ဝိတ်ချ နေချိန် မှာ ဗိုက်မဆာ အောင် ထိန်းချုပ် နိုင်နည့် နည်းလမ်းများ

Posted on

Diet လုပ်ခြင်းက အလွန်ကိုခက်ခဲပြီး အချိန်ကုန်စေတဲ့အပြင် မကြာခဏ ဆိုသလိုပဲ ဗိုက်ဆာခြင်းတွေ ကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် သင်ဟာယခုအချိန်မှာ Diet ပြုလုပ်နေသူတစ်ဦး ဆိုရင်တော့ သတင်းကောင်းရှိပါတယ်။ သင့်ရဲ့ စားသောက်မှုအတွက် အကောင်းဆုံးနဲ့ အလွယ်ကူဆုံး နည်းလမ်းတွေ ကို အောက်မှာ လေ့လာကြည့်လိုက်ကြ ရအောင်နော်။

၁ ။ အစပ်ပါသော အစားအစာများကို ပိုစားပါ။

သင်ကြိုက်နှစ်သက်တဲ့ အစားအစာပေါ်မှာ ငရုတ်သီးမှုန့်တွေကို ဖြူးစားပါ။ ဒါမှမဟုတ် ငရုတ်သီးစိမ်းမျိုးတွေနဲ့ တွဲစားပါ။ လေ့လာမှုတွေအရ အစပ်စားခြင်းဟာ အစားအစာရဲ့အရသာကို ပိုမိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကို ကျစေပါတယ်။ ငရုတ်သီးကို စားခြင်းက အစားစားချင်စိတ်ကို ထိန်းညှိပေးပြီး ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေပါတယ်။

၂ ။ ဖန်ခွက်ရှည်နဲ့ သောက်ပါ။

သကြားပါတဲ့ ဖျော်ရည်တွေကို Diet လုပ်တဲ့အခါ မသောက်သင့်ပါဘူး။ အကယ်၍ သင်ဟာ အချိုပါတဲ့ အဖျော်ယမကာတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် သေးငယ်တဲ့ ဖန်ခွက်ရှည်နဲ့သောက်ဖို့ အကြံပေးလိုပါတယ်။ ဒါဆိုရင် သင့်အတွက် ပိုများလာတယ်လို့လဲ ခံစားရပါလိမ့်မယ်။

၃ ။ ပူဒီနာကို စားသုံးပါ။

ငရုတ်သီးမှာပါတဲ့ ရနံ့နဲ့ အရသာက ကိုယ်စားထားတဲ့ အစားအသောက်ကို ချေဖျက်ပေး တာကြောင့် ကိုယ်အလေးချိန် ကျစေပါတယ်။ သရေစာတွေစားပြီးတဲ့အခါမှာလည်း ပူဒီနာကိုစားခြင်းဖြင့် ချေဖျက်နိုင်သလို ပူဒီနာအနံ့ပါတဲ့ ဖယောင်းတိုင်ထွန်းခြင်း (သို့) ပူဒီနာလက်ဖက်ရည်သောက်ခြင်း ဟာလည်း သင့်ကို အကျိုးရှိစေပါလိမ့်မယ်။

၄ ။ သင်ဟာညာသန်ဖြစ်ပါက ဘယ်နဲ့စားပါ။ ဘယ်သန်ဖြစ်ပါက ညာနဲ့စားပါ။

လေ့လာမှုတွေအရ လက်ကိုပြောင်းစားခြင်းဟာ စားသောက်တာကို နှေးကွေးစေပြီး အစားအစာရဲ့အရသာကို ပိုမိုအရသာ ခံနိုင်စေတဲ့အပြင် ရောင့်ရဲနိုင်ကြောင်းလည်း သိရပါတယ်။

၅ ။ ရောင်စုံပန်းကန်ပြားများ ဝယ်ယူထားပါ။

ရောင်စုံပန်းကန်ပြားတွေနဲ့ စားသောက်ခြင်းကလည်း သင်နဲ့အစားအသောက်ကြား ထူးခြားတဲ့ ဆက်နွယ်မှုတွေကို ပေးနိင်ပါတယ်။ လေ့လာမှုများအရ အနီရောင်ပန်းကန်နဲ့စားခြင်းက အစားစားချင်စိတ်ကို လျော့နည်းစေတယ်လို့ သိရပါတယ်။

၆ ။ ပန်းကန်ပြား သေးသေးလေးတွေနဲ့စားပါ။

သင်ဟာ ပန်းကန်ပြားအကြီးနဲ့ စားလေ့ရှိသူဆိုရင် မစားဖို့အတွက် အကြံပေးချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ပိုကြီးတဲ့ပန်းကန်နဲ့ စားတဲ့အခါ ၃၁% ပိုစားမိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ သင်ဟာ ဝိတ်ကျချင်တယ်ဆိုရင် ပန်းကန်ပြားသေးသေးလေးတွေ ဝယ်ထားသင့်ပါတယ်နော်။

၇ ။ အစာစားပြီးတဲ့အခါ အချိုပွဲများကို လျှော့စားပါ။

လူအများစုက အချိုပွဲတွေ သရေစာတွေကို ညစာစားပြီးတာနဲ့ စားတတ်ကြပါတယ်။ ဒီလိုစားခြင်းဟာ မကောင်းဘူး ဆိုတာကိုလည်း သိကြပါတယ်။ ဒါကြောင့် ညစာစားပြီးတိုင်း လက်ဖက်ရည်ကြမ်းတစ်ခွက်ပဲ သောက်စေလိုပါတယ်။

၈ ။ အစာမစားခင်မှာ ရေတစ်ခွက်ကြိုသောက်ပါ။

ရေမသောက်ပဲနေခြင်းဟာလည်း သင့်ကိုပိုပြီး ဗိုက်ဆာစေနိုင်ပါတယ်။ ဒါကြောင့် ရေနဲ့အခြား အသီးအရွက် ဖျော်ရည်များကို သောက်ခြင်းကလည်း သင့်အတွက် အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *