လူမှုကွန်ယက် စာမျက်နှာတွေ ကို အသုံး ပြုပြီး မြန်မာ့အရေး ကမ္ဘာသိအောင် ကြိုးပမ် းနေတဲ့ ဝတ်မှုံရွှေရည်

Posted on

သရုပ်ဆောင် မင်းသမီး ဝတ်မှုံရွှေရည် ကတော့ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာရော အခု (၂၀၂၁) မှ ာရော သူမရဲ့ အနုပညာလှုပ်ရှားမှု တော်တော်များများ ကို ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ ပြည်သူလူထုနဲ့အတူတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေပြီး ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ရွေးကောက်ခံအစိုးရအဖွဲ့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာပဲ ဖြစ်ပါတယ်။

ပြည်သူတွေနဲ့ တသားတည်းရှိနေတဲ့ ဝတ်မှုံရွှေရည် ကတော့ နေ့စဉ်နေ့တိုင်းလိုလို လမ်းပေါ်ထွက်ပြီး ဆန္ဒပြပြည်သူတွေ လိုအပ်တဲ့ မုန့်ပဲသရေစာနဲ့ ရေတို့ကို လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လူသိများတဲ့ သရုပ်ဆောင် မင်းသမီး တစ်ယောက်အနေနဲ့ ဖေ့စ်ဘုတ်၊ အင်စတာဂရမ်၊ တွစ်တာစတဲ့ လူမှုကွန်ယက်စာမျက်နှာတွေကို အသုံးပြုပြီး မြန်မာ့ပြည်တွင်း ရေးမှာဖြစ်ပျက်သမျှတွေကို နိုင်ငံတကာကသိအောင်လည်း ဝေမျှပေးနေတာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ ဒီမိုကရေစီလွတ်လပ်ရေး တောင်း ဆိုမှုကာလ မှာ ပြည်သူလူထု နဲ့ တစ်သွေးတည်း တစ်သားတည်း လှုပ်ရှားနေသူတစ်ယောာက်ပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

crd

zawgyi




crd

Leave a Reply

Your email address will not be published. Required fields are marked *