လှမ်းလိုက်တဲ့ ခြေလှမ်း တိုင်း မှာ နောင်တဆိုတာ မရှိဘဲ အသက်ရှုနေရခြင်း ရဲ့ အကြောင်းပြချက်တွေကို ပြတ်သားစွာ ပြောလာတဲ့ ဒေါင်း

Posted on

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုတွေကို တစ်ခဲနက်အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင်မင်းသားချော ဒေါင်းကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာကတည်းက အားလုံးနဲ့ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

မင်းသားဒေါင်းကတော့ အားလုံးနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့သလို ကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်ကာ ဖေးမကူညီနေသူလည်း ဖြစ်ပါတယ်..။

ပြည်သူတွေနဲ့အတူတက်ကြွစွာ ပါဝင်လှုပ်ရှားနေတဲ့ ဒေါင်းကတော့ ၅၀၅-က ဖြင့် အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေမှာ ပါဝင်လာပေမယ့် လည်း တတ်နိုင်သလောက် အားဖြည့်လုပ်ဆောင်နေပြီး သူ့ရဲ့ ယုံကြည်မှုနဲ့ ခံယူချက်တွေကို ပြောပြလာပါတယ်..။

လှမ်းနေတဲ့ခြေလှမ်းတိုင်းမှာ နောင်တ ဆိုတာမရှိဘဲ အမှန်တရားတွေပဲရှိတာကြောင့် အဓမ္မကိုတော်လှန်ဖို့ အသက်ရှုနေခြင်းသာဖြစ်တဲ့ အကြောင်းတွေကို ဒေါင်းက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြတ်သားစွာ ရေးသားပြောပြထားတာပါ..။

“လှမ်းနေတဲ့

ခြေလှမ်းတိုင်း ဟာ

အတိတ်မှာကျန်ခဲ့တယ်

သမိုင်းဆိုလဲဟုတ်တယ်

တို့တွေမှာနောင်တ ဆိုတာမရှိဘူး

အမှန်တရားပဲရှိတယ်

အခုချိန်မှာ

အသက်ရှုလိုက်ရင်တောင်

အဓမ္မကိုတော်လှန်ဖို့

အသက်ရှုနေခြင်းသာဖြစ်တယ်။

ဒေါင်း..” ဆိုပြီး ဒေါင်းက ရေးသား ထားတာ ဖြစ်ပါတယ်..။

ဒေါင်းရဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေ ကလည်း အားပေးစကားတွေလည်း အသီးသီးပြောထားကြသလို တော်လှန်ရေးတိုက်ပွဲကြီးမှာ အရေးတော်ပုံအောင်မြင်ဖို့အတွက်ကိုလည်း ကြိုးစားနေကြတဲ့အကြောင်းတွေကို ပြန်လည်ပြောထားတာလည်း တွေ့ရ ပါတယ်..။

Photo Credit – Daung’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *