လှူဒါန်းမှုတွေ ပြုလုပ်ပြီး သင်္ဃန်းကျွန်းက ပြည်သူတွေ ရဲ့ စားဝတ် နေရေး အခက်အခဲတွေ ကို ကူညီ ဖြေရှင်းပေးခဲ့တဲ့ ဝေဠုကျော်

Posted on

ပရိသတ်ကြီးရေ.. ဝေဠုကျော်ဖောင်ဒေးရှင်းလို့ဆိုလိုက်တာ နဲ့ ပရဟိတ အလုပ်တွေ နဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် ဖေးမမှုလေးတွေနဲ့ အမြဲကူညီတတ်တဲ့ ပရဟိတအသင်းကို ပရိသတ်တွေမြင်ယောင်ကြမှာပါပဲ..။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေ နဲ့အတူ ရပ်တည်ပြီး လှူဒါန်းမှု တွေ ဆက်တိုက် ပြုလုပ်နေတဲ့ ဝေဠုကျော် ဖောင်ဒေးရှင်းကတော့ လတ်တလောမှာလည်း စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်..။ စေတနာရှင်တွေလှူဒါန်းထားတဲ့ငွေကြေးတွေနဲ့ နေ့တိုင်းလိုလို ပြည်သူတွေအတွက်ပြန်လည်လှူဒါန်းနေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း ကတော့ ဒီကနေ့လေးမှာလည်း သင်္ဃန်းကျွန်းကပြည်သူ တချို့ရဲ့ စားဝတ်နေရေးအခက်အခဲတွေကို ကူညီဖြေရှင်းပေးခဲ့ပြန်ပါတယ်..။

အခုလိုအချိန်မှာ စားဝတ်နေရေးကြပ်တည်းနေကြတဲ့ သင်္ဃန်းကျွန်းက အိမ်ထောင်စု ၆၅ စုအတွက် ဆန်၊ ကြက်သွန်နီ၊ ကြာဇံနဲ့ ကြက်ဥ တွေ ကို ဝေဠုကျော်က ကိုယ်တိုင်ကိုယ်ကျ လိုက်လံပေးဝေလှူဒါန်းခဲ့တာဖြစ်ပြီး အလှူပုံရိပ်လေးတွေကိုလည်း ဝေမျှထားတာ တွေ့ရပါတယ်..။ “26-3-2021 ယနေ့ လှူဒါန်းမှု ဝေဠုကျော်ဖောင်ဒေးရှင်းမှ ယခုလို အကြပ် အတည်းကာလ တွင် စားသောက်ရေး အခက်အခဲ ဖြစ်နေကြသည့် သဃ်န်းကျွန်းမြို့နယ်မှ အိမ်ထောင်စု ၆၅စု သို့ ဆန် ၃ပြည် ကြက်သွန်နီ ကြာဇံ ကြက်ဥ တို့ကို ကူညီထောက်ပံ့ပေးခဲ့ပါသည်။

နောက်ထပ်လည်း လိုအပ်နေသည့် ခက်ခဲနေသော အိမ်ထောင်စုမျာ းအတွက် ဝိုင်းဝန်း ကူညီထောက်ပံ့ပေးဖို့ အလှူခံပါရစေ။ ဝေဠုကျော်ဖောင်ဒေးရှင်း ဝေဠုကျော် နေအိမ် 09-4 555 000 10(K Pay)(U Soe Thein) 09-4 555 000 14 09-77 60 89 484 (Wave Money account) ဘဏ်မှ ထည့်ဝင်လှုဒါန်းလိုသူများအတွက် Wai Lu Kyaw Foundation KBZ Bank (Thuwunna) 07810307800806601 ဦးစိုးသိမ်း 12/သကတ (နိုင်) 011 519 မြန်မာ့ရှေ့ဆောင်ဘဏ် (သုဝဏ္ဏဘဏ်ခွဲ) 045 01 31 04 500 11 83 045 ဧရာဝတီဘဏ် (သုဝဏ္ဏဘဏ်ခွဲ) 004 522 30 1000 66 00 CB Bank (သုဝဏ္ဏဘဏ်ခွဲ) 00 78 600 1000 25 739..” ဆိုပြီး လှူဒါန်းဖြစ်တဲ့ အလှူအကြောင်းကို ဝေမျှထားသလို ဆက်သွယ်လှူဒါန်းနိုင်ဖို့အတွက်ကိုလည်း ဖောင်ဒေးရှင်းကနေ
အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit – Wai Lu Kyaw Foundation’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *