လှိုင်သာယာ မြို့နယ် မှ အိမ်ထောင်စု (၁၅၀) အတွက် လို အပ်တဲ့ ပစ္စည်း များ ထောက်ပံ့ ကူညီ လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

Posted on

သရုပ်ဆောင် ဝေဠုကျော်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်ကျော် တိုင်အောင် ရုပ်ရှင် နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေအပြင် လိုအပ်တဲ့ နေရာတိုင်းကို အမြဲကူညီဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိနေတဲ့ ပရဟိတ သူရဲကောင်း တစ်ဦးအဖြစ် ပရိသတ်တွေက သတ်မှတ် ထားကြတာလည်း ဖြစ်ပါတယ်။ ဒ့ါအပြင် ဝေဠုကျော် ဖောင်ဒေးရှင်းကို တည်ထောင်ထားကာ ပြည်သူတွေ အဆင်မပြေမှုများကိုဖြည့်ဆည်းပေးနေတာပါ။

လတ်တလောအခြေအနေတွေကြောင့် စားဝတ်နေရေး အဆင်မပြေကြ သူတွေ များစွာ ရှိနေတာပါ။ လက်ရှိ ဖြစ်နေသော အဆင်မပြေမှုများကိုလည်း ပြည်သူတွေအချင်းချင်း ဖေးမကူညီပေးနေတာကို မြင်ရသည်မှာ ဝမ်းမြောက်ဂုဏ်ယူစရာပါပဲနော်။ ဝေဠုကျော်ကိုယ်တိုင်လည်း သူ့ရဲ့ဖောင်ဒေးရှင်းသို့ လှူဒါန်းပေးကြသော အလှူရှင်များ ကိုယ်စား လိုအပ်နေတဲ့ ပြည်သူတွေထံ သွားရောက် ထောက်ပံ့ပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်း လောက်ကလည်း ဝေဠုကျော်ဖောင်ဒေးရှင်း Facebook Page တွင် လှိုင်သာယာမြို့နယ်မှ အိမ်ထောင်စု (၁၅၀) အတွက် လိုအပ်တဲ့ ပစ္စည်းများ ထောက်ပံ့ ကူညီ လှူဒါန်းပေးခဲ့တဲ့ ပုံရိပ်တွေကို ဝေမျှပေးထားတာပါ။

” 12-4-2021

မြန်မာပြည်ကြီး ဘယ်လောက် ခက်ခဲ နေပါစေ။

ထမင်းငတ်သူ မရှိစေရပါဘူး။

အလှူရှင်များ ကိုယ်စား

လှိုင်သာယာ အိမ်ထောင်စု ၁၅၀စုသို့ အလှူ

#ဝေဠုကျော်ဖောင်ဒေးရှင်းမှ

လှိုင်သာယာမြို့နယ်၊မြတောင်ဝန်ကြီး ဦးမှိုလမ်း အတွင်းရှိ ကျူး အိမ်ထောင်စု ၁၅၀စု သို့

တစ်အိမ်ထောင်လျှင်

ဆန် ၃ပြည်

ကြက်ဥ ၁၀လုံး

ကြက်သွန်နီ ၅၀သား

ကုလားပဲ ၃၅ ကျပ်သား တို့ကို သွားရောက် ကူညီ ထောက်ပံ့ ပေးခဲ့ပါသည်။ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီးပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်စေရန် တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Wai Lu Kyaw Foundation’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *