လှလွန်း တဲ့ ဖက်ရှင်လေး နဲ့ ကြွေသွား စေမယ့် ပုံလေးတွေကို ပြန်လည် ဝေမျှလာ တဲ့ ယွန်းယွန်း

Posted on

ချစ်ရတဲ့ ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မင်းသမီးချောလေး ယွန်းယွန်းကတော့ ကလေးဘဝ ကတည်းက အနုပညာအပေါ်မှာ ရူးသွပ်ခဲ့တာဖြစ်ပြီး ကောင်းမွန်ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုကြီး ကိုလည်း ထိုက်ထိုက်တန်တန်ရရှိခဲ့တာပါ။ ငယ်စဉ်ကတည်းက တန်ဖိုးထား မြတ်နိုးကာ ထိန်းသိမ်းလာခဲ့တဲ့ သူမရဲ့ ဆံနွယ်ရှည်လေးတွေကြောင့်လည်း ပရိသတ်တွေကြား အတော်လေး လူသိများ ကျော်ကြားတာဖြစ်ပါတယ်။

ယွန်းယွန်းက ကိုယ်လုံးကိုယ်ပေါက် တောင့်တင်း လှပသူဖြစ်ပြီး ဆယ်ကျော်သက်အရွယ် အပျိုဖြန်းမလေး ဖြစ်တာကြောင့် ပုရိသပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကိုလည်း တစ်ခဲနက်ရရှိထားတာပါ။ လက်ရှိ Covid ကာလမှာတော့ ယွန်းယွန်းက အနုပညာလှုပ်ရှားမှု အနေနဲ့ Photo shooting လေးတွေနဲ့ ကြော်ငြာလေးတွေကို လက်ခံရိုက်ကူးနေတာတွေ့ရပြီး program အသစ်တွေကိုလည်း ရိုက်ကူးနေရတာပါ။

ယွန်းယွန်းက အနုပညာလှုပ်ရှားမှုတွေ မအားလပ်ပေမယ့် ချစ်ရတဲ့ ပရိသတ်တွေ အလွမ်းပြေ စေဖို့ အရင်က ပုံဟောင်းလေးတွေကိုလည်း ဝေမျှလေ့ရှိတာပါ။ ယနေ့မှာဆိုရင်လည်း ယွန်းယွန်းက ကောက်ကြောင်းအလှကို ပေါ်လွင်စေတဲ့ ကိုယ်ကျပ်ဂါဝန်လေးနဲ့ လှရက်လွန်းနေတဲ့ ပုံလေးတွေကို တင်ပေး လာတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်….. ။

Source – Yoon Yoon’s Facebook Pag

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *