“လေ” နဲ့ တင် မတိုက် ဘဲ “ငွေ” နဲ့ လည်း တိုက် ကြ ပါ စို့ ဆို တဲ့ ဆိုဖီယာ ..

Posted on

ပရီတ်သတ်ကြီး ရေ….ဂီတလောကမှာ အောင်မြင်မှုတွေနဲ့ လျှောက် လှမ်းနေတဲ့ အဆိုတော် ဆိုဖီယာ ကတော့ အသံပါဝါ အားကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုတဲ့ အဆိုတော် တစ်ဦး ဖြစ်ပါတယ်။ သူသီဆိုတဲ့ ပြန်ဆိုတေးသီချင်းများကိုလည်း ပရိသတ်တွေက တစ်ခဲနက် အားပေး

နားဆင်ကြတာ ဖြစ်ပါတယ်။ သူမကတော့ ရရှိတဲ့ အနုပညာ ကြေးများကို စုဆောင်း ပြီး အလှူအတန်း တွေ ပြုလုပ်လေ့ရှိတာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း စားဝတ်နေရေးခက်ခဲနေကြသော ပြည်သူတွေကို ချစ်ခင်ရတဲ့ မိတ်ဆွေများနဲ့ စုပေါင်းကာ လိုအပ်တာတွေ လိုက်လံ လှူဒါန်း ပေးနေတာ ဖြစ်ပါတယ်။ ပရိသတ်

တွေကိုလည်း ကုသိုလ်ပိုမိုရရှိအောင် အလှူတွေ ဒီ့ထက်များများ ပြုလုပ်သင့်ကြောင်းကိုလည်း သူမရဲ့ လူမှု ကွန်ယက် စာမျက်နှာတွင် တိုက်တွန်းလေ့ရှိတာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဆိုဖီယာရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အခြားသူရေးသားထားသော ပို့စ်တစ်ခု ဝေမျှထားတာ ဖြစ်ပါတယ်။ ဒါကတော့ ပြည်ပ

မှာ နေထိုင်ကြသူတွေအနေနဲ့ ဒုက္ခရောက် နေတဲ့ ပြည်တွင်းကပြည်သူတွေကို ကူညီပေး သင့်ကြောင်း ရေးသား ထားတာကို ပြန်လည် ဝေမျှပေး လိုက်တာ ဖြစ်ပါတယ်။ ” နိုင်ငံခြားမှာ နေတဲ့သူတွေဟာ စိတ်ဒုက္ခရောက် စိတ်ဆင်း ရဲနေရတယ် ဆိုပေမယ့်၊ နေ့စဉ်လည်ပတ်မှုတွေမှာတော့ ဒုက္ခ ရောက်မနေကြပါဘူး။ လုံခြုံရေးကို စိုးရိမ်

နေရတာမျိုး မရှိဘူး။အပြင်သွားရင် ဖုန်းအစစ်ခံ ရမှာလား၊ အဖမ်းခံ ရမှာလား တွေးပြီး ကြောက်နေစရာ မလိုဘူး။ နောက်နေ့ အသတ်ခံရမယ့်လူက ကိုယ်ဖြစ်မှာလား စိတ်ပူနေစရာ မလိုဘူး။ ည အိပ်ခါနီး ကိုယ့်အိမ်ကို တံခါးဖျက်ပြီး ဝင်လာမှာလား စိုးထိတ် နေစရာ မလိုဘူး။ ညအချိန်မတော် သေနတ်တွေဖောက်ပြီး အိပ်

ရေးပျက်အောင် နှောက်ယှက်နေတဲ့သူ မရှိဘူး။ အင်တာနက် အဖြတ် မခံထားရဘူး။ Facebook ကို လွတ်လွတ်လပ်လပ် သုံးစွဲခွင့်ရတယ်။ သွားချင်ရာ သွားလို့ရတယ်။ အလုပ်တွေ ပုံမှန် လုပ်နေပြီးတော့၊ ဝင်ငွေတွေ ပုံမှန် ရနေကြတုန်း ပါပဲ ။ ပြည်တွင်း ကလူတွေကတော့ အပေါ်မှာ ပြောထားတဲ့ ဒုက္ခတွေကို အကုန် ခံကြရပါတယ်။ ဒါကြောင့် ပြည်

ပရောက် အမျိုး တွေ အနေနဲ့ ကိုယ် သေချာပေါက် လုပ်နိုင်တာ ဖြစ် တဲ့ “လှူ” တဲ့ အလုပ် ကို ဖိပြီး လုပ်ကြပါစို့ဗျာ။ ဒီကာလမှာ ကိုယ်အနာခံလိုက်ရရင် ပိုက်ဆံမစုလိုက်ရတာပဲ ရှိမှာပါ။ ပြည်တွင်းက လူတွေကတော့ အသက်ကိုပါရင်းပြီး တွန်းလှန်နေရတာ ဖြစ်ပါတယ်။ ခုနောက်ပိုင်း မှာ အကအညီလိုနေတဲ့သူတွေ ပိုပြီး များလာ

တော့ လှူရတာလည်း မနိုင်မနင်း ဖြစ်လာပါတယ်။ ဒါကြောင့် ပြည်ပက အလှူငွေတွေ ပိုပြီး ရလာဖို့ လိုအပ်ပါတယ်။ အဲ့ဒါကြောင့် “လေ” နဲ့တင် မတိုက်ဘဲ “ငွေ” နဲ့ လည်း တိုက်ကြပါစို့။ (လေနည်းနည်း ငွေများများ နဲ့ တိုက်ကြစို့ လို့ ဆိုလိုချင်တာပါ)

လှူဖို့ Pressure ပေးသလို ဖြစ်သွားရင် တောင်းပန် ပါတယ်။ အချိန်ကြာ လာတော့ အကူအညီ လိုနေတဲ့သူတွေ ပိုပြီး များလာလို့ပါ။ အောင်ပွဲရတဲ့ အထိ ဆက်ပြီး တိုက်ကြစို့။ 👊👊#credit ” ဆိုပြီး ရေးသားထား တာဖြ စ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့် ပြန်လည် ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Sophia Everest’s Facebook page

Leave a Reply

Your email address will not be published. Required fields are marked *