လေ့ကျင့်ခန်းတွေ ပုံမှန် လုပ်နေရခြင်း ရဲ့ နောက်ကွယ်က အကြောင်းအရင်းမှန်ကို ထုတ်ပြော လိုက်တဲ့ မော်ဒယ်သန္တာလှိုင်

Posted on

ကျွန်မဘာကြောင့် ကျန်းမာရေးကို စတင်လိုက်စားခဲ့သလဲဆိုတော့ Australia မှာ အသက်ကြီးတဲ့ အဖိုးကြီး အဖွားကြီးတွေက ကျွန်မတို့ထက် သန်စွမ်းဖျတ်လပ်စွာ သွားလာလုပ်ကိုင်ခရီးတွေ ထွက်နေကြတာကို တွေ့လာတယ်။ ကျန်းမာရေးအသိနဲ့ လေ့ကျင့်ခန်းရဲ့ အကျိုးတွေကို စပြီး လေ့လာတော့မှ ….. လေ့လာပြီး လေ့ကျင့်နိုင်ရင် လူဆိုတာ အသက်လေးရလာတာနဲ့ အမျှ ဆီးချို သွေးတို့ နုလုံးရောဂါတွေနဲ့ ဆိုတာ ပုံမှန်ပါပဲလို့ လက်ခံ ထားစရာ မလိုဘူးဆိုတာ သိလာတယ်။

အဆီပိုတွေဆိုတာ အသက်ကြောင့် တက်လာတာ မဟုတ်ဘူးဆိုတာ သိလာတယ်။ ဘာမှ မလုပ်ခင် ပင်ပန်းပြီး စိတ်သွားတိုင်း ကိုယ်မပါနိုင် လို့ သွားချင်ရာ ကို ပိုက်ဆံတတ်နိုင်ပေမယ့်လည်း energy မရှိလို့ မသွားနိုင်တာမျိုး ဖြစ်စရာ မလိုဘူးဆိုတာတွေ သိလာတယ်။ အသက်ရှင်နေရက်နဲ့ quality မပြည့်တဲ့ limited lifestyle နဲ့ နေစရာ မလိုဘူးဆိုတာ အားလုံးကိုလည်း သိစေချင်တယ်။

ဒါကြောင့်လည်း စပြီး လေ့လာရင်း၊ မျှဝေခဲ့တာပါ။ ကျွန်မ ၃၀ စပြီးမလေ့ကျင့်ခင်တုန်းက ကျွန်မရဲ့ ရုပ်ရည်နဲ့ လက်ရှိ ၄၀ ကျော် မှာ ပိုကျန်းမာ ဖျတ်လပ်လာတဲ့ ခန္ဓာကိုယ်နဲ့ ကျွန်မက သက်သေပါပဲ။ အခုတော့ ကျွန်မမျက်စိရှေ့မှာတင် ၅၀ ကျော် ၆၀ ကျော်တွေလည်း ကျန်းမာရေးကို စတင်ဂရုစိုက်ပြီး လေ့ကျင့်နိုင်ရင် သူများမနာလိုဖစ်ပြီး အသက်ကြီးနေပြီ ဘုရားတရားလုပ်ပါတော့လို့ ပြောယူရလောက်အောင် quality ပြည့်ပြီး ကျန်းမာတဲ့ lifestyle နဲ့ သွားလာနေထိုင်နေကြတဲ့ သက်သေ ဉပမာတွေ အများကြီးရှိလာပါပြီ။

လူတော်တော်များများ က မိမိကိုယ်ကိုယ် မလုပ်နိုင်ဘူးလို့ ထင်တာရယ်၊ ကိုယ့်ရဲ့အလုပ်နဲ့ စီးပွားရေးကို ဂရုစိုက်ပြီး ရှာနေရတာကြောင့် အချိန်မရှိဘူး ဆိုတာ တော့ ဟုတ်တာပေါ့ လက်ခံပါတယ်။ ဒါပေမယ့် တကယ့်တကယ်တေ့ာ အခုချိန်မှာ ရှာထားသမျှ စုဆောင်းထားသမျှ ပိုက်ဆံတွေက တစ်ချိန်အထိစောင့်စရာ မလိုဘဲ လက်ရှိအချိန်မှာတင် ကျန်းမာရေးအတွက် ဆေးရုံ ဆေးခန်းမှာ သုံးဖို့ဆိုပြီး ရည်ရွယ်ထားတဲ့ အတိုင်း တကယ်လဲ အဲ့ဒီနေရာတွေမှာ အကုန်နီးပါး ပြန်သုံးလိုက်ရတာပါပဲ။

ဒီလိုအဖြစ်တွေ ကျွန်မတွေ့မိသလို လူတိုင်းလဲ တွေ့မိမယ်လို့ ထင်ပါတယ်။ ဒါဘာကြောင့်လဲ ဆိုတော့ အခုလိုမျိုး အချိန်ရှိတုန်း ကျန်းမာရေးကောင်းတုန်းမှာ တစ်ရက်ကို အချိန်နည်းနည်းလေးလောက် ဖဲ့လိုက်ပြီး မိမိကိုယ်ကို ထိန်းသိမ်းဖို့ အချိန်ကိုသာ ဦးစားပေးလိုက်မယ်ဆိုရင် ရှာထားသမျှတွေ က အလဟဿ မဖြစ်တော့ဘူးပေါ့။ကိုယ့်ရဲ့ အနီးဝန်းကျင်မှာ ကျန်းမာလှပပြီး အောင်မြင်နေကြသူတွေကလဲ အလုပ်တွေမအားတဲ့ကြားကပဲ အချိန်တခုဖဲ့ပေးပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းဖို့ လေ့လာစရာတွေ လေ့လာပြီး လေ့ကျင့်ခန်းတွေကို ဦးစားပေး လုပ်နေကြလို့ပါပဲ။ ဒီပုံလေးတွေမြင်ပြီး အဖွားကြီး ဘုရားတရားလုပ်သင့်ပြီလို့ ပြောနေတဲ့ လူငယ်တွေလဲ ပြောတာလဲပြောပေါ့။ တစ်ချိန်ထဲမှာပဲ အမတို့လို အရွယ်အထိ ဖလန်းဖလန်း ထနိုင်ဖို့အတွက် အခုထဲက စပြီး ကျန်းမာရေးအသိတွေ လေ့လာဖို့ တိုက်တွန်းချင်ပါတယ်။

crd

Leave a Reply

Your email address will not be published.