ပရိသတ်ကြီးရေ …..အဆိုတော်သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ ပန်းရောင်ခြယ် ကတော့ အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းတွေ များစွာကို သီဆိုဖျော်ဖြေလေ့ ရှိတာ ဖြစ်ပြီး အခုနောက်ပိုင်းတွင် ရုပ်ရှင်ဇာတ်လမ်းတွဲတွေကိုပါ ရိုက်ကူးလာတဲ့ အနုပညာရှင် တစ်လက်ပဲဖြစ်ပါတယ်။ ပန်းရောင်က လတ်တလော ဖြစ်ပွား နေတာတွေနဲ့ ပက်သက်ပြီး နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ နိုင်ငံ့သူရဲကောင်းတွေ အတွက် စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းပူဆွေး နေတာလည်း တွေ့ရပါတယ်။
လူထုလှုပ်ရှားမှုတွေမှာလည်း ပန်းရောင်က ပြည်သူတွေနဲ့ တစ်သား တည်း ရဲဝင့်စွာ ပူပေါင်းပါဝင် အားဖြည့်နေတာ ပဲဖြစ်ပါတယ်။အခုလို ဖြစ်နေတဲ့ အချိန်တွင် ပြည်သူတွေ အတွက် အလှူ အတန်းတွေကို ပန်းရောင်က သူမတတ်နိုင်တဲ့ဘက်ကနေ တတ်အားသရွေ့ပါဝင်လှူဒါန်းနေတာ ဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင်လည်း ပန်းရောင်က လမ်းမထက်တွင် ရင်ထဲအေးမြစေတဲ့ ရေခဲချောင်းတွေကို လှူဒါန်းရင်း အုတ်တစ်ချက်သဲတစ်ပွင့်အနေနဲ့ ပါဝင်နေကြောင်းကို သူမရဲ့ လူမူကွန်ယက် စာမျက်နှာထက်တွင် အခုလိုရေးသားဖော်ပြလာတာတ ဖြစ်ပါတယ်။
“လမ်းမှာ vicee နဲ့ ရေခဲချောင်း ဝေမျှရင်း သဲတစ်ပွင့်စာလေး ပါဝင်ခွင့်ရခဲ့ ပါတယ်။ ကိုယ့်ဆီ ဝေမျှလိုက်တာတွေလဲ အကုန်ယူလာပါတယ်။ပန်းရောင် တတ်အားသ၍ CDM လုပ်ဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးအတွက် ဂုဏ်ပြုငွေလေးရယ်၊ CDM ဝန်ထမ်းအိမ်ရာတစ်ခုအတွက် ဆန်အိတ်လေး တွေရယ်၊ အသက်ပေးသွားတဲ့ မြောက်ဥက္ကာလာကအာဇာနည်တွေရဲ့ နာရေးအတွက်အကူငွေ သဲတစ်ပွင့်စာ ဝေမျှလိုက်ပါတယ်။ အခုအချိန်မှာ ပြည်သူတွေအတွက် အချင်းချင်းပဲရှိကြတာမို့ ကိုယ့် အတွက်ရော ကိုယ်ချစ်တဲ့သူတွေအတွက်ရော အားလုံးကျေးဇူးပြု၍ အရာရာ အထူးဂရုစိုက်ကြပါ။ အပြင်တစ်လှမ်းထွက်မယ်ဆို mask တပ်ထားဖို့ နဲ့ တတ်နိုင်သလောက် အကာအကွယ်တွေ ပြင်ဆင်လာဖို့လဲမမေ့ပါနဲ့။ ပြည်သူအားလုံး အမြဲဘေးကင်းကျန်းမာကြပါစေ။”ဆိုတဲ့ စာသားကို ရေးထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ သိရှိရအောင် ပြန်လည်ကူးယူ ဝေမျှပေး လိုက်ပါတယ်။
Photo Credit – Pan Yaung Chel FB Page
zawgyi
ပရိသတ္ႀကီးေရ …..အဆိုေတာ္သ႐ုပ္ေဆာင္ တစ္ဦး ျဖစ္တဲ့ ပန္းေရာင္ျခယ္ ကေတာ့ အသံခ်ိဳခ်ိဳေအးေအးေလးနဲ႔ သီခ်င္းေကာင္းေတြ မ်ားစြာကို သီဆိုေဖ်ာ္ေျဖေလ့ ရွိတာ ျဖစ္ၿပီး အခုေနာက္ပိုင္းတြင္ ႐ုပ္ရွင္ဇာတ္လမ္းတြဲေတြကိုပါ ႐ိုက္ကူးလာတဲ့ အႏုပညာရွင္ တစ္လက္ပဲျဖစ္ပါတယ္။ ပန္းေရာင္က လတ္တေလာ ျဖစ္ပြား ေနတာေတြနဲ႔ ပက္သက္ၿပီး ေႏြဦးေတာ္လွန္ေရးမွာ က်ဆုံးသြားတဲ့ ႏိုင္ငံ့သူရဲေကာင္းေတြ အတြက္ စိတ္မေကာင္းျဖစ္ကာ ဝမ္းနည္းပူေဆြး ေနတာလည္း ေတြ႕ရပါတယ္။
လူထုလႈပ္ရွားမႈေတြမွာလည္း ပန္းေရာင္က ျပည္သူေတြနဲ႔ တစ္သား တည္း ရဲဝင့္စြာ ပူေပါင္းပါဝင္ အားျဖည့္ေနတာ ပဲျဖစ္ပါတယ္။အခုလို ျဖစ္ေနတဲ့ အခ်ိန္တြင္ ျပည္သူေတြ အတြက္ အလႉ အတန္းေတြကို ပန္းေရာင္က သူမတတ္ႏိုင္တဲ့ဘက္ကေန တတ္အားသေ႐ြ႕ပါဝင္လႉဒါန္းေနတာ ျဖစ္ပါတယ္။ ဒီေန႔မွာဆိုရင္လည္း ပန္းေရာင္က လမ္းမထက္တြင္ ရင္ထဲေအးျမေစတဲ့ ေရခဲေခ်ာင္းေတြကို လႉဒါန္းရင္း အုတ္တစ္ခ်က္သဲတစ္ပြင့္အေနနဲ႔ ပါဝင္ေနေၾကာင္းကို သူမရဲ႕ လူမူကြန္ယက္ စာမ်က္ႏွာထက္တြင္ အခုလိုေရးသားေဖာ္ျပလာတာတ ျဖစ္ပါတယ္။
“လမ္းမွာ vicee နဲ႔ ေရခဲေခ်ာင္း ေဝမွ်ရင္း သဲတစ္ပြင့္စာေလး ပါဝင္ခြင့္ရခဲ့ ပါတယ္။ ကိုယ့္ဆီ ေဝမွ်လိုက္တာေတြလဲ အကုန္ယူလာပါတယ္။ပန္းေရာင္ တတ္အားသ၍ CDM လုပ္ေဆာင္ေနတဲ့ ဝန္ထမ္းတစ္ဦးအတြက္ ဂုဏ္ျပဳေငြေလးရယ္၊ CDM ဝန္ထမ္းအိမ္ရာတစ္ခုအတြက္ ဆန္အိတ္ေလး ေတြရယ္၊ အသက္ေပးသြားတဲ့ ေျမာက္ဥကၠာလာကအာဇာနည္ေတြရဲ႕ နာေရးအတြက္အကူေငြ သဲတစ္ပြင့္စာ ေဝမွ်လိုက္ပါတယ္။ အခုအခ်ိန္မွာ ျပည္သူေတြအတြက္ အခ်င္းခ်င္းပဲရွိၾကတာမို႔ ကိုယ့္ အတြက္ေရာ ကိုယ္ခ်စ္တဲ့သူေတြအတြက္ေရာ အားလုံးေက်းဇူးျပဳ၍ အရာရာ အထူးဂ႐ုစိုက္ၾကပါ။ အျပင္တစ္လွမ္းထြက္မယ္ဆို mask တပ္ထားဖို႔ နဲ႔ တတ္ႏိုင္သေလာက္ အကာအကြယ္ေတြ ျပင္ဆင္လာဖို႔လဲမေမ့ပါနဲ႔။ ျပည္သူအားလုံး အၿမဲေဘးကင္းက်န္းမာၾကပါေစ။”ဆိုတဲ့ စာသားကို ေရးထားတာပဲ ျဖစ္ၿပီး ပရိသတ္ေတြ သိရွိရေအာင္ ျပန္လည္ကူးယူ ေဝမွ်ေပး လိုက္ပါတယ္။
Photo Credit – Pan Yaung Chel FB Page