လွန်ခဲ့တဲ့ သုံးနှစ်က မဖူးအ ပင် ပန်းခံကာ လုပ်ပေးထား တဲ့ လက်ဆောင် ကဒ်လေး ကို ​ကြည့်ပြီး သတိရ နေကြောင်း ဖွင့်ဟလာတဲ့ စံထိပ်ထားဦး

Posted on


လက်ရှိဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုများတွင် ပြည်သူတွေ နဲ့အတူ ဓမ္မဘက်က ရပ်တည်ပေးခဲ့ကြသူများထဲမှာ သရုပ်ဆောင် မေတိုးခိုင်လည်း တစ်ဦးအပါအဝင်ပဲ ဖြစ်ပါတယ်။ အဒေါ်ဖြစ်သူ အူဝဲနဲ့အတူ နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ သူမ ကို ပရိသတ်တွေက လေးစား ဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ အခုလိုတွေပါဝင်ခဲ့တဲ့ မေတိုးခိုင်ကို ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုပြီး ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတာ ဖြစ်ပါတယ်။

မေတိုးခိုင်ကို ချစ်ကြတဲ့ မိတ်ဆွေ အပေါင်းအသင်းများကတော့ သူမရဲ့ ဘေးကင်းလုံခြုံရေးအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။ အမှန်တရားဘက်က ရပ်တည်ပေးနေကြတဲ့ အနုပညာရှင်များကလည်း ဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သူ တို့ တတ်နိုင်တဲ့ ဘက်ကနေ Speak Out လုပ်ပေးနေကြတာဖြစ်ပါတယ်။ မေတိုးခိုင်နဲ့ပတ်သက်တဲ့ အမှတ်တရတစ်ချို့ကို သူမကိုချစ်ခင်ကြသူများက လူမှုကွန်ယက်တွင် သတိတရဝေမျှပေးနေကြတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်က စံထိပ်ထားဦး ရဲ့ Instagram Story တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ဒါကတော့ လွန်ခဲ့တဲ့ သုံးနှစ်က မဖူးအပင်ပန်းခံကာ လုပ်ပေးထားတဲ့ လက်ဆောင်ကဒ်လေးကို ​ကြည့်ပြီး သတိရနေကြောင်း ဖွင့်ဟပြေ ာပြလာတာ ဖြစ်ပါတယ်။ ဒီကဒ်လေးကိုတော့ ထိပ်ထိပ်လေး ရဲ့ မွေးနေ့အတွက် မေတိုးခိုင်မှ ကိုယ်တိုင် handmade postcard လေး ဖန်တီးပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ စံထိပ်ထားဦးကလည်း ” မဖူးဘေးအန္တရာယ်ကင်းပြီး ကျန်းမာရေးကောင်းမွန်မယ်လို့ မျှော်လင့်နေပါတယ်။ အရမ်းလည်း လွမ်းနေပါတယ် ” ဆိုပြီး ရေးသား ထားတာ ဖြစ်ပါတယ်။ မေတိုးခိုင်နဲ့အတူ ကြော်ငြာလေးတွေ အတူရိုက်ဖူးခဲ့ကြပြီးညီအစ်မအရင်းတွေလို ချစ်ခင်ကြတာဖြစ်တဲ့အတွက် အခုလိုအခြေအနေဖြစ်သွားတာကြောင့် ထိပ်ထိပ်တစ်ယောက် အတော်လေးကို စိတ်ထိခိုက်နေတာ ဖြစ်ပါတယ်။ ဖမ်းဆီးထိန်းသိမ်း ခံထားရသူများအားလုံးလည်းဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source and Photo Crd-San Htate Htar Oo’s IG/ Facebook Account and May Toe Khine’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *