြင်းကို မုန်းတီးကြ၏။ လက်အောက်ငယ်သားများကိုအမိန့်နာခံမှ ကြိုက်၏။

၂ ဂဏန်း

၂ ဂဏန်းသည် တနင်္လာ စန်းဂြိုဟ် (လမင်း) က အုပ်စိုးလေသည်။တနင်္လာဂြိုဟ်မှာ အမ ဖြစ်သဖြင့် သိမ်မွေ့၏။ စိတ်ကူးဉာဏ်ကောင်း၏။ပန်းချီ၊ ပန်းပု စသော အနုပညာများနှင့် သက်ဆိုင်၏။ စိတ်ကူးယဉ်၏။စိတ်ကူးယဉ်မှုများသောကြောင့် ထိရောက်အောင် လုပ်နိုင်သည်ကားနည်းပါးသည်။ အလုပ်ထက် စိတ်ကူးကပို၏။ ၂ – ဂဏန်းသမား၏ အပြစ်များမှာမငြိမ်မသက် ပြောင်းလဲလုပ်ကိုင်တတ်ခြင်း၊ မတည်ငြိမ်ခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုအားနည်းခြင်းစိတ်ပျော့အားလျှော့ခြင်းတို့ ဖြစ်လေသည်။ အကြောင်းကိစ္စ တစ်ခုခုတိုင်းတွင်ရှက်လွယ်၊ကြောက် လွယ်ခြင်း၊ မခံတတ်ခြင်း၊ စိတ်ပျက်လွယ်ခြင်းများဖြစ်လေရာထိုစိတ်များကို နိုင်စေရပေမည်။

၃ ဂဏန်း

၎င်းဂဏန်းကို ကြာသပတေး ဂြိုဟ်က အုပ်စိုးလေ သည်။ ကြီးမြင့်လိုသော စိတ်အားထက်သန်၏။လက်အောက်အဖြစ်မနေလို၊ ၃ ဂဏန်းပိုင်ရှင်များကို မိသားစု ပတ်ဝန်းကျင်တို့က အလုပ်မစွဲမြဲဟုမြင်တတ်ကြလေသည်။ တကယ်တမ်းတွင် လက်အောက်ငယ်သား၊ အစေခံ ဘဝများနှင့်မရောင့်ရဲမပျော် ပိုက်နိုင်သောကြောင့် အလုပ်မမြဲခြင်းများသာဖြစ်ကြလေသည်။အမိန့်ကိုနာခံတတ်၏။ စည်းစနစ်၊ နည်းစနစ်ကြီး၏။ တာဝန်ယူလိုစိတ်ရှိ၏။တာဝန်ကိုလည်း ကျေပွန်အောင် ထမ်ဆောင်တတ်ကြလေသည်။

၄ ဂဏန်း

၎င်းဂဏန်း ကိတ်ဂြိုဟ်(ယူနေရးနာ့စ်) အုပ်စိုးလေသည်။ ၎င်းဂဏန်းပိုင်ရှင်တို့သည်ရန်မထောင်လိုသော်လည်း အများနှင့် ဆန့်ကျင်၏ ။အကောက်ကြံသေရန်သူများ ဝိုင်ရံနေတတ်၏။အစဉ်အလာ နည်းဥပဒေကို မုန်း၏။ ပြောင်းလဲကာ ပြုပြင်တတ်၏။တိုင်းရေးပြည်ရာ ကိစများကို ဝါသနာထုံ၏။ မဖြစ်မနေ ဟူသော စိတ်ဓါတ်ရှိ၏။အပြစ်များ မခံတတ်သောစိတ်၊ တစ်ကိုယ်တည်းနေရသူလို မချမ်းမသာသောစိတ်ရှိတတ်သည်။ စိတ်ညှိုးနွမ်းရတတ်သည်။

၅ ဂဏန်း

၅ ဂဏန်းသည် ဗုဒ္ဓဟူးဂြိုဟ်က အုပ်စိုးလေ သည်။ သွက်လက်၏။ ဉာဏ်ကောင်း၏။အရာရာ ကို တတ် သိနားလည်နိုင်စွမ်းရှိ၏။ လှုပ်လှုပ်ရှားရှားအဖြစ်အပျက်များကိုကြိုက်နှစ်သက်၏။ စိတ်မြန်လျှက်နေ၏။ အမြဲလိုလို တက်တက်ကြွကြွဖြစ်နေတတ်၏။တစ်စုံ တစ်ရာကို စိတ်ပါခိုက် ရူးရူဒိုင်းဒိုင်းကောက်လုပ်တတ်သည်။ တရူးထိုးစိတ်၊လေမုန်တိုင်းစိတ် တို့ကြောင့် ဥစ္စာကိုတဖြည်းဖြည်း ရှာဖွေစုဆောင်းလေ့မရှိ။ကြွေတစ်လက်၊ ကြက်တစ်ခုန် တစ်ချက်ကောင်း အကော်ကြံတတ်၏။လောင်းကစားလို အလုပ်မျိုးကို နှစ်သက်၏။ ချစ်သူခင်သူတစ်ယောက်ဆုံးရှုံးလျှင်လျှင်မြန် စွာမေ့လျှက် တစ်ယောက်အသစ်ထပ်တွေ့တတ်၏။ ချက်ချင်း ပြန်လည်တုန့်ပြန်သောစိတ်မျိုးထားရှိ၏။ ကြာလျှင်မေ့၏။ စွဲမြဲပူပန်သောကစိတ် မရှိတတ်။ မိတ်ဆွအပေါင်းအသင်းများ၏။

၆ ဂဏန်း

လူကြည်ညိုကိုးကွယ်ခြင်းခံရ၏။ အလုပ်၌ပိုင်နိုင်စွာ စိတ်ကိုဆုံးဖြတ်လျှက်ပေါက်ရောက်အောင်လုပ်၏ခေါင်းမာသူနှင့်တူ၏။ မိမိတို့ကိုယ်တိုင် လိုက်လျော့ချစ်ခင်ကြင်နာလိုသည့်အခါမှတပါးလျော့ပေးခြင်းမရှိတတ်သောကြောင့်ဖြစ်၏။ လိုက်လျောလျင်ကား သခင်ကို ငယ်ကျွန်ချစ်ခင်သလိုသည်းသည်းခံ၏။ မိခင်နှင့်တူသောအချစ်သည် ၎င်းတို့မှာ ပိုမို၏။ အလှ၊ အနုပညာ၊ ဂီတ၊ ပန်းချီစသည်တို့ကို ဝါသနာပါ၏ တောက်လွင် စိုပြည်ရွှန်းဝေသော အရောင်များကိုနှစ်သက်၏။အပေါင်းအသင်းများကိုစိတ်ချမ်းမြေ့ပျော်ရွှင်အောင် လုပ်ပေးတတ်၏။ မုန်းထားမနာလို၊ ရန်လိုမသင့်မတင့်ခြင်းကို မလိုလားတတ်ခြင်းရှိ၏။ စိတ်ထလျှင် အသက်ကိုစွန့်၍ တိုက်ခိုက်တတ်၏။ မိမိတို့စွဲလမ်းသော အယူဝါဒ၊ လိုလားသောအရာများအတွက် အသက်ကိုစွန့်၍ ကြိုးစား၏။

၇ ဂဏန်း

၇- ဂဏန်းသည် နက်ပကျွန်းဂြိုဟ် အုပ်စိုး၏။လွတ်လပ်သောစိတ် ကိုယ်ပိုင်ဉာဏ်ရှိ၏။ ထူးချွန်စွာတွေးခေါ် လုပ်ကိုင်နိုင်၏။ မငြိမ်မသက်သွားလာရွေ့ပြောင်းတတ်၏။ဒေသန္တရဗဟုသုတကို နှစ်သက်၏။ စာနှင့် ပန်းချီရေးခြင်းတို့ကို ကြိုက်၏။ အဘိဓမ္မာဉာဏ်ကြီး၏။ ငွေကြေးအရာ၌ ကံမကောင်းရှိတတ်၏။ ဘာသာအယူမှာ သူတပါးနှင့်မတူရှိ၏။ လျှို့ ဝှက်နက်နဲသောအကြောင်းအရာများနှင့်သက်ဆိုင်တတ်၏။ လူအများကို မိမိဘက်သို့ ကိန်းညွတ်စေတတ်၏။

၈ ဂဏန်း

၈ ဂဏန်းသည် စနေဂြိုဟ်အုပ်စိုး၏။ တစ်ကိုယ်တည်းနေရတတ်၏။ အထီးကျန်သမားစိတ်အားထက်ပိုမိုပြင်းပြ၏။ ထူးချွန်စွာလုပ်ပြတတ်ကြ၏။ ထင်ရှားကြီးကျယ်သော ဌာနတို့ကို ရတတ်၏။ သို့သော်လည်းကြီးစွာ ပျက်စီးတတ်၏။ သူတစ်ပါးကိုလည်း ပျက်စီးအောင် အကြောင်းပြုတတ်၏။ ဘာသအယူသီး၏။အများထင်မြင်ချက်ကို အတင်းခုခံဆန့်ကျင်တတ်၏။ ဂရုမစိုက်တတ်ဟန်ရှိသော်လည်း ဖိစီးနှိပ်စက်ခံရသူများကို သနားတတ်၏။ မည်သူ မည်သို့ပင်ထင်စေကာမူ ဂရုမစိုက်ဘဲ မိမိတို့၏ စိတ်နေသဘောထားပုံကိုမပေါ်ပေါက်စေအောင် လျှို့ဝှက်တတ်၏။အကြီးအကျယ်သော် လည်း အောင်မြင်ေ စတတ်၏၊ အကြီးအကျယ်သော်လည်း ပျက်စီးတတ်၏။ ၎င်းတို့ အလယ်အလတ် သဘောကား မရှိတတ်။

၉ ဂဏန်း

၉ ဂဏန်းသည် အင်္ဂါအုပ်စိုးလေသည်။ ငယ်စဉ်ကပင် အခက်အခဲမျိုးစုံနှင့်ကြုံတွေ့ရတတ်၏။နောက်ဆုံး၌ ဇွဲကောင်းကောင်းနှင့်အောင်မြင်တတ်၏။ စိတ်မြန်၏။ လောကြီးသောစိတ်၊ လွတ်လပ်သောစိတ်၊လက်အောက်ခံမလုပ်ချင်သောစိတ်၊ သခင်စိတ်တို့ဖြင့် ပြည့်လျှံနေ၏ တစ်သက်တာ အရေးကြီးသောအဖြစ်အပျက်တို့တွင် ရန်သူပေါများတတ်၏။ အတိုက်အခံများ၏ ။ မိမိကိုယ်ကို အားကိုးယုံကြည်စိတ်အားကြီး၏။ အရိုအသေအပြုခံချင်၏။ အိမ်၌ သြဇာအာဏာရှိချင်၏။ ရုတ်တရက်ဉာဏ်ကောင်း၍ အရေးရှိက အကြံကောင်းထုတ်တတ်၏။ ဖွဲ့စည်းစီမံခြင်းအရာ၌ လိမ္မာ၏။ မစီမံရလျှင် ပျက်ပျက်စီးစီး သဘောထားက လျစ်လျူရှုတတ်၏။ လိမ္မာပါးနပ်လွန်းသူ တစ်ယောက်ယောက်၏ ပြောတိုင်းယုံ၊လုပ်တိုင်းခံ၊ အရူးအမိုက်ပီပီကဲ့သို့ ကျင့်တတ်၏။ မိမိတို့၏စိတ်ကို ထိန်းနိုင်လျှင် ကြီးပွားချမ်းသာတတ်၏။

Credit: Myanmar Yoe Yar Bay Din

Leave a Reply

Your email address will not be published. Required fields are marked *