ဝန်ထမ်းတွေ ရုံးမတက် တာ နဲ့ ပတ်သက်ပြီး ၁၉၈၈ခုနှစ် အဖြစ် အပျက်တွေ နဲ့ လက် ရှိအခြေအနေတွေ ကို နှိုင်းယှဉ် ပြောလာတဲ့ မင်းအုပ်စိုး

Posted on

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး ပရိသတ်အသိ အမှတ်ပြုမှုနဲ့ အောင်မြင်မှုတွေ အထိုက်အလျောက်ရရှိသူတွေထဲမှာ သရုပ်ဆောင်မင်းအုပ်စိုးကလည်း အပါအဝင်ပါပဲ..။

လူသတ်မှု ပုဒ်မ၃၀၂ နဲ့အကျဉ်းချခံထားရဖြစ်ပြီး မကြာခင် ကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ မင်းအုပ်စိုးကတေ ာ့ လတ်တလောမှာ CDM လုပ်ကြတာတွေနဲ့ ပတ်သ က်ပြီး ပြောလာပ ါတယ်..။ ၁၉၈၈ခုနှစ် အာဏာသိမ်းခဲ့ချိန် ကျောင်းသား ဘဝက အပြေ ာ င်းအလဲအဖြစ်အပျက်တွေနဲ့ လက်ရှိအခြေအနေတွေကို နှိုင်းယှဉ်ပြောလာတာပဲ ဖြစ်ပါတယ်..။

နိုင်ငံ့ဝန်ထမ်းဆိုတာ ဘယ်အစိုးရပဲ အုပ်ချုပ်အုပ်ချုပ်အုပ် ကိုယ့်တာဝန်ကို ကျေပွန်​ပြီး ကိုယ့်အလုပ်ကို လုပ်ကြ ရမှာဖြစ်သလို ကိုယ့်တာ ဝန်ဝတ္တရားကိုထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကိုတော့ CDM လုပ်နေတဲ့ဝန်ထမ်းတွေက အပြစ်တင် အရှက်ခွဲကာ ရန်သူလိုသဘောထားပြီး တိုက်ခိုက်နေတာကတော့ မလုပ်သင့်မလုပ်ထိုက်ဘူးဆိုပြီး မင်းအုပ်စိုးက ပြောထားတာ ဖြစ်ပါတယ်..။

“အတိတ်ကိုပြန်တွေး ကျေးဇူးတင် မိပါရဲ့ကျွန်တော့်အသက် တစ်ဆယ့်ရှစ် နှစ်ကျော်ကျော်ပါ ။ ဘယ်လောက်ကျော်လဲ တိတိကျကျတော့ ပြောမပြတော့ပါဘူးဗျာ။ ဖြူနေတဲ့ခေါင်းရယ် ဖြူနေတဲ့နူတ်ခမ်းမွေးရယ် ဖြူနေတဲ့မုတ်ဆိတ်မွေးတွေရယ်

မြင်လိုက်ရရင်တော့ ဆယ်ရှစ်နှစ်ကို နှစ်တွေအများကြီး မကျော်သေးဘူး ဆိုတာ တွက်ဆကြည့်လို့ရမှာပါ ။ ကြွားတယ်လဲမထ င်ပါနဲ့ ကြုံတုံးမှာပြောပြမိတာပါ ပညာရေးနဲ့ပတ်သတ်ရင်လဲ ကျွန်တော်က ဘွဲ့ရတစ်ယောက်ပါ ။ ရထားတဲ့ဘွဲ့ကလဲ ဟိုဘက်ခေတ်တုန်းကဆိုရင်တော့ နံပတ်၅နေရာလောက်မှာရှိတဲ့ ဘူမိဗေဒမေဂျာနဲ့ ကျောင်းပြိးထားတဲ့ ဘူမိဗေဒ ဘွဲ့ရတစ်ယောက်ပါ ။

ဘူမိဗေဒကိုတောင် ၁၀တန်းအောင်တုန်းကအမှတ် ၄၁၇ မှတ် ရတာကြောင့် ပထမနှစ်မှာ Roll No .9 နဲ့ တက်ခဲ့ရတာပါ ။ ကျွန်တော် အဓိကပြောချင်တာက ကျွန်တော့်ပညာရေးမဟုတ်သလို ကျွန်တော့် အကြောင်းလဲမဟုတ်ပါဘူး။ ကျွန်တော် အထက်တန်းကျောင်းသားဘဝက ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေကို စာသင်ပေးခဲ့တဲ့ ဆုံးမ ပဲ့ပြင်ပေးခဲ့တဲ့ ကျွန်တော့်ရဲ့ဆရာ ဆရာမတွေအကြောင်းကို ရေးပြချင်တာပါ ။

၁၉၈၈ခုနှစ်မှာ တပ်မတော်က အာဏာသိမ်းခဲ့ပါတယ် ။ အာဏာထိမ်းတာမဟုတ်ဘူးနော် အာဏာသိမ်းတာလို့ တရားဝင်ပြောပြီး တော့ကို နိုင်ငံတော်ရဲ့ အချုပ်အချာအာဏာနှင့်ကိစ္စအဝဝ ကို သိမ်းပိုက်စီမံ အုပ်ချုပ်ခဲ့တာပါ ။အဲ့ဒီအချိန်တုန်းကလဲ တပ်မတော် ရဲ့ အာဏာ သိမ်းမှုကို သဘောမတူတဲ့ မကြိုက်တဲ့ မထောက်ခံတဲ့ ပြည်သူ ပြည်သားတွေ အများကြီးရှိခဲ့သလို နိုင်ငံဝန်ထမ်းတွေလဲ သိန်းသန်းမက ရှိခဲ့ပါတယ် ။

အဲ့ဒီအထဲမှာ ပညာရေးဝန်ထမ်းတွေလဲ ပါခဲ့တာပေါ့ ။ ကျွန်တော့်ရဲ့ ဆရာတွေ ဆရာမတွေလဲ ပါခဲ့တာပေါ့ဗျာ ။ အထူးသဖြင့်ကျွန်တော်တို့မြို့က NLD ကို အပြည့်အဝ ထောက်ခံပြီး တစ်မြို့လုံးနီးပါးရဲရဲနီတဲ့

မြို့ဖြစ်လေတော့ ကျွန်တော့်ဆရာ ဆရာမတွေထဲမှာလဲ ရဲရဲတောက်တွေ ဒေါင်ဒေါင်မြည် NLD တွေရှိနေကြလေတော့ တပ်မတော်ရဲ့ အာ ဏာ သိမ်းမှုကို ခါးခါးသီးသီး ဆန့်ကျင်သူတွေ အများကြီး ရှိနေကြတာပေါ့ ။ ကျွန်တော့်ငယ်ဆရာ ဆရာမတွေကို အရင်တုန်းကလဲ ချစ်ခဲ့ ပါတယ် သံယောဇဉ်ကြီးခဲ့ပါတယ် ကျေးဇူးတင်ခဲ့ပါတယ် ။

ဒါပေမဲ့ ဒီအချိန်မှာ အတိတ်ကိုပြန်တွေးကြည့်လိုက်မိတော့ ကျွန်တော့ရဲ့ ငယ်ဆရာ ဆရာမတွေအပေါ်မှာ ပိုပြီး ကျေးဇူးတင်မိ ချစ်ခင်လာမိသလို လေးစားတဲ့စိတ်တွေလဲ ကျွန်တော့် ရင်ထဲမှာ ခံစားမွေးဖွားလာပါတယ် ။

တကယ်လို့များ အဲ့ဒီအချိန်တုန်းက တပ်မတော်ရဲ့အာဏာသိမ်းမှုကို မထောက်ခံတာကြောင့် ဆန့်ကျင်တာကြောင့် ကျွန်တော့် ရဲ့ဆရာဆရာမတွေက ကျွန်တော်နဲ့ကျွန်တော့်ရဲ့ သူငယ်ချင်းတသိုက်ကို စာသင်မပေးကြပဲ အခုခေတ်လိုမျိုး CDM သာ လုပ်နေခဲ့ကြမယ်ဆိုရင် ကျွန်တော်အပါအဝင် ကျွန်တော်တို့ သူငယ်ချင်းတွေအားလုံး၁၀တန်း အောင်ခွင့် ရကြမှာမဟုတ်ကြသလို တက္ကသိုလ် တက်ခွင့်လဲ ရကြမှာ မဟုတ်ပါဘူး ။

ဘွဲ့ရပညာတက်တွေလည်း ဖြစ်လာကြမှာ မဟုတ်ပါဘူး ။ ကျွန်တော်လဲ We are geologist ဆိုပြီး ကြွေးကြော်ခွင့် မေဂျာတူသူငယ်ချင်းတွေနဲ့ချစ်ခင်ခွင့် ရမှာမဟုတ်ပါဘူး ။ ကျွန်တော်ရဲ့ ငယ်ဆရာ ဆရာမတွေက တပ်မတော်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တာ လက်မခံတာက သက်သက် ။ နိုင်ငံ့ဝန်ထမ်းဆိုတာ ဘယ်အစိုးရပဲ တက်တက် နိုင်ငံ့ဝန်ကို ထမ်းရမယ် ပြည်သူ့ဝန်ကိုထမ်းရမယ်

အထူးသဖြင့် ကျောင်းဆရာ ဆရာမဆိုတာ တပည့်တွေကို ဆုံးမ ပဲ့ပြင် စာသင်ပေးဖို့ တာဝန်ရှိတယ်ဆိုတဲ့အတွေးကသက်သက်ရအဲ့ဒီလိုမျိုး ခွဲခြမ်းစိတ်ဖြာဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးမျိုး ကျွန်တော့်ရဲ့ ငယ်ဆရာ ဆရာမတွေမှာ ရှိခဲ့ကြလို့သာ သူတို့တာဝန် ကိုသူ တို့ ရဲရဲတင်း တင်း မှန်မှန် ကန်ကန် ထမ်းဆောင်ခဲ့ကြလို့သာ ကျွန်တော်တို့ သူငယ်ချင်း တသိုက် ပညာတက် တွေ ဖြစ်ခွင့်ရ ခဲ့တာပါ ။ ဘွဲ့ရ လူငယ်တွေ ဖြစ်ခွင့်ရခဲ့ကြတာပါ ။

ကျွန်တော့်ရဲ့ငယ်ဆရာ ဆရာမတွေ ဆုံးဖြတ်ခဲ့ကြသလို ဘယ်အစိုးရပဲ အုပ်ချုပ်အုပ်ချုပ် အုပ်ချုပ်သူကို မကြိုက်သည်ဖြစ်စေ မုန် းသည်ဖြစ်စေ ပြည်သူ့ဝန်ထမ်းဆိုတာ ကိုယ့်တာဝန်ကို ကျေပွန်ပီး ကိုယ့်အလုပ်ကို လုပ်ကြရ မှာပါ ။လက်ရှိအခြေ အနေမှာတပ်မတော်ရဲ့ အ ာဏာထိန်းမှုကို မကြိုက်လို့ရပါတယ် ကန့်ကွက်လို့ရပါတယ် တော်လှန်လို့ရပါတယ် ဖြုတ်ချဖို့ ကြိုးစားလို့ရပါတယ် ပြောင်းလဲ ပစ်ဖို့ကြိုးစားလို့လဲရပါတယ် ။

ဒါပေမဲ့ ကိုယ့်အလုပ် ကိုယ့်တာဝန်ကိုသိပြီး ကိုယ့် ဝတ္တရားကိုထမ်းဆောင်နေ ကြတဲ့ နိုင်ငံ့ဝန်ထမ် းတွေကို တော့ CDM လုပ် နေတဲ့ဝန်ထမ်းတွေက အပြစ်တင်တာ အပြစ်မြင်တာ အရှက်ခွဲတာ ရန်သူလိုသဘောထားပြီး တိုက်ခိုက်နေတာကတော့ မလုပ်သင့် မလုပ်ထို က်တဲ့ လုပ်ရပ်မျိုးပါ ။

အဲ့ဒီလိုအခြေအနေမျိုးတွေကို မြင်နေကြားနေရလေတော့ အတိတ်ကို ပြန်တွေးမိပြီး တာဝန်နဲ့ နိုင်ငံရေးအစွဲကို ခွဲခြားမြင်တက်ကြတဲ့ ကျွန်တော့်ရဲ့ငယ်ဆရာ ဆရာမတွေအပေါ် ပိုပိုပြီးတော့ ကျေးဇူးတင်မိ လေးစားမိပါတယ် ခင်ဗျာ..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။ မင်းအုပ်စိုးရဲ့ အဲ့ဒီ့ပို့စ်အောက်မှာတော့ အားပေးလက်ခံတဲ့ ပရိသတ်တွေ ရှိသလို ထောက်ပြဝေဖန် တဲ့ ပြည်သူတွေလည်း ရှိကြတာ တွေ့ ရပါတယ်..။

သတင်းအရင်းမြစ်: မင်းအုပ်စိုး Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *