လွတ်မြောက်နယ်မြေ မှာ စစ်သင်တန်း တက်နေပေမယ့် သူချစ်ရတဲ့ အရာတွေ ကိုလွမ်းမိနေတဲ့ အကြောင်း စိတ်မကောင်းစွာပြောလာတဲ့ မေဦး

Posted on

မိတ်ကပ်ပညာရှင်အဖြစ် အောင်မြင်မှု များစွာ ရရှိ ထားတဲ့ မေဦးကတော့ ဖေဖော်ဝါရီလ တစ်ရက်နေ့ကတည်းက စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့တာမို့ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်း ခံထားရသူပဲ ဖြစ်ပါတယ်။ အရေးတော်ပုံ အောင်မြင်ဖို့အတွက် ခိုင်မာပြတ် သားတဲ့ ယုံကြည်မှုတွေကြောင့် မေဦးက Gen Zလူငယ်လေးတွေနဲ့အတူ လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက်ရောက်နေတာလည်းဖြစ်ပါတယ်နော်။

ပြည်သူချစ်အနုပညာရှင်အဖြစ်ကနေ ပြည်သူကို အကာအကွယ် ပေးတဲ့ အနုပညာရှင်အနေနဲ့ ရဲရဲ၀င့်၀င့်ရပ်တည်လာတဲ့ မေဦးရဲ့စိတ်ဓာတ်နဲ့ခံယူချက်ကတော့ တကယ်ကိုလေးစားဖို့ကောင်းပါတယ်။ မေဦးကလွတ်မြောက်နယ်မြေမှာ အခက်အခဲဒုက္ခတွေနဲ့ စစ်သင်တန်း တက်ရောက်နေရင်း မကြာသေးမီ ကတော့ သူ့ရဲ့ Facebookစာမျက်နှာ စိတ်မကောင်းဖြစ်စရာစာလေးရေးလာတာတွေ့ရပါတယ်…..။

မေဦးက “အမေ့ကိုလည်း လွမ်းတယ်

အိမ်ကိုလည်း လွမ်းတယ်

ကိုယ်ချစ်တဲ့အလုပ်ကိုလည်း လွမ်းတယ်

အစားအသောက်တွေလည်း လွမ်းတယ်

အရာရာအားလုံးလည်း လွမ်းတယ်💔…….” ဆိုပြီး ရေးသား ထားခဲ့ပါတယ်။ မေဦးကို ‌commentsတွေကနေတစ်ဆင့် အနုပညာရှင်တွေကလည်း အားပေးနှစ်သိမ့်ထားကြတာတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-May Oo’s Facebook acc

Leave a Reply

Your email address will not be published. Required fields are marked *