လေ့ကျင့်ခန်း လုပ်ပြီး ချွေးတွေ စိုနေတာတောင် အလှပျက်ခြင်း မရှိဘဲ ဆွဲဆောင်မှု အပြည့် နဲ့ အရမ်း လန်းနေတဲ့ မအေးသောင်း ရဲ့ ဗီဒီယိုလေး

Posted on

မင်းသမီးချောလေး အေးဝတ်ရည်သောင်း (ခေါ်) မအေးသောင်းကတော့ မြန်မာဆန်ဆန် ပုံစံ‌နဲ့ ဆိုရင် ယဥ်ယဥ်လေး လှသလို ခေတ်ဆန်ဆန်ပုံစံလေးနဲ့ဆိုရင်လည်း ကြည့်ကောင်းနေတာ ဖြစ်ပါတယ် ။ မအေးသောင်းက အင်မတန် အချိုးအစားပြေပြစ်တဲ့ ကိုယ်လုံးအလှကို ပိုင်ဆိုင် ထားသူလေးလည်း ဖြစ်ပါတယ် ။ ဒါကြောင့်ပဲ မအေးသောင်းက သူများတွေ နဲ့မတူအောင် ထူးထူးခြားခြားအလှတွေပိုပြီး လူအများကြားမှာ အမြဲထင်ပေါ်နေတာ ဖြစ်ပါတယ် ။

VCD ခေတ် ကတည်းက လူကြိုက်များအောင်မြင် ခဲ့တဲ့ မအေးသောင်းက အခုလက်ရှိမှာလည်း ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးတွေပါ နှစ်ခြိုက်အားပေးရတဲ့ မင်းသမီးတစ်လက်ဆိုရင်လည်း မမှားပါဘူးနော် ။ မအေးသောင်းက အသက် (၃၀) ကျော်လို့ မထင်ရအောင်ကို အရွယ်တင်လွန်းပြီး ပျိုမျစ်နုနယ်စွာလှနေတာပဲ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ မအေးသောင်းတစ်ယောက် ခန္ဓာကိုယ်အလှကို ထိန်းသိမ်းနိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်နေတာ ဖြစ်ပါတယ် ။

အခုလည်း မအေးသောင်းက အားကစား လုပ်ပြီး အမောဖြေရင်း နဲ့ ရိုက်ကူးထားတဲ့ဗီဒီယိုလေးကို တင်ထားတာဖြစ်ပါတယ်။ ချွေးတွေစိုနေတာတောင် အလှပျက်ခြင်းမရှိတဲ့ မအေးသောင်းကတော့ ဆွဲဆောင်မှုအပြည့်နဲ့ အရမ်းလန်းနေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီး ချောလေး မအေးသောင်းရဲ့အမိုက်စားဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Aye Thaung’s FB Story

Leave a Reply

Your email address will not be published. Required fields are marked *