လူမှု ကွန်ယက်မှာ ကြည့်ရှုသူများ နေတဲ့ ကိုယ်တိုင်ရေးစပ်သီဆိုထားပြီး မျှဝေဖော်ပြခဲ့တဲ့ တိုင်းကျော် ရဲ့ သီချင်းလေး

Posted on

ပြည်သူချစ်ဟာသလူရွှင်တော် တစ်ယောက်ဖြစ်တဲ့ တိုင်းကျော်လို့ ဆိုလိုက်တာ နဲ့ ဟား(၅)ကောင် ညီအကိုတွေခေါ်ကြတဲ့ စောက်မှေး ဆိုတဲ့ စပ်ဖြဲဖြဲမျက်နှာလေး ပြေးမြင်မိမှာ အမှန်ပါပဲ။ ဟား(၅)အဖွဲ့ရဲ့ ခေါင်းဆောင်းတစ်ဦးဖြစ်ပြီး မိမိတို့လူရွှင်တော်အဖွဲ့ကို တစ်ညီတစ်ညွတ်ထဲ ရှိနေစေဖို့ ကိုယ်တိုင် ရှေ့ဆောင်လမ်းပြကောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။

ဟား(၅)အဖွဲ့ကတော့ လက်ရှိ ပရိတ်သတ်တွေကြားမှာ ပြောစမှတ် ပြုနေရတဲ့ ဟာသလူရွှင်တော်အဖွဲ့ပဲဖြစ်ပါတယ်။​တောထဲမှာ မိမိတို့နေထိုင်ရပုံတွေကို ပရိတ်သတ်တွေကို ချပြလေ့ရှိပြီး ဇွဲမလျော့ပဲ ဆက်လက်တိုက်ပွဲဝင်တော်လှန်ကြဖို့ မကြာခဏ တိုက်တွန်းလေ့ရှိပါတယ်။ ညီအကိုရင်းကဲ့သို့ ချစ်ခင်ကြတဲ့ ဟား ၅ကောင်ညီအကိုတွေကတော့ အာဏာရှင်ကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့တုန်းကလည်း အတူတူဖြစ်ပြီး လွတ်မြောက်နယ်မြေမှာလည်း ညီအကိုတွေ အတူတူပဲ သင်တန်းတက်ရောက်လျက်ရှိကြပါတယ်။

ယနေ့မှာတော့ ​ေတာ်လှန်ရေး မှာ သွေးမအေးသွားစေဖို့ ကျဆုံးသူရဲကောင်းတွေရဲ့ ပုံလေးတွေနဲ့အတူ ကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ သီချင်းvideoလေးတစ်ပုဒ်ကို သူရဲ့ လူမှူကွန်ယက်စာမျက်နှာမှာတစ်ဆင့် မျှဝေလာခဲ့ပါတယ်။videoလေး မျှဝေပြီး နာရီအချိန်ပိုင်းအတွင်းမှာ ကြည့်ရှု့သူ ၈ထောင်ကျော်ရှိသွပြီဖြစ်တဲ့ တိုင်းကျော်ရဲ့ သီချင်းvideoလေးကိူ မကြည့်ရှူရသေးတဲ့ ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ရတယ်နော်။

R Kar Moe – YaungChi

Source and Video Credit – Taingkyaw’s Facebook

zawgyi

ျပည္သူခ်စ္ဟာသလူ႐ႊင္ေတာ္ တစ္ေယာက္ျဖစ္တဲ့ တိုင္းေက်ာ္လို႔ ဆိုလိုက္တာ နဲ႔ ဟား(၅)ေကာင္ ညီအကိုေတြေခၚၾကတဲ့ ေစာက္ေမွး ဆိုတဲ့ စပ္ၿဖဲၿဖဲမ်က္ႏွာေလး ေျပးျမင္မိမွာ အမွန္ပါပဲ။ ဟား(၅)အဖြဲ႕ရဲ႕ ေခါင္းေဆာင္းတစ္ဦးျဖစ္ၿပီး မိမိတို႔လူ႐ႊင္ေတာ္အဖြဲ႕ကို တစ္ညီတစ္ၫြတ္ထဲ ရွိေနေစဖို႔ ကိုယ္တိုင္ ေရွ႕ေဆာင္လမ္းျပေကာင္းသူတစ္ဦးလည္းျဖစ္ပါတယ္။

ဟား(၅)အဖြဲ႕ကေတာ့ လက္ရွိ ပရိတ္သတ္ေတြၾကားမွာ ေျပာစမွတ္ ျပဳေနရတဲ့ ဟာသလူ႐ႊင္ေတာ္အဖြဲ႕ပဲျဖစ္ပါတယ္။​ေတာထဲမွာ မိမိတို႔ေနထိုင္ရပုံေတြကို ပရိတ္သတ္ေတြကို ခ်ျပေလ့ရွိၿပီး ဇြဲမေလ်ာ့ပဲ ဆက္လက္တိုက္ပြဲဝင္ေတာ္လွန္ၾကဖို႔ မၾကာခဏ တိုက္တြန္းေလ့ရွိပါတယ္။ ညီအကိုရင္းကဲ့သို႔ ခ်စ္ခင္ၾကတဲ့ ဟား ၅ေကာင္ညီအကိုေတြကေတာ့ အာဏာရွင္ကို ၿငိမ္းခ်မ္းစြာဆႏၵျပခဲ့တုန္းကလည္း အတူတူျဖစ္ၿပီး လြတ္ေျမာက္နယ္ေျမမွာလည္း ညီအကိုေတြ အတူတူပဲ သင္တန္းတက္ေရာက္လ်က္ရွိၾကပါတယ္။

ယေန႔မွာေတာ့ ​ေတာ္လွန္ေရး မွာ ေသြးမေအးသြားေစဖို႔ က်ဆုံးသူရဲေကာင္းေတြရဲ႕ ပုံေလးေတြနဲ႔အတူ ကိုယ္တိုင္ေရးစပ္သီဆိုထားတဲ့ သီခ်င္းvideoေလးတစ္ပုဒ္ကို သူရဲ႕ လူမႉကြန္ယက္စာမ်က္ႏွာမွာတစ္ဆင့္ မွ်ေဝလာခဲ့ပါတယ္။videoေလး မွ်ေဝၿပီး နာရီအခ်ိန္ပိုင္းအတြင္းမွာ ၾကည့္ရႈ႕သူ ၈ေထာင္ေက်ာ္ရွိသြၿပီျဖစ္တဲ့ တိုင္းေက်ာ္ရဲ႕ သီခ်င္းvideoေလးကိူ မၾကည့္ရႉရေသးတဲ့ ပရိတ္သတ္ႀကီးအတြက္ မွ်ေဝေပးလိုက္ရတယ္ေနာ္။

R Kar Moe – YaungChi

Source and Video Credit – Taingkyaw’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *