ဝက်သား ဒုတ်ထိုး ကြိုက် သူ တွေ ဖတ်ဖြစ်အောင် ဖတ်သွား ဗျို့

Posted on

ဆရာဝန်ညီလေးတစ်ယောက်ရဲ့ဆေးခန်းကိုလာပြတာ အသက် ၂၀ ကျော် ကောင်ကလေး၊ သူ့စအို ကနေ ( intestinal fluke လို့ခေါ်တဲ့ )အကောင် အရှင်လေးတွေ ထွက်ထွက်နေတာ ပေါ်လိုက်ပျောက်လိုက် နဲ့ ၃-၄ နှစ်လောက်ရှိပြီတဲ့…။

သတိထားမိတာတော့ အဲဒီမတိုင်ခင် ဝက်သား တုတ်ထိုးတွေ အတော်စား ဖြစ်တယ်လို့ ပြောတယ်။ အဲဒီအကောင်လေးတွေသာ အသည်းထဲမှာ တွယ်ကပ်မိရင် အတော်ကို ဆိုးဆိုးရွားရွား ဒုက္ခပေးတော့မှာ။

ဒီလပိုင်း/နှစ်ပိုင်းတွေမှာ ဆေးရုံမှာ လည်းမကြာခဏတွေ့လာရတာတွေက အသက် ၃၀ ဝန်းကျင်လူနာတွေ အစာအိမ်ကင်ဆာ အူမကြီးကင်ဆာတွေနဲ့၊ တစ်ချို့ဆိုရင် ခွဲလို့မရနိုင်တော့တဲ့အခြေအနေမို့ အသက် ၃၀ ကျော်လေးမှာပဲ သေမင်း ရက်ချိန်းကို ထိုင်စောင့်နေရတဲ့ဘဝတွေကိုဖြစ်လို့။

အဲဒီလိုလူနာတွေကို တွေ့ရ မြင်ရ ကြားရတိုင်း လမ်းဘေးမှာ မကျက်တကျက်ပြုတ်တွေ ထိုင်စားနေတဲ့ တုတ်ထိုးဆိုင်တွေ ၊ မကျက်တကျက်ကင်တဲ့ အပြင် မီးခိုးငွေ့တွေ ညှော်ငွေ့တွေပါ ရိုက်ထားတဲ့ အကင်ဆိုင်တွေ နဲ့ တစ်ခါတလေ ခေါင်းထဲ ဗိုက်ထဲက သွေးတွေ တောင် ထွက်လာ တတ်သေးတဲ့ငါးကင်တွေ…

နောက်တစ်ခါ ဆိုင်ကြီးကနားကြီးတွေ နဲ့ရောင်းပြီး ဈေးကြီးပေးစားရတဲ့ ဆိုင်တွေက ပွက်ပွက်ဆူနေတဲ့အိုးထဲထည့်ပြီး ကျက်မှန်းမသိ မကျက်မှန်းမသိ ဆယ်စားနေကြတဲ့ အသား ငါး ပုစွန်တွေနဲ့ readymade အသင့်စား အစားအစာလို့ခေါ်တဲ့ ခေါက်ဆွဲခြောက် ကြာဇံခြောက် ကော်ဖီမစ် တီးမစ်တွေ ကို မျက်စိထဲမှာ ပြေးမြင်မိတယ်။

အသိဉာဏ် ဗဟုသုတမရှိလို့ စားတာလား ဆိုတော့လည်း ကိုယ့်ဆရာဝန်တွေတောင် အတော် များများ အားပေးကြတာတွေ့ရတယ်။တစ်ခါတလေကြုံလို့ အပြောင်းအလဲအဖြစ်စားမိတာမျိုးက မထောင်းသာလှပေမယ့် တစ်ချို့လူတွေကတော့ နှစ်နှစ်ခြိုက်ခြိုက် စွဲစွဲလန်းလန်းကို စားကြတာလည်းတွေ့ရတယ်။

အဲဒီလူတွေထဲမှာ ဒီအစာတွေဟာ ဒီလိုဒုက္ခတွေပေးတတ်တယ် ဆိုတာ သိတဲ့သူတွေ အများကြီးပါတာလည်း တွေ့ရတယ်။အဲဒီတော့ ပြောစရာက တစ်ခုပဲရှိတော့တယ်၊ သေရဲရင် စားသာစားကြပေတော့လို့ပဲ….။

မူရင်းရေးသူကို credit ပေးပါတယ်။ Photo by fb.

Leave a Reply

Your email address will not be published. Required fields are marked *