ဝမ်းသာ စရာ သတင်းကောင်းပါ ဟန်လေး ကို မြန်မာ ပြည် ပြန်မလွှတ်သေးဘဲ TOP 5 အလှမယ် များ နဲ့ အတူ ထိုင်းမှာ နေခွင့်ပေးသွားမယ် ဆိုတဲ့ MISS GRAND INTERNATIONAL FAMILY

Posted on

ထိုင်းနိုင်ငံမှာ ပြုလုပ် ခဲ့တဲ့ “Miss Grand International 2020” ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် ခဲ့သူ အလှမယ် ဟန်လေး ဟာ စစ်အာဏာ ရှင် ရဲ့ အကြမ်း+ဖက်+မှုများကို ကမ္ဘာသိအောင် ပြောပြခဲ့ပါတယ်။

ဒီလို ပြောပြခဲ့ပြီးနောက် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ သို့ ပြန်လာတဲ့ အခါမှာ အလှမယ် ဟန်လေးရဲ့ လုံခြုံရေး အတွက် အားလုံးက စိတ်ပူလျက် ရှိကြပါတယ်။ ဒါကြောင့် ဟန်လေးကို မြန်မာပြည်ကို ပြန်မလွှတ်သေးဘဲ Top 5 အလှမယ်များနဲ့အတူ နေခွင့်ပေးထား မှာ ဖြစ်တယ်လို့ သိရ ပါတယ်။

“ဝမ်းသာစရာ သတင်းကောင်း တခုပါ။ ဟန်လေးကို မြန်မာပြည် ပြန်မလွှတ်သေးဘဲ Top 5 အလှမယ်များနဲ့အတူ ထိုင်းမှာ နေခွင့်ပေးမှာဖြ စ်ပြီး၊ Runner Up အလှမယ်များ ပြန်ခဲ့ရင် Winner ရရှိသူ USA အလှမယ်နဲ့အတူ နေခဲ့ရမှာ ဖြစ်ပါတယ်” လို့ Missosဝlogy Myanmar Page မှာ ပြော ထားပါတယ်။

မတ်လ ၃၀ ရက်နေ့မှာလည်း Top 5 အလှမယ်များနဲ့အတူ ထိုင်းနိုင်ငံ၊ ဖူးခက် ကမ်းခြေ သို့ သွားရောက် လည်ပတ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဟန် လေး ရဲ့ အလုပ်ကိစ္စများအတွက်လည်း ထိုင်းနိုင်ငံဘက်မှ မန်နေဂျာတဦး စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

“ယခုလို စီစဉ်ပေးသော ထိုင်းနိုင်ငံအခြေစိုက် Miss Grand International Family အား ကျေးဇူးအထူးပင် တင်ရှိ ပါတယ်” လို့ ဆိုပါတယ်။

အလှမယ် ဟန်လေးဟာ မတ်လ ၂၇ ရက်နေ့က ထိုင်းနိုင်ငံမှာ ပြုလုပ် ကျင်းပ တဲ့ “Miss Grand International 2020” ပြိုင်ပွဲကြီးမှာ ဝင် ရောက် ယှဉ်ပြိုင်ခဲ့ရာ Top 20 အထိသာ ပါဝင်ခဲ့ပါတယ်။ အဲဒီပွဲမှာ အခွင့်အရေးတခုအနေနဲ့ “Stop The War & Violence “ ခေါင်းစဉ် နဲ့ မြန်မာပြည်ရဲ့ လက်ရှိအကြမ်းဖက် ခံနေရတဲ့ အခြေအနေများကို ပြောခွင့် ရခဲ့ပါတယ်။

နိုင်ငံ့ဂုဏ်ဆောင် အလှမယ်တဦး အနေနဲ့ နိုင်ငံတကာ အလယ်မှာ အခုလို ပြောခဲ့တဲ့အတွက်လည်း မြန်မာနိုင်ငံ မှ ပြည်သူများက ဂုဏ်ယူအား တက်နေကြပြီး တခြားသော နိုင်ငံများဖြစ်တဲ့ ထိုင်း၊ ကိုရီးယား၊ တရုတ်နိုင်ငံတို့က သတင်းများမှာလည်း အလှမယ် ဟန်လေးရဲ့သတင်းကို ဖော်ပြခဲ့ ကြပါတယ်။

ယနေ့၊ မတ်လ ၂၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၆ နာရီခွဲ အချိန်မှာလည်း Miss Grand International ရဲ့ President ဖြစ်သူ Mr.Nawat နဲ့အတူ ဟန်လေးက Special Live Talk ပြောခွင့်ရမှာ ဖြစ်ပါတယ်။

Source:Irrwady

Leave a Reply

Your email address will not be published. Required fields are marked *