လှိုင်သာယာက ပြည်သူတွေ အတွက် စားသောက် ကုန်တွေ လှူဒါန်းမယ့် သူ့ရဲ့အစီအစဉ်လေး မှာ ပါဝင်ကြဖို့ ဖိတ်ခေါ် လိုက်တဲ့ နေဒွေး

Posted on

သရုပ်ဆောင် မင်းသားနေဒွေး ကတော့ ဇာတ်ကားတွေများစွာရိုက်ကူးထားကာ အနုပညာလောကမှာ ပရိသတ် အခိုင်အမာနဲ့အောင်မြင်စွာရပ်နေသလို စီးပွားရေးလုပ်ငန်းတွေမှာလည်း တစိုက်မတ်မတ်ကြိုးစားလုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်..။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာလည်း လှူဒါန်းမှုတွေပြုလုပ်ပြီး တတ်နိုင်သလောက် ပြည်သူတွေနဲ့ ရပ်တည် ဖြတ်သန်းနေတဲ့ နေဒွေးကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက မကြာခဏ လှူဒါန်းမှုတွေ ပြုလုပ်နေသူပါပဲ..။

အလှူတွေဆက်တိုက် ပြုလုပ်နေတဲ့ နေဒွေး ကတော့ ဒီကနေ့မှာလည်း လှိုင်သာယာကပြည်သူတွေ အတွက် စားသောက်ကုန်တွေလှူဒါန်းမယ့် သူ့ရဲ့ အစီအစဉ်လေးမှာပါဝင်ကြဖို့ စေတနာရှင် အလှူရှင်တွေကို ဖိတ်ခေါ်လိုက်ပါတယ်..။ မတ်လ(၂၆)ရက်နေ့မှာ လှိုင်သာယာက စားဝတ်နေရေး ခက်ခဲနေကြတဲ့ပြည်သူတွေ အတွက် ဆန်တွေဆီတွေအပြင် အခြားစားသောက်ကုန်တွေ ကို သွားရောက်လှူဒါန်းမှာဖြစ်ပြီး အလှူမှာပါဝင်နိုင်တဲ့အကြောင်းကိုလည်း အသိပေးဖိတ်ခေါ်ထားပါ..။

“မနက်ဖန် မနက်မှာ လှိုင်သာယာမြို့နယ်ထဲမှာ ရှိသော စားဝတ်နေရေးခက်ခဲနေသော ပြည်သူများအတွက် ဆန်, ဆီ , ခေါက်ဆွဲခြောက် , ငါးခြောက် , ကြက်ဥ စားသောက်ကုန်များသွားရောက်လှုဒါန်းပါမည်ခင်ဗျ🙏🏼🙏🏼🙏🏼 မည်သူမဆို ပါဝင်ပူးပေါင်းလိုက်ပါ လှုဒါန်းနိုင်ပါသည်ခင်ဗျ❤️🦁..” ဆိုပြီး နေဒွေးက အသိပေး ပြောပြထားတာပါ..။ ပြည်သူတွေအတွက် ကျရာတာဝန်ကိုတတ်နိုင်တဲ့ဘက်ကနေ ထမ်းဆောင်နေကြတဲ့ အခြားသောအနုပညာရှင်တွေနဲ့အတူ တတ်နိုင်သလောက်လှူဒါန်းမှုတွေပြုလုပ်နေတဲ့ နေဒွေးရဲ့အလှူမှာလည်း ပရိသတ်တွေက ပါဝင် နေကြတာလည်း တွေ့ရပါတယ်..။

Photo Credit – Nay Dway’s Fb Acc

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *